Connect with us

Hi, what are you looking for?

LuduNwayOo

ဆောင်းပါး

“တစ်ပြည်လုံးအနှံ့ ပန်းတွေ​ဝေခဲ့တဲ့လူထု​ခေါင်း​ဆောင်​မွေး​နေ့”

ဒေါ်ဖြူဖြူထက် လေးနှစ်သာကြီးသည့်၊ရွယ်တူတန်းတူလူကြီးသူမများကပင် အမေစုဟု တရိုတသေခေါ်လေ့ရှိသည့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ လူထုဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ ဇွန်လ ၁၆ ရက်နေ့တွင် အသက် ၇၈ နှစ် ပြည့်ခဲ့ပြီဖြစ်သည်။

(​တော်လှန်ပြည်သူများ၊​တော်လှန်​ရေးအင်အားစုများက ပန်းသပိတ်ကို ပုံစံမျိုးစုံဆင်နွှဲ​နေကြစဥ်။ဓါတ်ပုံ-CJ)
(​တော်လှန်ပြည်သူများ၊​တော်လှန်​ရေးအင်အားစုများက ပန်းသပိတ်ကို ပုံစံမျိုးစုံဆင်နွှဲ​နေကြစဥ်။ဓါတ်ပုံ-CJ)

မန္တလေးမြို့က အသက် ၇၄ နှစ်အရွယ် ဒေါ်ဖြူဖြူတစ်ယောက် ယနေ့ဇွန်လ ၁၉ ရက်နေ့နံနက်လင်းလျှင်လင်းချင်း စပယ်ပန်းတစ်ကုံးဝယ်ကာ သူ့ တိုနံ့နံ့ ဆံသားဖြူဖြူများပေါ်တွင် တင်လိုက်သည်။ ပန်းပန်နေကျမဟုတ်သည့် ​ဒေါ်ဖြူဖြူတစ်ယောက် ပန်းတွေဝေနေအောင်ပန်ထား၍ အိမ်နီးနားချင်းတွေက အထူးအဆန်းလိုသဘောထားကြည့်နေကြသည်။

အိမ်နီးချင်းအမျိုးသမီးတစ်ယောက်က မေးတော့ “ဒီနေ့အမေစုမွေးနေ့ ပန်းသပိတ်ရှိတယ်လေ။”ဟု ဒေါ်ဖြူဖြူပြန်ဖြေလိုက်လေသည်။

(​တော်လှန်ပြည်သူများ၊​တော်လှန်​ရေးအင်အားစုများက ပန်းသပိတ်ကို ပုံစံမျိုးစုံဆင်နွှဲ​နေကြစဥ်။ဓါတ်ပုံ-CJ)
(​တော်လှန်ပြည်သူများ၊​တော်လှန်​ရေးအင်အားစုများက ပန်းသပိတ်ကို ပုံစံမျိုးစုံဆင်နွှဲ​နေကြစဥ်။ဓါတ်ပုံ-CJ)

ဒေါ်ဖြူဖြူထက် လေးနှစ်သာကြီးသည့်၊ရွယ်တူတန်းတူလူကြီးသူမများကပင် အမေစုဟု တရိုတသေခေါ်လေ့ရှိသည့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ လူထုဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ ဇွန်လ ၁၆ ရက်နေ့တွင် အသက် ၇၈ နှစ် ပြည့်ခဲ့ပြီဖြစ်သည်။

ဒေါ်ဖြူဖြူတို့လို သက်ကြီးရွယ်အိုအမျိုးသမီးများအပါအဝင် လူငယ်လူလတ် အမျိုးသမီးများကပါ ဦးခေါင်းတွင် ပန်းပန်ရင်း ပန်းသပိတ်ကိုပါဝင်ဆင်နွှဲခဲ့ကြသည်။

Public Service Announcement

Public Service Announcement

မြန်မာပြည်ရှိ စစ်ခေါင်းဆောင်များ၏ ဒုက္ခပေးမှုကို ဘဝတလျှောက်လုံး ခံခဲ့ရသည့် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့မွေးနေ့တွင်လည်း ပူလောင်အိုက်စက်လှသည့် နေပြည်တော်ရှိ အကျဥ်းထောင် အခန်းတစ်ခုအတွင်း၌ အကျဥ်းချခံထားရသည်။

မွေးနေ့ရှင်လူထုခေါင်းဆောင် ပြင်ပ၌မရှိသော်လည်း သူ၏ မွေးနေ့ကို နေရာပေါင်းများစွာ လူပေါင်းများစွာက ကျင်းပပေးနေကြသည်။

