Connect with us

Hi, what are you looking for?

LuduNwayOo

ဆောင်းပါး

“ခေါင်းလောင်းသံတွေဆိတ်သုဥ်းသွားတဲ့ ဓမ္မကျောင်းတော်”

(​ရေဦးမြို့နယ် ၊ချမ်းသာရွာလယ်မှ 'ကောင်းကင်ဘုံသို့ ပင့်ဆောင်ခြင်းခံရသောမယ်တော်သခင်မ'ခရစ္စယာန်ဘုရားရှိခိုးကျောင်းကို စစ်​ကောင်စီတပ်က မီးရှို့ဖျက်ဆီးပြီး​​နောက်မြင်ကွင်း ။ဓါတ်ပုံ-People's Defense Comrade)
(​ရေဦးမြို့နယ် ၊ချမ်းသာရွာလယ်မှ 'ကောင်းကင်ဘုံသို့ ပင့်ဆောင်ခြင်းခံရသောမယ်တော်သခင်မ'ခရစ္စယာန်ဘုရားရှိခိုးကျောင်းကို စစ်​ကောင်စီတပ်က မီးရှို့ဖျက်ဆီးပြီး​​နောက်မြင်ကွင်း ။ဓါတ်ပုံ-People's Defense Comrade)

ခရစ္စယာန်ဘာသာဝင်များအဖို့ တနဂ်နွေနေ့တိုင်းသည် ထူးမြတ်သည်ချည်းပင်။ ထိုနေ့သည် ဗုဒ္ဓဘာသာဝင်များ၏ရှစ်ရက်၊ လပြည့်၊ လကွယ်ရက်များကဲ့သို့ ဘုရားသွား ကျောင်းတက်ပြုကြသည့် နေ့ဖြစ်၏။ အလားတူ ထိုနေ့လေးသည် အစ္စလာမ်ဘာသာဝင်များ အလာရှေ့မှောက် အရောက်သွားတတ်ကြသော သောကြာနေ့ကဲ့သို့ပင် နေ့မြတ်မဟာလည်း ဖြစ်သည်။

သို့သော် ယခုတစ်ပတ် တနဂ်နွေသည် ခရစ္စယာန်ဘာသာဝင်များအား ကောင်းချီးမဂ်လာများ ဆောင်ကျဥ်း မပေးနိုင်ခဲ့ပေ။ အထူးသဖြင့် ရေဦးမြို့နယ်ချမ်းသာရွာသူ၊ရွာသားများ၏ စိတ်နှလုံးကြေကွဲဖွယ်နေ့တစ်နေ့ဖြစ်ခဲ့လေသည်။

Public Service Announcement

Public Service Announcement

ယခင်ရက်သတ္တပတ်တွေက ယခုလို တနဂ်နွေမနက် အာ ရုံကျင်းချိန်တွင် ဘုရားကျောင်းမှ ဓမ္မခေါင်းလောင်းသံသာကို ကြားနာရပြီ။ သို့သော် ယနေ့မူ ဓမ္မကျောင်းတော်မှခေါင်းလောင်းသံမှာ ဆတ်သုဥ်းလျှက်ရှိနေသည်။ အသံသာသာ ခေါင်းလောင်းသံများ ဘဝဂ်တိုင်လွင့်ပျံ့ရမည့်အစား ဘုရားကျောင်း ခေါင်းလောင်းစဥ်ကြီးမှ မီးခိုးလုံးများသာအထက်သို့တလိမ့်လိမ့်တက်နေခဲ့ပါသည်။

