Connect with us

Hi, what are you looking for?

ဆောင်းပါး

ပြည်သူ​တွေကို အာရုံ​ပြောင်းဖို့ကြိုးစား​နေသည့် 7th Sense ၏ ကိုယ်ပွား​ခြေလှမ်းများ

V7 Entertainment ၊ W Entertainment ၊M Entertainment Channel ၊ မီးမီးမွှေးကုမ္ပဏီ ၊SM Winner ၊ဆုံမှတ်၊ Hey Play စသဖြင့် ထုတ်လုပ်ရေးလုပ်ငန်းများစွာကို အမည်ခွဲများစွာဖြင့် ပြန်လည်လှုပ်ရှားလာသည်။ အထူးသဖြင့် အာဏာသိမ်းထားမှု အနည်းငယ်ကြာလာ​သောအခါ လူထုကို အာရုံ​ပြောင်းလှည့်စားရန်ပိုလုပ်လာခြင်းဖြစ်သည်။

(7th Sense ရုပ်ရှင်ထုတ်လုပ်​ရေး၏ ဒါရိုက်တာအဖွဲ့ဝင်များဖြစ်​သော ခင်သီရိသက်မွန် ၊ ​ဝေမင်း​မောင်၊ စန်းကိုကိုတင့်ဆန်း ၊နိုင်ဖြိုး​ကျော် နှင့် 7th Sence အဖြစ်မှ ထုတ်လုပ်သူအမည်​​ပြောင်းဖြန့်ချီခဲ့​သော ရုပ်ရှင် ဇာတ်ကားအချို့ ၊ 7 th Sense ဖြင့်စာချုပ် ချုပ်ထား​သောသရုပ်ဆောင်များက ​ဖေစ်ဘွခ်တွင်တင်​ပေးထားမှု ။ဓါတ်ပုံ- ရုပ်ရှင်ထုတ်လုပ်​ရေးလုပ်ငန်းFB နှင့် social Media Viral)

‌ဆဏ်း /People’s Spring

အာဏာသိမ်းစစ်ခေါင်းဆောင်၏ သမီးခင်သီရိသက်မွန် ဦးဆောင်သည့် 7th Sense ထုတ်လုပ်ရေးအနေဖြင့်ပြည်သူများ၏ သပိတ်​မှောက်မှုကို ​ရှောင်ရှားနိုင်ရန် ရုပ်ရှင် ထုတ်လုပ်​ရေးအမည်သစ် အနည်းဆုံး ၇ မျိုးဖြင့် ရုပ်ရှင်ထုတ်လုပ်​ရေးများဆက်လက်လုပ်ကိုင်​နေ​ကြောင်း ၎င်းတို့၏လုပ်ငန်းများကို လ​ပေါင်းများစွာ ​ခြေရာခံထား​သောအချက်အလက်များအရသိရသည်။

7th Sense ရုပ်ရှင်ထုတ်လုပ်ရေးသည် စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ သမီးဖြစ်သူ ခင်သီရိသက်မွန်ဦးဆောင်၍ စစ်တပ်အပေါင်းအပါများ၊ ခရိုနီများပူး​ပေါင်း တည်​ထောင်ထား​သောရုပ်ရှင် ထုတ်လုပ်ရေးဖြစ်သည်။ စစ်အုပ်စုအာဏာသိမ်းမှု ​ကြောင့် မင်းအောင်လှိုင်နှင့် သားသမီးများ ပိုင်ဆိုင်သော စီးပွါးရေး လုပ်ငန်းများကို အ​မေရီကန် အစိုးရက ၂၀၂၁ မတ်လတွင် ပထမဆုံးအသုတ် အဖြစ်အ​ရေးယူပိတ်ဆို့ဒဏ်ခတ်ခဲ့ရာ 7th Sense ထုတ်လုပ်ရေးလည်းပါဝင်ခဲ့သည်။ ပြည်သူများကလည်း ဝိုင်းဝန်း သပိတ်​မှောက် ခဲ့ကြသည်။ ထို​ကြောင့် 7th Sense ကို အမည်ခွဲများစွာဖြင့်လူထု သပိတ်​မှောက်မှုကို​ရှောင်ရှားရန် ကြိုးပမ်းလာသည်။