(​တော်လှန်ပြည်သူများ၊​တော်လှန်​ရေးအင်အားစုများက ပန်းသပိတ်ကို ပုံစံမျိုးစုံဆင်နွှဲ​နေကြစဥ်။ဓါတ်ပုံ-CJ)
(​တော်လှန်ပြည်သူများ၊​တော်လှန်​ရေးအင်အားစုများက ပန်းသပိတ်ကို ပုံစံမျိုးစုံဆင်နွှဲ​နေကြစဥ်။ဓါတ်ပုံ-CJ)

နေ့စဥ်စစ်ကြောင်းထိုးမီးရှို့သတ်ဖြတ်နေသည့် စစ်ကိုင်းတိုင်းတွင် လူထုခေါင်းဆောင်မွေးနေ့ပွဲအား နေရာဒေသအသီးသီး၌ ကျင်းပခဲ့ကြသည်။

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် စစ်ကောင်စီတပ်က ရေဦးမြို့ဘက်မှ စစ်ကြောင်းထိုးလာသည့်ကြားက ဒေသခံပြည်သူများသည် လူထုခေါင်းဆောင်မွေးနေ့အထိမ်းအမှတ် ဆုတောင်းသပိတ်ပြုလုပ်ခဲ့သည်။

သက်ကြီးရွယ်အို အဘွားများက ဦးဆောင်ပြီး မေတ္တာသုတ်နှင် မောရသုတ် ပရိတ်တော်များရွတ်ဖတ်ပူဇော်ပြီး အမေစု ကျန်းမာပါစေ အမေစု သက်တော်ရာကျော်ရှည်ပါစေ အမေစု အချုပ်အနှောင်ဘေးမှ အမြန်ဆုံး လွတ်မြောက်ပါစေဟု ဆုတောင်းခဲ့ကြသည်။ ကျောင်းသားလူငယ်များကလည်း ဆုတောင်းသပိတ်ထပ်မံပြုလုပ်ခဲ့ကြသည်။

စစ်ကိုင်းတိုင်းရှိ မြို့ပေါ်နှင့်ကျေးလက်ရှိ ပြည်သူများ၊ ကျောင်းသားများ၊ တက်ကြွလှုပ်ရှားသူများ၊ တောထဲတောင်ထဲရောက်နေသည့် တော်လှန်ရေးအင်အားစုများကလည်း ပန်းသပိတ်များ ပြုလုပ်ခဲ့ကြသည်။

ဇီးရိုးပြောက်ကျားတပ်ဖွဲ့၊ကျွန်းလှမြို့နယ်သပိတ်ကော်မတီနှင့်လူငယ်များ၊မုံရွာ-အမြင့်လမ်း ကျေးရွာများ သပိတ် စစ်ကြောင်း၊၅/လက်ပံတောင်း သပိတ်စစ်ကြောင်း၊ရွှေဘိုခရိုင်တပ်ရင်း (၂၁)၊ စစ်ကိုင်းခရိုင် တပ်ရင်း အမှတ် ၄၊ တောင်ပိုင်းတိုင်း KNLA တပ်ခွဲ ၂၀၁ တပ်ရင်း၊ မြောင်မြို့နယ်အခြေစိုက် MSPDFအဖွဲ့၊ တောကြီးမြွေပွေး တပ်ဖွဲ့၊ ပုလဲမြို့နယ် ကျေးရွာပေါင်းစုံမှ ပြည်သူများ၊ ယင်းမာပင်မြို့နယ်၊ လူငယ်အားမာန် သပိတ်စစ်‌ကြောင်း၊ ဘုတလင်မြို့နယ် လူထု သပိတ်စစ်ကြောင်း၊ ချောင်းဦးမြို့နယ်လူငယ် အင်အားစု သပိတ်ကော်မတီ၊ မုံရွာမြို့နယ်ရှိ တော်လှန်လူငယ်များ စသည့်အဖွဲ့များကလည်း လူထုခေါင်းဆောင် မွေးနေ့အထိမ်းအမှတ်အဖြစ် တော်လှန်ရေးရဲဘော်များက နှင်းဆီပန်းများပန်ဆင်ခြင်း၊ ဆုတောင်းစာသားများဖြင့် ကိုင်ဆောင်ဆန္ဒပြခြင်းများ ပြုလုပ်ခဲ့ကြသည်။

ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အဖမ်းဆီးခံ သူရဲကောင်းများအားလုံး ကျန်းမာစေကြောင်း ဆုတောင်းမေတ္တာပို့ခြင်း၊ “ဗေဒါပျံအံကိုခဲ ပန်းပန်လျက်ပဲ” စာသားကိုင်ဆောင်ခြင်း၊ မွေးနေ့ ဂုဏ်ပြုကဗျာအား ချိတ်ဆွဲခြင်းများ ပြုလုပ်ခဲ့ကြသည်။

စစ်ကိုင်းတိုင်းအခြေစိုက် S&C စစ်ဘေး ကူညီရေးအဖွဲ့ကလည်း လူထုခေါင်းဆောင်မွေးနေ့အထိမ်းအမှတ်အဖြစ် ဒီပဲယင်းမြို့နယ်ရှိ စစ်​ဘေး​ရှောင်​ကျောင်းသား/ကျောင်းသူများနှင့်အတူ ပန်းသပိတ်ပြုလုပ်ပြီး ကြာဇံဟင်းခါး ကျွေးမွေးခဲ့သည်။ထို့အပြင် S&C အဖွဲ့က ရွေးချယ်ပေးထားသည့် လူမှုထူးချွန်ဆု ရရှိသူ ၅ ဦးကိုလည်း ရွှေရင်ထိုးများဆုချပေးခဲ့သည်။

မြင်းမူအခြေစိုက် DKPDF-MMU အဖွဲ့ကမူ မြင်းမူမြိို့တွင်းသို့ ဝင်ရောက်၍ စျေးအနီးတွင်လူထုခေါင်းဆောင်မွေးနေ့လက်ကမ်းစာစောင်များ ကြဲခဲ့သည်။

ယင်းမာပင်တွင် ယမန်နေ့က အကြိုပန်းသပိတ်ပြုလုပ်ပြီး တော်လှန်သီချင်း သီဆိုခြင်း၊ တေးသရုပ်ဖော် ကပြခြင်းများ ပြုလုပ်ခဲ့သည်။

ဝက်လက်မြို့နယ်တွင် နွားလှည်းများဖြင့် ပန်းများစီရီခြယ်သထားသည့် ပန်းသပိတ်ကို ယနေ့နံနက်ပိုင်းတွင် ချီတက် လှည့်လည်ကြသည်။

ဆားလင်းကြီးမြို့နယ်တွင် အညာပစ်တိုင်းထောင်လေးများအဖွဲ့က ယနေ့ ဇွန်လ ၁၉ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ အထိမ်းအမှတ် အဖြစ် စစ်ဘေးရှောင် ပြည်သူ ၁၅၀၀ ကို အစားအသောက်များ ကျွေးမွေးလှူဒါန်းခဲ့သည်။

စစ်ကောင်စီတပ်အား ခုခံတော်လှန်မှုအားကောင်းနေသည့် မကွေးတိုင်းတွင်လည်း လူထုခေါင်းဆောင်မွေးနေ့အခမ်းအနားများ ပြုလုပ်ခဲ့ကြသည်။

အမှတ် ၁ စစ်ဒေသ၊ ပခုက္ကူခရိုင် တပ်ရင်းအမှတ် ၁၇ ပြည်သူ့ ကာကွယ်ရေး တပ်မတော် မဟာမိတ်တပ်ပေါင်းစု – Middle Revolution Task Force – MRTF တပ်ခွဲ ၂၊ ပခုက္ကူခရိုင် အမှတ် ၁၄ တပ်ရင်း၊ ပခုက္ကူလူထုတိုက်ပွဲကော်မတီ နှင့် ဒေသ ကာကွယ်ရေး တပ်ဖွဲ့များ ဖြစ်သော ပခုက္ကူမြို့နယ်ပကဖတပ်ခွဲ(၁)၊ ပခုက္ကူမြို့နယ်ပကဖတပ်ခွဲ(၂) Young Force UG နှင့် ပခုက္ကူမြို့နယ်ပကဖတပ်ခွဲ(၃)Pakokku Special Task Force စသဖြင့် များပြားလှ​သော ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့များကလည်း လူထုခေါင်းဆောင်မွေးနေ့ပွဲများ ကျင်းပခဲ့ကြသည်။

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဆောမြိုနယ်၊ ယောဒေသရှိ အထက်တန်းကျောင်းတကျောင်းတွင် လူထု​ခေါင်းဆောင်မွေးနေ့ကို တောပန်းလေးများဖြင့် အလှဆင်ကာ ပန်းသပိတ်ပြုလုပ်ခဲ့သည်။