(​ရေဦးမြို့နယ် ၊ချမ်းသာရွာလယ်မှ 'ကောင်းကင်ဘုံသို့ ပင့်ဆောင်ခြင်းခံရသောမယ်တော်သခင်မ'ခရစ္စယာန်ဘုရားရှိခိုးကျောင်းကို စစ်​ကောင်စီတပ်က မီးရှို့ဖျက်ဆီးပြီး​​နောက်မြင်ကွင်း ။ဓါတ်ပုံ-People's Defense Comrade)
(​ရေဦးမြို့နယ် ၊ချမ်းသာရွာလယ်မှ ‘ကောင်းကင်ဘုံသို့ ပင့်ဆောင်ခြင်းခံရသောမယ်တော်သခင်မ’ခရစ္စယာန်ဘုရားရှိခိုးကျောင်းကို စစ်​ကောင်စီတပ်က မီးရှို့ဖျက်ဆီးပြီး​​နောက်မြင်ကွင်း ။ဓါတ်ပုံ-People’s Defense Comrade)

အကြမ်းဖက်စစ်ကောင်စီတပ်သားများသည် ချမ်းသာရွာလယ်မှ ‘ကောင်းကင်ဘုံသို့ ပင့်ဆောင်ခြင်းခံရသော မယ် တော်သခင်မ’ ခရစ္စယာန်ဘုရားရှိခိုးကျောင်းအတွင်း ညအိပ်ကြပြီး နောက်နေ့မနက်တွင် ကျောင်းတော်အား မီးရှို့ဖျက်ဆီးခဲ့၍ ဖြစ်လေသည်။ ထို့ကြောင့် ၂၀၂၃ ခုနှစ်ဇန်နဝါရီ ၁၅ ရက်၊ တနဂ်နွေနေ့သည် ချမ်းသာရွာမှ ခရစ္စယာန်ဘာသာဝင်များအဖို့တစ်သက်မမေ့စရာ ဝမ်းနည်းဖွယ်နေ့စွဲတစ်ခု ဖြစ်ခဲ့ပါတော့သည်။ ချမ်းသာရွာသာမက နိုင်ငံတစ်ဝန်းရှိခရစ်ယာန်ဘာသာဝင်များ ၊ပြည်သူအများစု အဆိုပါသတင်းကိုကြားသိရသည်နှင့်ဝမ်းနည်းခဲ့ကြရ​လေသည်။

Public Service Announcement
Public Service Announcement

ဘုရားကျောင်းအတွင်းမှ ခေါင်းလောင်းစဥ်ကြီးမှာပေပေါင်း (၁၀၈)ပေမြင့်ပြီး အနီးဝန်းကျင် နှစ်မိုင်ပတ်ချာလည်မှလှမ်းမျှော်ကြည့်လျှင် မြင်တွေ့နိုင်သည်ဟု ဒေသ ခံများက နှမျောတသဖြစ်စွာ ပြောပါသည်။ စစ်ကောင်စီတပ်က ခေါင်းလောင်စဥ်ကြီးနှင့် ဘုရားရှိခိုးကျောင်းတို့ကို မီးတင်ရှို့တော့ ဒေသခံများမှာ ရွာအနီးတောထဲ၌ တိမ်းနေရချိန်ဖြစ်သည်။

“ကျွန်မတို့က မီးစရှို့ပြီ မီးခိုးလိပ်တက်ပြီဆိုထဲက သိလိုက်တာ။ ဘာလို့ဆိုတော့ ခေါင်းလောင်းစဥ်ကြီးက ဒီနတ်ရတန်း(တော)ကနေ ဘယ်နေရာကကြည့်ကြည့် လှမ်းမြင်နေရတာ။ အဲဒီမှာ ခေါင်းလောင်စဥ်ကြီးကြည့်ပြီးလူတွေက​ယောက်ယက်ခပ်သွားတော့တာ”ဟု ချမ်း သာရွာမှ ခရစ္စယာန်ဘာသာဝင်အမျိုးသမီး ဒေါ်သီတာက ပြောသည်။