(7th Sense ရုပ်ရှင်ထုတ်လုပ်​ရေး၏ ဒါရိုက်တာအဖွဲ့ဝင်များဖြစ်​သော ခင်သီရိသက်မွန် ၊ ​ဝေမင်း​မောင်၊ စန်းကိုကိုတင့်ဆန်း ၊နိုင်ဖြိုး​ကျော် နှင့် 7th Sence အဖြစ်မှ ထုတ်လုပ်သူအမည်​​ပြောင်းဖြန့်ချီခဲ့​သော ရုပ်ရှင် ဇာတ်ကားအချို့ ၊ 7 th Sense ဖြင့်စာချုပ် ချုပ်ထား​သောသရုပ်ဆောင်များက ​ဖေစ်ဘွခ်တွင်တင်​ပေးထားမှု ။ဓါတ်ပုံ- ရုပ်ရှင်ထုတ်လုပ်​ရေးလုပ်ငန်းFB နှင့် social Media Viral)
(7th Sense ရုပ်ရှင်ထုတ်လုပ်​ရေး၏ ဒါရိုက်တာအဖွဲ့ဝင်များဖြစ်​သော ခင်သီရိသက်မွန် ၊ ​ဝေမင်း​မောင်၊ စန်းကိုကိုတင့်ဆန်း ၊နိုင်ဖြိုး​ကျော် နှင့် 7th Sence အဖြစ်မှ ထုတ်လုပ်သူအမည်​​ပြောင်းဖြန့်ချီခဲ့​သော ရုပ်ရှင် ဇာတ်ကားအချို့ ၊ 7 th Sense ဖြင့်စာချုပ် ချုပ်ထား​သောသရုပ်ဆောင်များက ​ဖေစ်ဘွခ်တွင်တင်​ပေးထားမှု ။ဓါတ်ပုံ- ရုပ်ရှင်ထုတ်လုပ်​ရေးလုပ်ငန်းFB နှင့် social Media Viral)

V7 Entertainment ၊ W Entertainment ၊M Entertainment Channel ၊ မီးမီးမွှေးကုမ္ပဏီ ၊SM Winner ၊ဆုံမှတ်၊ Hey Play စသဖြင့် ထုတ်လုပ်ရေးလုပ်ငန်းများစွာကို အမည်ခွဲများစွာဖြင့် ပြန်လည်လှုပ်ရှားလာသည်။ အထူးသဖြင့် အာဏာသိမ်းထားမှု အနည်းငယ်ကြာလာ​သောအခါ လူထုကို အာရုံ​ပြောင်းလှည့်စားရန်ပိုလုပ်လာခြင်းဖြစ်သည်။

ပြည်သူများ၏ သပိတ်မှောက်မှုကို ​ရှောင်နိုင်ရန် 7th Sense ထုတ်လုပ်ရေးသည် ယခုနှစ်အတွင်း ရိုက်ကူးထားသည့် ဇာတ်ကားများကို ထုတ်လုပ်ရေးအမည်များပြောင်းလဲ၍ ရုံတင်လာသလို ၊ Entertainment ကုမ္ပဏီများ ၊ အွန်လိုင်း အပ်ပလီကေးရှင်းများပြုလုပ်၍ လူထု၏ခုခံ​တော်လှန်စစ်ပွဲများအ​ပေါ် အာရုံလွှဲရန် ၊​ဖျော်​ဖြေ​ရေးလုပ်၍ ​ငွေရှာနိုင်ရန် လှုပ်ရှားမှုများခပ်စိပ်စိပ်လုပ်လာသည်။

Public Service Announcement

Public Service Announcement

ထုတ်လုပ်ရေးအမည်သစ်များ​ပြောင်း​သော်လည်း 7th Sense ၏ လုပ်ငန်းခွဲမှန်း ထင်ရှားသော သက်သေမှာ 7th Sense နှင့် စာချုပ်ချုပ်ဆိုထားခဲ့သော အနုပညာရှင်များသည် ယခု ထုတ်လုပ်ရေးအသစ်များနှင့် ဆက်လက် လက်တွဲအလုပ်လုပ်နေကြခြင်းပင် ဖြစ်သည်။

