ရှိန်း/People’s Spring
ခွဲစိတ်ခန်းထဲမှာအားလုံး အသင့်ဖြစ်နေကြပါပြီ။
ခွဲစိတ်ခန်းဝတ်စုံတွေဝတ်ဆင်ထားကြတဲ့ဆရာဝန် တွေအားလုံး လူနာခွဲစိတ်ဖို့အသင့်အနေအထားပါ။
နာရီပိုင်းအတွင်းမှာပဲ သမီးငယ်လေးကို ဆရာဝန် တွေအောင်မြင်စွာ မွေးဖွားပေးနိုင်ခဲ့ပါတယ်။

Public Service Announcement
ဒါပေမယ့်ကလေးငယ် လူ့လောကထဲကိုရောက်ပြီး၁နာရီ လောက်အကြာမှာပဲစစ်တပ်ရဲ့ လေယာဉ်သံကဆူညံလာပါတယ်။လူ့လောကထဲကို ရောက်တာနာရီပိုင်းသာရှိသေးတဲ့ ကလေးငယ်ကို စစ်တပ်ရဲ့ကြိုဆိုပုံကကြမ်းတမ်းလှပါတယ်။
“အဲဒီက လေး ရော၊မွေးထားပြီးသားကလေး တွေကိုရော ကျွန် တော်တို့အကုန်ဗုံးခိုကျင်းထဲထည့်ရတာပဲ”လို့ ဆရာဝန် ကိုကျော်ကိုကပြောပါတယ်။
စစ်ကိုင်းတိုင်းအတွင်းက လွတ်မြောက်နယ် မြေကဆေးရုံတခုမှာ ကိုကျော်ကိုကတာဝန်ထမ်းဆောင် နေသူပါ။
ဒီကာလ တွေအတွင်း ယခုလို ခွဲစိတ်ခန်းဝင်ချိန် လေယာဉ်ဝဲလို့ ပြေးရတာ ၈ ကြိမ်နဲ့အထက်ရှိနေပြီလို့ သူကရယ် မောရင်း ပြောပါတယ်။အဲဒီနေ့ကလည်း လေယာဉ်က ကိုကျော်ကိုတို့ ဆေးခန်းရဲ့ အနီးဝန်းကျင်ကိုပဲ ဗုံးကြဲသွားပါတယ်။
ကိုကျော်ကိုဟာ အသက်၃၂အရွယ်ရှိပါပြီ။မကွေးဆေးတက္ကသိုလ်ကျောင်းသားတဦးဖြစ်ပြီး တက္ကသိုလ် နောက်ဆုံးနှစ် Part-2မှာ စစ်အာဏာသိမ်းခြင်းကိုကြုံ တွေ့ခဲ့ရသူပါ။
၂၀၂၁ ခုနှစ်က ကိုဗစ်ကာလအပြီးမှာ တက္ကသိုလ် တွေပြန်ဖွင့်ချိန် ကျောင်းမှာ Quarantine ၁ ပတ်ဝင်ပြီး ကျောင်းတွေ ပြန်ဖွင့်မယ်လို့ကြေညာထားပါတယ်။ ကျောင်းပြန်တက်ဖို့ သူ့ဇာတိကနေ မကွေးဆေးတက္ကသိုလ်ကို ဆိုင်ကယ်နဲ့ လာတဲ့နေ့မှာပဲ စစ်တပ်ကအာဏာသိမ်းခဲ့တာဖြစ်ပါတယ်။
ဖေဖော်ဝါရီလ၁ရက်နေ့ (အာဏာသိမ်းတဲ့ နေ့)မှာ ကိုကျော်ကိုက သူ့ဇာတိ က နေ မကွေးမြို့ကို ဆိုင်ကယ်နဲ့လာနေတာပါ။
“တလမ်းလုံးလည်း လူတွေရှင်းနေတာဗျာ”လို့စစ်တပ်အာဏာသိမ်းတဲ့ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့ အကြောင်း ကိုကျော်ကိုက ပြောပြပါတယ်။