အမှတ် ၁ စစ်ဒေသရှိ မကွေးခရိုင် အမှတ် ၁ တပ်ရင်း၊ မကွေးတိုင်း၊ ချောက်မြို့နယ်အခြေစိုက် C.G.F (ချောက်မြို့နယ်ပြောက် ကျားတပ်ဖွဲ့) နှင့် ချောက် (ပ.က.ဖ) အဖွဲ့၊ ၊ မြိုင်မြို့နယ် Royal Defence Force (MYG)အဖွဲ့၊ပကဖတပ်ခွဲ(၁)၊ ပကဖတပ်ခွဲ(၂) Young Force UG ၊ ပကဖတပ်ခွဲ(၃) Pakokku Special Task Forceတို့က ပြည်သူများနှင့်အတူ ပန်းသပိတ်ပြုလုပ်ခဲ့ပြီး ပြည်သူများအား ပန်းများ လိုက်လံဝေငှခဲ့သည်။

မကွေးမြို့နယ်အခြေစိုက် Golden Eagle Myaylatt အဖွဲ့ကလည်း မကွေးမြို့၊ ကံသာကန်ဘောင်တောင်ဘက်ပေါက်တွင် မွေးနေ့အထိမ်းအမှတ်အဖြစ် ပန်းသပိတ်နှင့် ပိုစတာကမ်ပိန်း ပြုလုပ်ခြင်း၊ ဆွမ်းကပ်ခြင်းများ ပြုလုပ်ခဲ့သည်။

စလင်းမြို့နယ်အတွင်းရှိပြည်သူ လူထုနှင့်အတူ မင်းဘူးခရိုင်အမှတ် ၁ တပ်ရင်း (စလင်း)မှ လုံ ခြုံရေးအပြည့်ဖြင့်လိုက်ပါချီတက်ကာ ဆန္ဒထုတ်ဖော်ခဲ့သည်။

(​တော်လှန်ပြည်သူများ၊​တော်လှန်​ရေးအင်အားစုများက ပန်းသပိတ်ကို ပုံစံမျိုးစုံဆင်နွှဲ​နေကြစဥ်။ဓါတ်ပုံ-CJ)
(​တော်လှန်ပြည်သူများ၊​တော်လှန်​ရေးအင်အားစုများက ပန်းသပိတ်ကို ပုံစံမျိုးစုံဆင်နွှဲ​နေကြစဥ်။ဓါတ်ပုံ-CJ)

မိတ္ထီလာခရိုင် အမှတ် ၂ တပ်ရင်း၊ မန္တလေးခရိုင် တပ်ရင်း ၃ ABRF၊ မန္တလေးတိုင်း စဥ့်ကိုင်မြို့နယ်တွင် LPDF SINTGAING တပ်ဖွဲ့၊ သပိတ်ကျင်းအခြေစိုက် သပိတ်ကျင်းပကဖအဖွဲ့နှင့် မြင်းခြံခရိုင် အခြေစိုက် နောင်ရိုးအထူးပြောက်ကျားတပ်အဖွဲ့တို့ကလည်း ၎င်းတို့ဒေသများတွင် ပန်းသပိတ်ပြုလုပ်ခဲ့သည်။

တောင်ပိုင်းတိုင်း နဂါးနီစစ်ကြောင်း တပ်ခွဲ Revolution Armed Force – TS က ယနေ့ ဇွန်လ ၁၉ ရက်နေ့၌ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ အဖြစ် ပန်းသပိတ် ပြုလုပ်ခဲ့သည်။

ကချင်ပြည်နယ်တွင် အားမာန်သစ် အမျိုးသမီးများ သမဂ္ဂမှ ဦးဆောင်၍ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အမှတ်တရ သပိတ်ပြုလုပ်ခဲ့ကြသည်။

ထို့အပြင် တနင်္သါရီတိုင်း လောင်းလုံးမြို့နယ်တွင်လည်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ LLPDF တပ်ဖွဲ့က ရဲဘော်များက ဒေါ်အောင်ဆန်းစုကြည်၏ ၇၈ နှစ်ပြည့် မွေးနေ့ပွဲ ကျင်းပပြုလုပ်ခဲ့ကြသည်။