ဥပမာ – နေတိုး၊ မြင့်မြတ်၊ ဝတ်မှုံရွှေရည်၊ ရွှေထူး၊ ဝင်းလွင်ထက်၊ သားညီ၊ ဩရသ၊ အာကာတိုး စသဖြင့်ဖြစ် သည်။ အဆိုပါ သရုပ်ဆောင်များ၊ ဒါရိုက်တာများ သည်အမည်​ပြောင်းထားသာ ထုတ်လုပ်ရေးလုပ်ငန်းများနှင့် ပတ်သတ်သည့်ပွဲများကို မပျက်မကွက် တက်ရောက်​ပေးရလေ့ရှိသည်ကို ၎င်းတို့၏ လူမှုကွန်ယက်စာမျက်နှာများမှ တဆင့်တွေ့ ရသည်။

“ဒီကာလမှာ လုပ်နိုင်နေတယ်ဆိုကတည်းက ဘယ်သူဆိုတာမေးစရာတောင်မလိုပါဘူး။ သူတို့ပဲရှိတာ” ဟု ရုပ်ရှင်အသိုင်းအဝိုင်းနှင့် နီးစပ်သူတစ်ဦးကပြောသည်။

(7th Sense ရုပ်ရှင်ထုတ်လုပ်​ရေး၏ ဒါရိုက်တာအဖွဲ့ဝင်များဖြစ်​သော ခင်သီရိသက်မွန် ၊ ​ဝေမင်း​မောင်၊ စန်းကိုကိုတင့်ဆန်း ၊နိုင်ဖြိုး​ကျော် နှင့် 7th Sence အဖြစ်မှ ထုတ်လုပ်သူအမည်​​ပြောင်းဖြန့်ချီခဲ့​သော ရုပ်ရှင် ဇာတ်ကားအချို့ ၊ 7 th Sense ဖြင့်စာချုပ် ချုပ်ထား​သောသရုပ်ဆောင်များက ​ဖေစ်ဘွခ်တွင်တင်​ပေးထားမှု ။ဓါတ်ပုံ- ရုပ်ရှင်ထုတ်လုပ်​ရေးလုပ်ငန်းFB နှင့် social Media Viral)
(7th Sense ရုပ်ရှင်ထုတ်လုပ်​ရေး၏ ဒါရိုက်တာအဖွဲ့ဝင်များဖြစ်​သော ခင်သီရိသက်မွန် ၊ ​ဝေမင်း​မောင်၊ စန်းကိုကိုတင့်ဆန်း ၊နိုင်ဖြိုး​ကျော် နှင့် 7th Sence အဖြစ်မှ ထုတ်လုပ်သူအမည်​​ပြောင်းဖြန့်ချီခဲ့​သော ရုပ်ရှင် ဇာတ်ကားအချို့ ၊ 7 th Sense ဖြင့်စာချုပ် ချုပ်ထား​သောသရုပ်ဆောင်များက ​ဖေစ်ဘွခ်တွင်တင်​ပေးထားမှု ။ဓါတ်ပုံ- ရုပ်ရှင်ထုတ်လုပ်​ရေးလုပ်ငန်းFB နှင့် social Media Viral)

ထို့အပြင် 7th senth မှ ထုတ်လုပ်ခဲ့သော ရုပ်ရှင်ကားများကို ထုတ်လုပ်ရေးအမည်နှင့် လိုဂိုသာပြောင်း၍ အမည်လွှဲ၍ ပြန်ထုတ်နေခြင်းလည်းရှိသည်။ စက်တင်ဘာ ၂၂ နေ့က ရုံတင်ပြသခဲ့သော “အချိန်လွန်မိုး” ရုပ်ရှင်ဇာတ်ကားသည် ၂၀၁၉ ခုနှစ်တွင် 7th Sense က “ ကျွန်တော့်ရဲ့သူ “ အမည်ဖြင့် ရိုက်ကူးထုတ်လုပ်ခဲ့သော ဇာတ်ကားဖြစ်သည်။ သို့သော် SM Winner Entertainment က ထုတ်လုပ်သည်ဆိုကာ အမည်လွှဲပြောင်း၍ ရုံတင်ခဲ့သည်။SM Winner Entertainment ၏ ဒါရိုက်တာအဖွဲ့ဝင် စာရင်းတွင် ဒေါ်အေးမြတ်မွန်မောင်နှင့် ဒေါ်ခင်သူသူဝင်း တို့ (၂) ဦးပါဝင်သည်။ ဒေါ်ခင်သူသူဝင်းသည် Myanmar Media Seven တွင် လက်ရှိ အလုပ်လုပ်နေသူလည်းဖြစ်သည်။ Myanmar Media Seven သည် 7th Sense ၏ အမှုဆောင် ဒါရိုက်တာများထဲမှ ကိုဝေမင်းမောင် (ခ) ရွှေမန်းနှင့် ကိုနိုင်ဖြိုးကျော်တို့ ပူးပေါင်းတည်ထောင်ထားခြင်းဖြစ်သည်။