နေ့လည်၁နာရီလောက်အဆောင်ရောက် တော့မှ အိမ်ကို ရောက်ပြီဆိုတဲ့အ ကြောင်းဖုန်းဆက်ချင်လို့ အဆောင်ကိုပြောတော့ အာဏာသိမ်းလိုက်ပြီး ဖုန်းလိုင်း တွေအဖျက်ခံထားရကြောင်း ကိုကျော်ကိုသိတာပါ။
အဲဒီနောက် စစ်တပ်အာဏာသိမ်းတာကို လက်မခံတဲ့အတွက် ဆေးကျောင်းသပိတ်၊အင်ဂျင်နီယာသပိတ်တွေနဲ့ သပိတ် ပေါင်းစုံမှာပါဝင်ခဲ့ပါတယ်။
“အဲဒီတုန်းက သပိတ် လောက်နဲ့ပြီးသွားမယ်လို့ထင်ခဲ့တာ”လို့ ကိုကျော်ကိုကပြောပါတယ်။
စစ်တပ်က ဆန္ဒပြပြည်သူတွေကို အကြမ်းဖက်ဖြိုခွင်းမှုကြုံလာရတော့ဆေး ကျောင်းသားကို ကျော်ကိုလည်း လက်နက်ကိုင် တော်လှန်ဖို့ဖြစ်လာပါတယ်။အဲတာနဲ့ရွာကို ၂၀၂၁ခုနှစ် မတ်လမှာပြန်ခဲ့ပါတယ်။
လက်နက်ကိုင် တော်လှန်ရေးကို အစောဆုံးစတင်ခဲ့တဲ့ စစ်ကိုင်းတိုင်းအတွင်းက ကိုကျော်ကိုရဲ့ဇာတိဟာ အာဏာသိမ်းပြီး တစ်လအကြာမှာတင် စစ်သင်တန်းတက်ပြီးသူတွေများစွာရှိနေပါပြီ။
ကိုကျော်ကိုရောက် တော့ သူကအပတ်စဉ်၁၀မှာ စစ်သင်တန်းတက်ခဲ့ပါတယ်။အဲဒီနောက် ဒေသခံ တော်လှန်ရေးတပ်ဖွဲ့စည်းခဲ့ပါတယ်။အဲဒီကတည်းက NUGရဲ့ တပ်ရင်းဖြစ်ဖို့တင်ထားပြီးကြပါပြီ။
လက်နက်ကိုင် တော်လှန်ရေးရဲဘော်အဖြစ် ၂နှစ်နီးပါးဖြတ်သန်းခဲ့ပါတယ်။
၂၀၂၃ခုနှစ် အစပိုင်းမှာပဲ NUGက နေ(Interim University Council Of University Of Medicine -IUC) ဆေးတက္ကသိုလ်ဖွင့်လှစ်လိုက်ပါတယ်။ကိုကျော်ကိုနဲ့အတူ သူငယ်ချင်းနှစ်ယောက်တို့ဟာ တက်ထားတဲ့ပညာနဲ့ တော်လှန်ကြမယ်ဆိုပြီး NUGရဲ့ ဆေးတက္ကသိုလ်ကို တက်လိုက်ကြပါတယ်။
“ကျွန် တော်တို့က မြေပြင် ရော၊Onlineနဲ့ရောယူလိုက်တာ”လို့ ကိုကျော်ကိုကပြောပါတယ်။
အဲတာ ကြောင့် ကိုကျော်ကိုက စစ်ကိုင်းတိုင်းထဲက လက်ရှိ ရှိနေတဲ့ဆေးရုံကိုရောက်လာတာပါ။
အရင်ကတော့ KIAနယ်မြေလိုင်ဇာကိုသွားဖို့စီစဉ်ခဲ့ပေမယ့် စစ်ကိုင်းတိုင်းအတွင်းမှာပဲ နေထိုင်ဖို့ ပြန်လည်ဆုံးဖြတ်ခဲ့ပါတယ်။
၂၀၂၃ခုနှစ် အောက်တိုဘာလမှာ ကိုကျော်ကိုစာမေးပွဲပြီးခဲ့ပြီး ၂၀၂၄ခုနှစ်မှာ လူနာ တွေကိုကုသပေးနေပါတယ်။၂၀၂၃ခုနှစ်က စာမေးပွဲပြီးချိန်က ကိုကျော်ကိုအတွက် အမှတ်တရဖြစ်ခဲ့ပါတယ်။