Public Service Announcement

Public Service Announcement

မယ်တော်သခင်မဘုရားကျောင်းအား မီးရှို့ဖျက်ဆီး၍ စစ်ကောင်စီတပ်များ ပြန်ထွက်သွားချိန် မနက် ၇ နာရီခန့်တွင်တော့ ဒေါ်သီတာအပါအဝင် ချမ်းသာရွာသူရွားသားများ တိမ်းရှောင်နေရာက ရွာသို့ အပြေးကလေး ပြန်ခဲ့ကြသည်။ ရွာသူရွားသားအများစုမှာအိမ်သို့ တမ်းမပြန်နိုင်ကြပါ။ အခိုးအငွေ့တလူလူဖြင့် အလျှံတငြီးငြီးတောက်လောင်၍ တစတစပြိုကျပျက်စီးလာနေသော ကျောင်းတော်ကြီးကိုကြည့်ကာ မျက်ရည်တွေတွေ ကျကြရလေသည်။

(​ရေဦးမြို့နယ် ၊ချမ်းသာရွာလယ်မှ 'ကောင်းကင်ဘုံသို့ ပင့်ဆောင်ခြင်းခံရသောမယ်တော်သခင်မ'ခရစ္စယာန်ဘုရားရှိခိုးကျောင်းကို စစ်​ကောင်စီတပ်က မီးရှို့ဖျက်ဆီးပြီး​​နောက်မြင်ကွင်း ။ဓါတ်ပုံ-People's Defense Comrade)
(​ရေဦးမြို့နယ် ၊ချမ်းသာရွာလယ်မှ ‘ကောင်းကင်ဘုံသို့ ပင့်ဆောင်ခြင်းခံရသောမယ်တော်သခင်မ’ခရစ္စယာန်ဘုရားရှိခိုးကျောင်းကို စစ်​ကောင်စီတပ်က မီးရှို့ဖျက်ဆီးပြီး​​နောက်မြင်ကွင်း ။ဓါတ်ပုံ-People’s Defense Comrade)

▪︎ကျောင်းတော်ကြီး သမိုင်း

ရေဦးမြို့နယ် ချမ်းသာကျေးရွာရှိ မယ်တော်သခင်မဘုရားရှိခိုးကျောင်းကို မန္တလေးကစ်သလစ်သာသနာတော်က ၁၈၉၄ ခုနှစ်တွင် စတင်တည်ထောင်ပေးခဲ့ခြင်းဖြစ်သည်။ထို့ကြောင့် ကျောင်းတော်ကြီးမှာ ယခုနှစ် (၂၀၂၃)ဇန်နဝါရီတွင်သက်တမ်း (၁၂၈)နှစ်တင်းတင်း ပြည့်ခဲ့ပြီ ဖြစ်သည်။

ထိုကျောင်းတော်ဝန်းအတွင်း ဘုရားရှိခိုးဝတ်ပြုကျောင်း၊ စိန့်လောရှစ်ခန်းမဆောင်နှင့်အစည်းအဝေးပြုလုပ်ရာခန်းမဆောင်၊တိုက်တန်းရှည်သီလရှင်ကျောင်းဆောင်နှင့် ကျောင်းထိုင်ဆရာတော်သီတင်းသုံးသည့် ကျောင်း ဆောင်၊ လူငယ်စောင့်ရှောက်ရေး ဘော်ဒါဆောင်နှင့် နားရေးအခမ်းအနားပြင်ဆင်သည့်အဆောင်တို့မှာ မီးရှို့ဖျက် ဆီးခြင်း ခံလိုက်ရသည်ဟု ရွာသူ ရွာသားများက ရှင်းပြသည်။

ကျောင်းတိုက်အတွင်း မီးရှို့ဖျက်ဆီးမခံရဘဲကျန်နေရစ်သည်မှာ သခင်မအုတ်ဂူနှင့် သာရေးနာရေးအခမ်းအနားများရှိလျှင် ချက်ပြုတ်ပြင်ဆင်သည့် စားဖိုဆောင် ထိုနှစ်ခုသာ ကျန်ရစ်သည်ဟု ဆိုပါသည်။