(7th Sense ရုပ်ရှင်ထုတ်လုပ်​ရေး၏ ဒါရိုက်တာအဖွဲ့ဝင်များဖြစ်​သော ခင်သီရိသက်မွန် ၊ ​ဝေမင်း​မောင်၊ စန်းကိုကိုတင့်ဆန်း ၊နိုင်ဖြိုး​ကျော် နှင့် 7th Sence အဖြစ်မှ ထုတ်လုပ်သူအမည်​​ပြောင်းဖြန့်ချီခဲ့​သော ရုပ်ရှင် ဇာတ်ကားအချို့ ၊ 7 th Sense ဖြင့်စာချုပ် ချုပ်ထား​သောသရုပ်ဆောင်များက ​ဖေစ်ဘွခ်တွင်တင်​ပေးထားမှု ။ဓါတ်ပုံ- ရုပ်ရှင်ထုတ်လုပ်​ရေးလုပ်ငန်းFB နှင့် social Media Viral)
(7th Sense ရုပ်ရှင်ထုတ်လုပ်​ရေး၏ ဒါရိုက်တာအဖွဲ့ဝင်များဖြစ်​သော ခင်သီရိသက်မွန် ၊ ​ဝေမင်း​မောင်၊ စန်းကိုကိုတင့်ဆန်း ၊နိုင်ဖြိုး​ကျော် နှင့် 7th Sence အဖြစ်မှ ထုတ်လုပ်သူအမည်​​ပြောင်းဖြန့်ချီခဲ့​သော ရုပ်ရှင် ဇာတ်ကားအချို့ ၊ 7 th Sense ဖြင့်စာချုပ် ချုပ်ထား​သောသရုပ်ဆောင်များက ​ဖေစ်ဘွခ်တွင်တင်​ပေးထားမှု ။ဓါတ်ပုံ- ရုပ်ရှင်ထုတ်လုပ်​ရေးလုပ်ငန်းFB နှင့် social Media Viral)

အလားတူ ပြီးခဲ့ သည့် ဇူလိုင်လ ၁၄ရက်နေ့က ရုံတင် ပြသခဲ့သော “စတုထ္ထမြောက်သွေးကြောမျှင်” ဇာတ်ကားမှာလည်း 7th Sense က ရိုက်ကူးခဲ့ပြီးမှ “ဆုံမှတ်” ဟု ထုတ်လုပ်ရေးအမည်​ပြောင်း၍ ရုံတင် ဖြန့်ချီခဲ့သည်။

အခြားရုပ်ရှင်ဇာတ်ကား များကိုလည်း အမည်​ပြောင်း၍ ပုသဖြန့်ချီ နိုင်ကြောင်း အနုပညာအသိုင်းအဝိုင်းနှင့် နီးစပ်သူတစ်ဦးကဆိုသည်။

(7th Sense ရုပ်ရှင်ထုတ်လုပ်​ရေး၏ ဒါရိုက်တာအဖွဲ့ဝင်များဖြစ်​သော ခင်သီရိသက်မွန် ၊ ​ဝေမင်း​မောင်၊ စန်းကိုကိုတင့်ဆန်း ၊နိုင်ဖြိုး​ကျော် နှင့် 7th Sence အဖြစ်မှ ထုတ်လုပ်သူအမည်​​ပြောင်းဖြန့်ချီခဲ့​သော ရုပ်ရှင် ဇာတ်ကားအချို့ ၊ 7 th Sense ဖြင့်စာချုပ် ချုပ်ထား​သောသရုပ်ဆောင်များက ​ဖေစ်ဘွခ်တွင်တင်​ပေးထားမှု ။ဓါတ်ပုံ- ရုပ်ရှင်ထုတ်လုပ်​ရေးလုပ်ငန်းFB နှင့် social Media Viral)
(7th Sense ရုပ်ရှင်ထုတ်လုပ်​ရေး၏ ဒါရိုက်တာအဖွဲ့ဝင်များဖြစ်​သော ခင်သီရိသက်မွန် ၊ ​ဝေမင်း​မောင်၊ စန်းကိုကိုတင့်ဆန်း ၊နိုင်ဖြိုး​ကျော် နှင့် 7th Sence အဖြစ်မှ ထုတ်လုပ်သူအမည်​​ပြောင်းဖြန့်ချီခဲ့​သော ရုပ်ရှင် ဇာတ်ကားအချို့ ၊ 7 th Sense ဖြင့်စာချုပ် ချုပ်ထား​သောသရုပ်ဆောင်များက ​ဖေစ်ဘွခ်တွင်တင်​ပေးထားမှု ။ဓါတ်ပုံ- ရုပ်ရှင်ထုတ်လုပ်​ရေးလုပ်ငန်းFB နှင့် social Media Viral)