ရန်ကုန်မြို့ပြတွင်လည်း မွေးနေ့အထိမ်းအမှတ် ဆန္ဒပြခြင်းများ ပြုလုပ်ခဲ့ကြသည်။

သာကေတမြို့နယ် အခြေခံပညာ ကျောင်းသားများ သပိတ်ကော်မတီနှင့် ဂဠုန်နီပြည်သူ့အကျိုးပြု လူငယ် အဖွဲ့အစည်းတို့က “ဗေဒါပျံ အံကိုခဲ ပန်းပန်လျက်ပဲ” စာတန်း ချိတ်ဆွဲခဲ့သည်။

ရန်ကုန်မြို့လူသွားလူလာများသော ကားမှတ်တိုင်များနှင့် လူစီးများသော YBS များပေါ်တွင် “မင်းတို့ကြောက်လို့ အသက်၇၀ကျော်အဖွားကြီးကိုထောင်ထဲထည့်ထားတာလား” စသည့် တော်လှန်စာသားများအပါအဝင် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အထိမ်းအမှတ်ပန်းသပိတ်လှုပ်ရှားမှု ပြုလုပ်ခဲ့ကြသည်။

Mayangone Democratic Front (MDF) အဖွဲ့နှင့် Kyimyindaing Networks (KMD18)၊ စမ်းချောင်းပင်မသပိတ်စစ်ကြောင်း၊ UG Supporter Group၊ Yangon Drone နှင့်People Supply Force Yangon အဖွဲ့တို့ကလည်း ပြည်သူများနှင့် ပူးပေါင်း၍ ပန်းသပိတ်ပြုလုပ်ခဲ့သည်။

ပြည်တွင်းတွင်သာမက အမေရိကန်၊ ပြင်သစ်နှင့် နယ်သာလန်နိုင်ငံတို့တွင်လည်း ပြည်ပရောက် မြန်မာနိုင်ငံသားများ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်၏ (၇၈)နှစ်မြောက် မွေးနေ့ပွဲများ ကျင်းပခဲ့သည်။

ပဲခူးတိုင်းအနောက်ခြမ်း၊ သဲကုန်းနှင့် နတ္တလင်း၊ပြည်၊ ပေါင်းတည်မြို့နယ်တို့တွင်လည်း ပန်းသပိတ်များ ပြုလုပ်ခဲ့ကြသည်။

ဘုရားသုံးဆူမြို့နယ် သပိတ် အင်အားစုများက ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ အဖြစ် ပန်းသပိတ် ပြုလုပ်သည်။

လောင်းလုံးမြို့နယ်တွင် ထားဝယ်ခရိုင် ဒီမိုကရေစီ အရေးလှုပ်ရှားမှု သပိတ်ကော်မတီ (DDMSC) မှ ဦးဆောင်ကာ ယနေ့ ဇွန်လ ၁၉ ရက်နေ့၌ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ အခမ်းအနား ပြုလုပ်ပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

တောင်ပိုင်းတိုင်း စစ်ဒေသ ၃ ဂဠုန်စစ်ကြောင်းက ဒေသပြည်သူများကို စတုဒီသာကျွေးပြီး ပန်းသပိတ် ပြုလုပ်ခဲ့သည်။

တောင်ပိုင်းစစ်ဒေသကွပ်ကဲရေး၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ – S.O.F ၏ တပ်ခွဲအသီးသီးရှိရဲဘော်များကလည်း အမှတ်တရ သရက်ပျိုးပင် ၇၈ ပင် စိုက်ပျိုးခဲ့သည်။

အရှေ့ရိုးမ တပ်ရင်းက ဒေါ်အောင်ဆန်းစုကြည်၏ ၇၈ နှစ်ပြည့် မွေးနေ့အဖြစ် စစ်ဘေးရှောင် ကလေးငယ်များကို အစားအသောက်များ ကျွေးမွေးလှူဒါန်းခဲ့သည်။

ရှမ်းတောင် အလယ်ပိုင်း စစ်ဒေသတွင် အရှေ့ရိုးမတပ်ရင်းက ဒေါ်အောင်ဆန်းစုကြည်၏ ၇၈ နှစ်ပြည့်မွေးနေ့အထိမ်းအမှတ်အဖြစ် ယနေ့ ဇွန်လ ၁၉ ရက်နေ့၌ စစ်ဘေးရှောင် ကလေးငယ်များကို ကိတ်မုန့်နှင့် ဟန်ဘာဂါကျွေးမွေး လှူဒါန်းခဲ့ကြောင်း သိရသည်။

ရှမ်းပြည် ဟိုပုံးမြို့မှ ပြည်သူများ စုပေါင်း၍ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့အထိမ်းအမှတ် ပန်းသပိတ်ကို ပြုလုပ်ခဲ့ကြသည်။