စစ်ကောင်စီတပ်များ မီးရှို့ဖျက်ဆီးလိုက်သည့် ဘုရားရှိ ခိုးကျောင်းကြီးမှာ ချမ်းသာရွာသားများဖြစ်သည့် ဦးသက်နံ၊ ဒေါ်ရွှေပွင့် ဇနီးမောင်နှံက ဆောက်လုပ်လှူဒါန်းထားသည့် ကျောင်းတော်လည်း ဖြစ်သည်။ ထိုကျောင်းတော် ဝတ်ပြုခန်းမသည် လူ (၁၅)ဦးဆံ့ ခုံတန်းလျားရှည် အလုံး (၅၀)ခန့် ဝင်ဆံ့သည်ဟု ဒေသခံများက ဆိုပါ သည်။

ထိုကျောင်းတော်ကြီးနှင့် အဆောက်အဦပေါင်းများစွာမှာ စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် ရစရာမရှိအောင် ပြိုကျပျက်စီးခဲ့ရပြီ ဖြစ်လေသည်။

“ကျွန်မတို့အိမ်တွေပါသွားတာတစ်ချီတောင်မဟုတ်ဘူး။ နှစ်ချီရှိပြီ။ ယခုတတိယအချီမှာသာလွတ်သွားတာ။ ဒါပေမဲ့ အဲဒီနှစ်ချီမှာ ဘယ့်နှယ်မှ မခံစားရဘူး။ ဘယ့်နှယ်မှလဲ မနေဘူး။ ဒီဘုရားကျောင်းဆောင်ကြီး ပါသွားတဲ့အခါကြတော့ ဘုရားကျောင်းမှမဟုတ်ဘူး ဒီအထဲကဘုန်းကြီးကျောင်း၊ သီလရှင်ဆောင်၊ ခန်းမဆောင်အကုန် ရစ ရာမရှိအောင်ပါသွားတာ ကျွန်မတို့ကို အရှင်လတ်လတ် အသဲနှလုံးတွေနှုတ်ယူခံလိုက်ရသလိုပဲ”ဟု ချမ်းသာရွာသူ မသီတာက ရင်ဖွင့်သည်။

အသက် (၄၇)နှစ်အရွယ်မသီတာ၏အစ်မဝမ်းကွဲတစ်ဦးဆိုလျှင့် ယခုကဲ့သို့ ဘာသာရေးအဆောက်အဦများ မီးရှို့ဖျက်ဆီးခံလိုက်ရသည့် သတင်းဆိုးကြောင့် သွေးများတိုးကာ အိပ်ယာထက် လှဲနေရသည်အထိ နာကျင်ခံစားရသည်ဟုမသီတာက ​​ပြော​လေသည်။

(​ရေဦးမြို့နယ် ၊ချမ်းသာရွာလယ်မှ 'ကောင်းကင်ဘုံသို့ ပင့်ဆောင်ခြင်းခံရသောမယ်တော်သခင်မ'ခရစ္စယာန်ဘုရားရှိခိုးကျောင်းကို စစ်​ကောင်စီတပ်က မီးရှို့ဖျက်ဆီးပြီး​​နောက်မြင်ကွင်း ။ဓါတ်ပုံ-People's Defense Comrade)
(​ရေဦးမြို့နယ် ၊ချမ်းသာရွာလယ်မှ ‘ကောင်းကင်ဘုံသို့ ပင့်ဆောင်ခြင်းခံရသောမယ်တော်သခင်မ’ခရစ္စယာန်ဘုရားရှိခိုးကျောင်းကို စစ်​ကောင်စီတပ်က မီးရှို့ဖျက်ဆီးပြီး​​နောက်မြင်ကွင်း ။ဓါတ်ပုံ-People’s Defense Comrade)