▪︎ရုပ်ရှင်သာမက ​ဖျော်​ဖြေ​ရေး အက်ပလီ​ကေးရှင်းများလည်းထုတ်လုပ်

7th Sense ကုမ္ပဏီအောက်ရှိ V7 အင်တာတိန်းမန့်သည် ယခုနှစ်အတွင်း၌ အနုပညာရှင်များ၏ တေးသီချင်း ဗီဒီယိုများကို တင်ပေးလာသည်ကိုတွေ့ရသည်။ ထို့အပြင် ၎င်းတို့၏ ကိုယ်ပိုင်အနုပညာ သတင်းများတင်ဆက်ပေးနေသည့် Myanmar Cele 7 ပေ့ခ်ျသည်လည်း အနုပညာလှုပ်ရှားမှုသတင်းများကို ပြန်လည်ဖော်ပြပေးနေသည်။

အမည်ခွဲလုပ်ငန်းတစ်ခုဖြစ်​သော Hey Play ကုမ္ပဏီသည် 7th Sense ကုမ္ပဏီကို ဦးဆောင်ခဲ့သည့် ဝေမင်းမောင် (ခ) ရွှေမန်းက ပိုင်ဆိုင်ကြောင်း ရုပ်ရှင်အသိုင်းအဝိုင်းမှ အတည်ပြုပေးထားသည်။

(7th Sense ရုပ်ရှင်ထုတ်လုပ်​ရေး၏ ဒါရိုက်တာအဖွဲ့ဝင်များဖြစ်​သော ခင်သီရိသက်မွန် ၊ ​ဝေမင်း​မောင်၊ စန်းကိုကိုတင့်ဆန်း ၊နိုင်ဖြိုး​ကျော် နှင့် 7th Sence အဖြစ်မှ ထုတ်လုပ်သူအမည်​​ပြောင်းဖြန့်ချီခဲ့​သော ရုပ်ရှင် ဇာတ်ကားအချို့ ၊ 7 th Sense ဖြင့်စာချုပ် ချုပ်ထား​သောသရုပ်ဆောင်များက ​ဖေစ်ဘွခ်တွင်တင်​ပေးထားမှု ။ဓါတ်ပုံ- ရုပ်ရှင်ထုတ်လုပ်​ရေးလုပ်ငန်းFB နှင့် social Media Viral)
(7th Sense ရုပ်ရှင်ထုတ်လုပ်​ရေး၏ ဒါရိုက်တာအဖွဲ့ဝင်များဖြစ်​သော ခင်သီရိသက်မွန် ၊ ​ဝေမင်း​မောင်၊ စန်းကိုကိုတင့်ဆန်း ၊နိုင်ဖြိုး​ကျော် နှင့် 7th Sence အဖြစ်မှ ထုတ်လုပ်သူအမည်​​ပြောင်းဖြန့်ချီခဲ့​သော ရုပ်ရှင် ဇာတ်ကားအချို့ ၊ 7 th Sense ဖြင့်စာချုပ် ချုပ်ထား​သောသရုပ်ဆောင်များက ​ဖေစ်ဘွခ်တွင်တင်​ပေးထားမှု ။ဓါတ်ပုံ- ရုပ်ရှင်ထုတ်လုပ်​ရေးလုပ်ငန်းFB နှင့် social Media Viral)