လက်နက်အားကိုးဖြင့် အာဏာလုခဲ့​သောစစ်​ကောင်စီသည်ပြည်သူများ သံပုံးတီးလျှင်​ကြောက်သလို ၊ပြည်သူများအပြင်မထွက်ဘဲ တိတ်ဆိတ်လျှင်လည်း ထိတ်လန့်ပြန်သည်။အလားတူ ပြည်သူများက ပန်းပွင့်​လေးပန်ထားရုံ ၊ကိုင်ထားရုံကိုလည်း ​ကြောက်လန့်​သွေးပျက်ပြန်​လေသည်။

ထို​ကြောင့် ရန်ကုန်နှင့် ကလေးမြို့နယ်တွင် ပန်းပန်သည့် အမျိုးသမီးများကို စစ်ကောင်စီက ဖမ်းဆီးမှုများလည်း ရှိခဲ့သည်။ အွန်လိုင်းပေါ်တွင် ပန်းပန်သပိတ်တင်သူများကိုလည်း စစ်ကောင်စီလော်ဘီများက ဖမ်းဆီးခိုင်းခြင်းများ ပြုလုပ်ခဲ့ကြသည်။

သို့​သော် စစ်အုပ်စု၏ခြိမ်း​ခြောက်မှုကြားမှပင် နိုင်ငံတစ်ဝန်း ပြည်သူများက ​ဒေါ်ဖြူဖြူကဲ့သို့ တစ်ဦးချင်းမှစကာ ၊ သပ်တ်အဖွဲ့များ ၊ ပရဟိတအဖွဲ့များ ၊စစ်​ဘေး​ရှောင်ကူညီသူများ၊ ရာ​ပေါင်းများစွာ​သော PDF တပ်ရင်း၊တပ်ဖွဲ့ များ​၊ဒေသကာကွယ်​ရေးတပ်ဖွဲ့များ ​ရောင်စုံပန်းများဖြင့် ​မွေး​နေ့ရှင်အတွက်ရည်ရွယ်ဂုဏ်ပြု၍ ပန်းသပိတ်များ ပြုလုပ်ခဲ့ကြသည်။

” ခွန်အားဖြည့်မိငယ် “သံစဥ်များဖြင့် ​​​မွေး​နေ့ရှင်ကို​ရော၊ပြည်သူ အချင်းချင်းပါခွန်အား​တွေ​ပေးခဲ့ကြသည်။

လူထုခေါင်းဆောင်၏ မွေးနေ့သည် ကာယကံရှင်ကိုယ်တိုင် ပါဝင်နိုင်ခြင်းမရှိသော်လည်း တစ်ပြည်လုံး ပန်းတွေဝေခဲ့သော နေ့တစ်နေ့ ဖြစ်ခဲ့ပါသည်။ ။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

အမျိုးသားညီညွတ်ရေးအစိုးရ​NUG သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ်ဦးကျော်ဇောကို People’s Spring လူထုနွေဦးသတင်းဌာနက ဆက်သွယ်မေးမြန်းထားပါသည်။

သတင်း

ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားအားလုံး အမြန်လွတ်မြောက်ရေး ပိုမိုအားထုတ်ပေးရန် နိုင်ငံတကာနှင့် တော်လှန်ရေးအင်အားစုများအား မေတ္တာရပ်ခံ

သတင်း

စစ်အုပ်စုဟာ ဒေါ်အောင်ဆန်းစုကြည်ကို မတရားဖမ်းဆီးချုပ်နှောင်ထားမှုကနေ ပြန်မလွှတ်ပေးတာကိုလည်း သားငယ်ဖြစ်သူက ပြင်းပြင်းထန်ထန် ဝေဖန်ပါတယ်။

သတင်း

သမ္မတကြီးဦးဝင်းမြင့်ကို သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ ဥပဒေပုဒ်မ ၂၅ အတွက် ထောင်ဒဏ်နှစ် နှစ်၊ ပုဒ်မ ၅၀၅(ခ) အတွက် ထောင်ဒဏ် နှစ်နှစ် စုစုပေါင်းလေးနှစ်ချမှတ်ခဲ့ပြီး ပြစ်ဒဏ်ချမှတ်ခဲ့သည့် ဒီဇင်ဘာ ၆ ရက်တွင် စုစုပေါင်းပြစ်ဒဏ်လေးနှစ်အနက် နှစ်နှစ်ကို လျှော့ပေါ့ခဲ့သည်။