▪︎သုံးကြိမ် မီးရှို့ခံရတဲ့ ချမ်းသာရွာ

စစ်ကောင်စီတပ်က ချမ်းသာရွာကိုယခုမှမီးရှို့ဖျက်ဆီးသည်မဟုတ်။ ပြီးခဲ့သည့်နှစ် (၂၀၂၂)ဇွန်လ ၈ ရက်တွင် ပထမအကြိမ် မီးရှို့ဖျက်ဆီးခဲ့ပြီး နေအိမ် (၂၁)လုံး မီး လောင်ဆုံးရှုံးခဲ့သည်။ ထိုစဥ်က မယ် တော်သခင်မ ဘုရားကျောင်းအတွင်း စစ်ကောင်စီတပ်များဝင်ရောက်ခဲ့ပြီးကျောင်းထိုင်ဆရာတော်သီတင်းသုံးသည့် ကျောင်းဆောင်မှ မှန်တံခါးများကို ပင်ရိုက်ခွဲသွားခဲ့သေးသည်။

အလားတူ ဇူလိုင်လ ၇ ရက်တွင် ချမ်းသားရွာ ဒုတိယအကြိမ် မီးရှို့ခံရပြီး နေအိမ် (၁၁၂)လုံး မီးထဲပါသွားခဲ့ပြန်သည်။ ယခု ဇန်နဝါရီ ၁၅ ရက်နေ့ မီးရှို့ခံရမှုမှာ တ တိယအကြိမ်ဖြစ်ပြီး ဘုရားကျောင်းအပါအဝင် နေအိမ် (၁၀၀)ကျော် မီးလောင်ဆုံးရှုံးခဲ့ကြောင်း ဒေသခံများက ပြောပါသည်။ ထို့ကြောင့် အိမ်ခြေ (၃၀၀)ကျော်ရှိသော ချမ်းသာရွာမှာ ရွာလုံးကျွတ်နီးပါး မီးလောင်တိုက်သွင်းခံခဲ့ရခြင်း ဖြစ်လေသည်။

“ရွာထဲ မီးရှို့ခံရတဲ့အိမ်တွေပြောပါဆိုရင်တော့ ရေ သောက်ပြီး ပြောမှရမယ်။ အကုန်ပါသွားတော့မောလွန်းလို့။ မီးထဲမပါတဲ့အိမ်ပြောပါဆိုရင်တော့ လက်ချိုးရေလို့ လွယ်သေးတယ်”ဟု မသီတာက ရင်ဖွင့်သည်။

မသီတာတို့ မိသားစုဆိုလျှင် ပထမအကြိမ် ရွာမီးရှို့ခံရစဥ်ကတည်းက နေစရာအိမ် မီးထဲပါသွားခဲ့သည်။ ထို့ကြောင့် ကျပ်သိန်း (၅၀)ထက်မနည်း ဆုံးရှုံးခဲ့၏။ ယင်းနောက် ကျပ် (၁၅)သိန်းခန့်အကုန်အကျခံ၍ နေဖြစ်ရုံအိမ်လေးတစ်လုံး ပြန်ဆောက်ခဲ့ရာ ဒုတိယအကြိမ် မီးရှို့ဖျက်ဆီးခံရမှုတွင် ပါသွားခဲ့ပြန်သည်။

ယခုတတိယအကြိမ်တွင်လည်း ဆောက်ပြီးတာ (၈)ရက်ခန့်သာရှိသေးသည့် အိမ်လေး မီးထဲပါသွားပြီလားဆို သည်ကိုပင် မတွေးတောနိုင်ခဲ့ပါ။ အကြောင်းမှာ သက် တမ်းရင့် သမိုင်းဝင်ဘုရားရှိခိုးကျောင်းကြီး မီးရှို့ဖျက်ဆီးခံလိုက်ရသည့် သောကကြောင့် ကိုယ်အပူကိုယ်ပင် မေ့ လျော့နေခဲ့သည်ဟု သူက ဆိုပါသည်။