ဝေမင်းမောင်သည် 7th Sense ကုမ္ပဏီဒါရိုက် တာ အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ‌ခင်သီရိသက်မွန်၊ စံကိုကိုတင့်ဆန်း ၊ နိုင်ဖြိုးကျော်တို့နှင့်အတူ ယင်းကုမ္ပဏီတည်ထောင်သူတစ်ဦးဖြစ်သည်။ 7th Sense ၏ လုပ်ငန်းများကို လူလုံးပြ၍ လုပ်ဆောင်ပေးသကဲ့သို့ Hey Play ကိုလည်း လူလုံးထွက်ပြ လုပ်ပေးနေခြင်းဖြစ်နိုင်ကြောင်း ထုတ်လုပ်သူတစ်ဦးက​ပြောသည်။

Hey Play အပ်ပလီကေးရှင်းသည် ရုပ်သံလိုင်းများဖြင့် စာချုပ်ချုပ်ဆို၍ ဇာတ်ကားများပြသရန်စီစဉ်နေပြီး ​အောက်တိုဘာလတွင် Channel 7 နှင့် သဘောတူစာချုပ်ချူပ်ဆိုခဲ့သည်။

▪︎အခြား​ဖျော်​ဖြေ​ရေးလုပ်ငန်းများ

အဆိုပါ ထုတ်လုပ်ရေးများအပြင် ရန်ကုန်ဘူတာကြီး အနီး၌ ဖွင့်ထားသည့် THOR ( The Heart of Rangoon) Bar သည်လည်း စစ်တပ်အသိုင်းအဝိုင်း နှင့်ပတ်သက်သူများကပိုင်ဆိုင်သည့် ဆိုင်ဖြစ်ကြောင်းစုံစမ်းသိရသည်။

အဆိုပါဆိုင်ဖွင့်ပွဲကို Iron Cross အဖွဲ့ အဖွဲ့ဝင်များကိုယ်တိုင်တတ်ရောက်ခဲ့ပြီး၊ နာမည်ကြီးအဆို​တော်များ ၊​တေး​ရေးဆရာများတက်​ရောက်ဖွင့်လှစ်​ပေးခဲ့သည်။ နာမည်ကြီးအဆိုတော်များ၏ ဖျော်ဖြေရေးအစီအစဉ်များ အမြဲရှိနေသည့်ဆိုင်ဖြစ်သည်။ညစဉ်မပျက် ပျော်ပွဲရွှင်ပွဲများ ကျင်းပလျက်ရှိပြီး လုံခြုံရေးများ အစောင့်များပင်လျှင် စစ်ကောင်စီတပ်သား ဝတ်စုံများဖြင့် ပေါ်ပေါ်ထင်ထင်​စောင့်ကြပ်နေသည်ကို​တွေ့ရ​ကြောင်း မြို့ခံအချို့က​ပြောသည်။

▪︎စစ်အုပ်စု၏ ရည်ရွယ်ချက်

စစ်အုပ်စု၏ အပေါင်းအပါများ၏ ရည်ရွယ်ချက်မှာ အကျိုးအမြတ်အတွက် မဟုတ်။ ထုတ်လုပ်ရေးများသည် လက်ရှိကာလအတွင်း အမြတ်အစွန်းများစွာ မရရှိနေပါ။ ၎င်းတို့ထုတ်ဝေနေသော ရုပ်သံSeries များသည်လည်း ​ဖေစ်ဘွခ်နှင့် လူမှုကွန်ယက်စာမျက်နှာများတွင် ပျံ့နှံ့နေသည်ကို မူပိုင်ခွင့် (Copyright )အရ လိုက်လံတားဆီးခြင်းမျိုးမရှိသည်ကို မြင်တွေ့ရသည်။ စစ်အုပ်စု အာဏာသိမ်းမှု​​နောက်ဆက်တွဲ နိုင်ငံ​ဒေသအများစုတွင် ခုခံ​တော်လှန်​နေကြခြင်း ၊ စစ်​ကောင်စီတပ်များက ပြည်သူများကို ​နေစဥ် ဖမ်းဆီးသတ်ဖြတ် ၊အကြမ်းဖက်​နေမှုများကို လူထုအာရုံမ​ရောက်​စေရန် ၊​တော်လှန်​ရေးတွင် အာရုံမကြ​စေရန် အတွက် အာရုံ​ပြောင်းရန်၊ ​တော်လှန်​ရေးသတင်းများကိုဖုံးဖိနိုင်ရန်နှင့် ​ဖျော်​ဖြေ​ရေးတွင်ပြည်သူများစီး​မျှော၍ ပုံမှန်အ​ခြေအ​နေထင်လာရန် Normalize လုပ်နိုင်ရန် စသည့်ရည်ရွယ်ချက်များဖြင့် စစ်ခေါင်းဆောင်နှင့် အ​ပေါင်းအပါများက ငွေကို တပုံတပင် ထုတ်သုံးနေခြင်းဖြစ်သည်။