ယခုအကြိမ်တွင် အာစီတစ်ထပ်တိုက်တစ်လုံး မီးထဲပါ သွားသည့် ဒေါ်သူဇာဆိုလျှင်လည်း မီးလောင်ပြင်မှ အပျက်အစီးများကို သွားရောက်သိမ်းဆည်းနိုင်ခြင်း မရှိခဲ့ပါပေ။ အဘယ်ကြောင့်ဆိုလျှင် ဘုရားကျောင်းအတွင်းမီးခိုတလူလူထွက်နေသေးသည့် မီးကြွင်းမီးကျန်များကို အခြားရွားသူရွာသားများနှင့်အတူ သွားရောက်ငြှိမ်းသတ်နေရ၍ ဖြစ်ပါသည်။

ဆိုရလျှင် စစ်ကောင်စီတပ်သည် ဒေသအနှံ့မှ ပြည်သူပိုင်အိုးအိမ်၊ အဆောက်အဦများကို မီးရှို့ဖျက်ဆီးရုံမျှမက ဘာသာရေးအဆောက်အဦများကိုပါ ပစ်မှတ်ထားမီးရှို့ဖျက်ဆီး​နေသည်မှာ အချိန်ကြာလာ​လေပိုအတင့်ရဲ ရမ်းကားလာ​လေပင်ဖြစ်၏ ။

(​ရေဦးမြို့နယ် ၊ချမ်းသာရွာလယ်မှ 'ကောင်းကင်ဘုံသို့ ပင့်ဆောင်ခြင်းခံရသောမယ်တော်သခင်မ'ခရစ္စယာန်ဘုရားရှိခိုးကျောင်းကို စစ်​ကောင်စီတပ်က မီးရှို့ဖျက်ဆီးပြီး​​နောက်မြင်ကွင်း ။ဓါတ်ပုံ-People's Defense Comrade)
(​ရေဦးမြို့နယ် ၊ချမ်းသာရွာလယ်မှ ‘ကောင်းကင်ဘုံသို့ ပင့်ဆောင်ခြင်းခံရသောမယ်တော်သခင်မ’ခရစ္စယာန်ဘုရားရှိခိုးကျောင်းကို စစ်​ကောင်စီတပ်က မီးရှို့ဖျက်ဆီးပြီး​​နောက်မြင်ကွင်း ။ဓါတ်ပုံ-People’s Defense Comrade)

▪︎ပစ်မှတ်ထားခံလာရတဲ့ ဘာသာရေးအဆောက်အဦတွေ

ရွှေဘိုခရိုင် ရေဦးမြို့နယ်နှင့် ရွှေဘိုမြို့နယ်တစ်ခုတည်း၌ပင် စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့သည့် ဘာသာရေးအဆောက်အဦ လေးခုထက်မနည်းရှိနေကြောင်း ဒေ သခံများထံမှ စုံစမ်းသိရသည်။ ထိုအရေအတွက်မှာ စုံ စမ်းရသမျှသာဖြစ်ပြီး မြေပြင်အခြေအနေမှာ ယခုထက်ပိုနိုင်ပါသည်။

ကရင်နီပြည်နယ် ၊ချင်းပြည်နယ်ရှိခရစ်ယာန်ဘာသာ​ရေးအ​ဆောက်အအုံများစွာကိုလည်းစစ်​ကောင်စီတပ်ကမီးရှို့ဖျက်ဆီခြင်း ၊လက်နက်ကြီးဖြင့်ပစ်ခတ်ခြင်းတို့ဖြင့် ပြည်သူများ၏ အထွဋ်အမြတ်ထားရာ​နေရာများကို ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးခဲ့ကြသည်။