“အ​ဖေ (မင်း​အောင်လှိုင်)က တစ်နိုင်ငံလုံးကိုဖျက်ဆီးတယ် ။သမီး(ခင်သီရိသက်မွန်) အ​ဖေလုပ်ထားတာ​တွေအားလုံးကို လိုက်ဖုံးပြီး ပြည်သူ​တွေ စစ်ကျွန်ဘဝမှာ​ပျော်​အောင် ၊ကျွန်သက်ရှည်​အောင် ကြိုးစား​နေတာပါပဲ”ဟု 7th Sense ၏ လုပ်ငန်းများကို ကာလရှည်​စောင့်ကြည့်ခဲ့​သော မန္တ​လေးမြို့မှ အသက် ၃၅ နှစ်အရွယ်အမျိုးသားတစ်ဦးက​ပြောသည်။

(7th Sense ရုပ်ရှင်ထုတ်လုပ်​ရေး၏ ဒါရိုက်တာအဖွဲ့ဝင်များဖြစ်​သော ခင်သီရိသက်မွန် ၊ ​ဝေမင်း​မောင်၊ စန်းကိုကိုတင့်ဆန်း ၊နိုင်ဖြိုး​ကျော် နှင့် 7th Sence အဖြစ်မှ ထုတ်လုပ်သူအမည်​​ပြောင်းဖြန့်ချီခဲ့​သော ရုပ်ရှင် ဇာတ်ကားအချို့ ၊ 7 th Sense ဖြင့်စာချုပ် ချုပ်ထား​သောသရုပ်ဆောင်များက ​ဖေစ်ဘွခ်တွင်တင်​ပေးထားမှု ။ဓါတ်ပုံ- ရုပ်ရှင်ထုတ်လုပ်​ရေးလုပ်ငန်းFB နှင့် social Media Viral)

ဆက်စပ်သတင်းများ

သတင်း

အိုင်ကွန်ကနေ သတိပေးတာကတော့လက်တလောကာလမှာ မသမာသူတွေက မိဘပြည်သူတွေရဲ့ မှတ်ပုံတင်နဲ့ Face ID (မျက်နှာမှတ်တမ်းတင်စနစ်)တွေကို အသုံးပြုပြီးငွေကျပ်ငါးသောင်း မက်လုံးပေးကာ kpay အကောင့်ဖွင့်တဲ့ ဖြစ်စဉ်တွေ ဖြစ်ပွားနေတယ်လို့ ကြေညာပါတယ်။

သတင်း

ကရင်နီပြည်နယ်မှာ စစ်တပ်က ပြည်သူတွေရဲ့ စားနပ်ရိက္ခာနဲ့ ဝင်ငွေရလမ်းကြောင်းတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KnHRG) က မေလ ၁၅ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

စစ်အုပ်စုကအာဏာတည်မြဲဖို့ နိုင်ငံရေးအကျဉ်းသားတွေကို အယောင်ပြလွှတ်ပေးတာ၊ အတုအယောင်ရွေးကောက်ပွဲတွေလုပ်ပြီး အစိုးရဖွဲ့တာစတဲ့ ကမ္ဘာကိုလိမ်ညာဖို့ ကြိုးစားနေနေပြီး အဲဒီအပေါ်ယံ ဟန်ပြလုပ်ရပ်တွေရဲ့နောက်ကွယ်မှာ ပြည်သူ့သွေးနဲ့ လမ်းခင်းထားတာဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ဆောင်းပါး

ရန်ကုန်-ပုသိမ်အဝေးပြေးကားလမ်းမ တလျှောက် စစ်တပ်စစ်ဆေးရေးဂိတ်တွေက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့လက်ထဲမှာ ခါတိုင်းကိုင်ထားနေကြ သေနတ်နဲ့ ငွေစက္ကူအကြွေတွေအပြင် ​မေလ ၄ မှာတော့ ပိတောက်ပန်းတွေပါ ​တွေ့ရပါတယ်။