ဖျက်ဆီးခံခဲ့ရသော ဘာသာရေးအဆောက်အဦများတွင် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်တွင် ရေဦးနယ် ချောင်းရိုးရွာမှ ခရစ္စယာန်ဘုရားကျောင်း တရားဟောစဥ်နှင့် သက်န်းအချို့ မီးရှို့ခံခဲ့ရသည်။

ထိုစဥ်က စစ်ကောင်စီတပ်များသည် ဘုရားကျောင်းအ တွင်း တပ်စွဲကာ ကျောင်းမှ ထွက်ခါနီးတွင် ကျောင်းထိုင် ဆရာတော်၏ ကိုယ်ရုံသက်န်းအား မီးစာအဖြစ်သုံး၍ တရားဟောစဥ်ပေါ်ပစ်တင်ကာ မီးရှို့ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ဆိုပါသည်။

ထို့အပြင် ဒီဇင်ဘာ ၁ ရက်နေ့ထဲက ရေဦးနယ်ထဲ စစ် ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်သည် မုံလှရွာရှိ ခရစ္စယာန်ဘုရားကျောင်းအား မီးရှို့ဖျက် ဆီးခဲ့ပါသေးသည်။ သို့သော် ဘုရားသခင်၏အလိုတော်အတိုင်းဟု ဆိုရမည်ထင်သည်။ မုံလှဘုရားကျောင်းမှာ မီးကျွမ်းသည်အထိ အခြေအနေမဆိုးခဲ့ပေ။

ယင်းစစ်ကြောင်းသည် မုံလှသို့မဝင်မီ ကျောက်တိုင်ကျည်စုရွာသို့ အလျင်ဝင်ရောက်မီးရှို့ခဲ့ပါသည်။ ထိုကျောက်တိုင်ကျည်စုမှာ အစ္စလာမ်ဘာသာဝင်ရော၊ ဗုဒ္ဓ ဘာသာဝင်များပါ နေထိုင်သည့် ကျေးရွာကြီးတစ်ရွာဖြစ်သည်။ ထိုစဥ်က စစ်ကောင်စီတပ်များသည် လူနေ အိမ်များကို ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးသည့်အပြင် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းနှင့် ပလီတို့ကိုပါ ဖျက်ဆီးခဲ့ကြောင်း ဒေသခံများက ပြောသည်။ ကံ ကောင်းသည်ဟုဆိုရမည်မှာ ပလီမှာ ပျက်စီးသွားခြင်း မရှိခဲ့ပါပေ။

အထက်ပါဖြစ်စဥ်များထက် ပိုမိုရုပ်ဆိုးအကျည်းတန်သည်ဟုဆိုနိုင်သည့် ဘာသာရေးနှင့်ဆိုင်သော ဖြစ်ရပ်တစ်ခုမှာ ပြီးခဲ့သည့် ရက်ပိုင်းကမှ ပူပူနွေးနွေး ဖြစ်ပွားခဲ့ပါသေးသည်။ ယင်းဖြစ်ရပ်မှ အခြားမဟုတ်ပါ။ စာတတ် ပေတတ် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတစ်ပါးအား စစ်ကောင်စီတပ်က ကျောင်းပေါ်တက်၍ ရက်ရက်စက်စက်ပစ်သတ်ခဲ့ခြင်း ဖြစ်သည်။

စစ်ကိုင်းမြို့နယ် ဒီပဲယင်းကွဲရွာမှ ကျောင်းထိုင် ဆရာ တော် အရှင်ဂန္ဓသာရနှင့် ပြည်သူသုံးဦးကို စစ်ကောင်စီတပ်က ယခုနှစ် (၂၀၂၃)ဇန်နဝါရီ ၆ ရက်က ကျေးရွာအတွင်း ဝင်ရောက်သတ်ဖြတ်သွားခြင်း ဖြစ်၏။ စစ်ကောင်စီတပ်၏ သတ်ဖြတ်ခြင်းကိုခံခဲ့ရသော ဆရာတော်မှာ သီတဂူဗုဒ္ဓတက္ကသိုလ်၏ နာယက ဆရာတော်တစ်ပါးဖြစ်ကာ ဂုဏ်ထူးတန်းဘွဲ့ရ စာချဆရာတော်တစ်ပါးလည်းဖြစ်သည်ဟု ဆိုကြသည်။

လက်ရှိအခြေအနေတွင် စစ်ကိုင်းတိုင်းတစ်ခုလုံးနီးပါးရှိ ဒေသခံပြည်သူများမှ စစ်ကောင်စီရန်ကြောင့် ဘေးလွတ်ရာ ပြေးနေရရုံမျှ မဟုတ်တော့ဘဲ ဘာသာရေးခေါင်း ဆောင်များပါ ပြေးလွှားရှောင်ပုန်းနေကြရခြင်း ဖြစ်လေသည်။

ယမန်နေ့(ဇန်နဝါရီ ၁၅)က စစိကောင်စီတပ်၏ မီးရှို့ဖျက် ဆီးခြင်းကို ခံခဲ့ရသော မယ်တော်သခင်မဘုရားကျောင်းမှ ကျောင်းတိုင်ဆရာတော်သည်ပင် ကျောင်းတိုက်ကြီးမီးသင့်ပြီးမှသာ ကျောင်းဝန်းထဲ ခြေချနိုင်ခဲ့သည်။ သူသည်လည်း ကျေးရွာသူကျေးရွာသားများနှင့်အတူ ဘေးလွတ်ရာ တိမ်းနေရ၍ ဖြစ်၏။

“ဆရာတော်ကိုလည်း ကျွန်တော်တို့ မထားခဲ့နိုင်ဘူး။ ဒီကောင်တွေက ဘုန်းကြီးရယ်ဘာရယ် သိတာမဟုတ်ဘူး။ ဒူးဖက်တောင်းပန်လို့လည်း ရမယ့်အစားတွေမဟုတ်တော့ ရွာသားတွေနဲ့ အတူခေါ်ထားရတယ်”ဟု ရေဦးနယ် ချမ်း သာရွာမှ ရပ်မိရပ်ဖတစ်ဦးက ပြောပါသည်။

ဆရာတော်နှင့် သီလရှင်ဆရာလေးများသာ ပြေးလွှားရှောင်ပုန်းနေရသည်မဟုတ် ယခုမူ ပြီးခဲ့သည်အပတ် တနဂ်နွေနေ့ကပင် ဘာသာဝင်များစုရုံး၍ ဝတ်ပြုစုတောင်းရာ ချမ်းသာရွာမှ သခင်မ ကျောင်းတော်ကြီးမှာလည်းဖရိုဖရဲနှင့် အပျက်အစီးပုံကြီး ဖြစ်ခဲ့လေပြီ။

ထို့ကြောင့် စစ်မစ်ရေးရာများ တင်းမာနေသည့်ကြားမှ မနက်တိုင်းကြားနာနေကြ ဓမ္မခေါင်းလောင်းသံကို ချမ်း သာရွာပြည်သူများ ကြားနိုင်တော့မည် မဟုတ်တော့ပေ။ သမ္မာကျမ်းစာလာ ဘုရားသခင်၏ နှုတ်ခပတ်တော်များဖြင့်လည်း ညီညာဖျဖျ ချီးမွမ်းနိုင်ကြတော့မည် မဟုတ်ပါပေ။

ဆိုရလျှင် ဓမ္မတေးသံများ လွင့်ပျံ့လာမည့်ဘုရားရှိခိုးကျောင်းတော်ကြီးနှင့် ဓမ္မခေါင်းလောင်းသံတို့မှာ မည်မျှကြာအောင် ဆိတ်သုဥ်းနေဦးမည်ကို ချမ်းသာရွာသူရွာသားများမှန်းဆနိုင်ဦးမည်မဟုတ်​​ပေ။ ။