စာမေးပွဲပြီးတဲ့ညမှာပဲ စစ်ကိုင်းတိုင်းအတွင်းကပထမဆုံးမြို့သိမ်းတိုက်ပွဲ စဖို့ တော်လှန်ရေးတပ်တွေပြင်ဆင်ခဲ့ပါတယ်။အဲဒီအချိန် တိုက်ပွဲအတွင်းလိုက်ပါဖို့ ဆေးတပ်သား(ဆရာဝန်)တွေလိုအပ် နေပါတယ်။
“စာမေးပွဲပြီးလို့ စိတ်တွေပေါ့ပါး နေတဲ့အချိန်အဲဒီညမှာပဲဆရာက ရှေ့သွားရမယ်။မင်းလိုက်မလားလို့မေးတယ်။သူကဇွတ်ခေါ်တာတော့မဟုတ်ပါဘူး”လို့ ကိုကျော်ကိုကပြောပါတယ်။
တိုက်ပွဲအတွင်းလိုက်ပါဖို့ ကိုကျော်ကို ရွေးချယ်လိုက်ပါတယ်။ကံကောင်းတယ်လို့ဆိုရမှာပါ။မြို့ကိုမသိမ်းနိုင်ခဲ့ပေမယ့် ရဲဘော်တွေထိခိုက်မှုနည်းပါးခဲ့ပြီး အကျဆုံးမရှိခဲ့တာပါ။ဒါပေမယ့် ၂ ရက်လို့ တွေးထားတဲ့ခရီးဟာ ၇ရက်အထိကြာမြင့်ခဲ့ပါတယ်။
အဲဒီနောက် တလလောက်အကြာမှာပဲ စစ်ကိုင်းတိုင်းအတွင်းကမြို့နယ်တခုကစခန်းသိမ်းတိုက်ပွဲစခဲ့ပါတယ်။တိုက်ပွဲကို ရဲဘော်တွေက ရှေ့ကနေ သွားနှင့်ပါတယ်။ကိုကျော်ကိုတို့ဆေးအဖွဲ့တွေက နောက်မှလိုက်သွားရပါတယ်။
တိုက်ပွဲဖြစ်တဲ့နေရာကိုရောက်ဖို့ ကိုကျော်ကိုတို့ ဆေးအဖွဲ့တွေက တောင်တလုံးကိုဖြတ်ကျော်ရအုံးမှာပါ။တိုက်ပွဲကအတော်ပြင်းထန်ခဲ့ပါတယ်။နောက်ရက်မနက်ပိုင်း တောင်ထိပ်ကိုရောက်ချိန်မှာ တော့ ဆေးအဖွဲ့တွေမကြားချင်တဲ့သတင်းဆိုးက ရောက်လာခဲ့ပါတယ်။
ကိုကျော်ကိုတို့နဲ့ ဘောလုံးကန် နေကြရဲဘော်ဟာ တိုက်ပွဲမှာကျဆုံးသွားတဲ့သတင်းပါ။အဲဒီနေ့ ညနေမှာပဲ တိုက်ပွဲဖြစ်တဲ့နေရာအနီးကို ကိုကျော်ကိုပါဝင်တဲ့ဆေးအဖွဲ့တွေ ရောက်လာပါတယ်။နောက်ရက်မနက် ၄နာရီခွဲလောက်မှာ စခန်းသိမ်းတိုက်ပွဲကို ရဲဘော်တွေထပ်မံဆင်နွှဲကြပါတယ်။
“အဲဒီအချိန်မှာ စစ်တပ်ကလေယာဉ်နှစ်စီးနဲ့ဗုံးလာကြဲတယ်”လို့ ကိုကျော်ကိုက ပြောပါတယ်။မနက် ၁၀နာရီလောက်မှာ အားကိုးရတဲ့တပ်ခွဲမှူးတဦး ထပ်မံတိုက်ပွဲကျပြန်ပါတယ်။
“အဲဒီရဲဘော်က အကုန်လုံးက လေးစားကြတဲ့ရဲ ဘော်။ခွဲမှူးသင်တန်းဆင်းထားတာမကြာသေးဘူး”လို့ ကိုကျော်ကိုကပြောပြပါတယ်။
တပ်ခွဲမှူးရဲ့ရုပ်အလောင်းကို နေအိမ်ပြန်ပို့ဖို့တာဝန်က ကိုကျော်ကို တို့ဆီကျလာပါတယ်။သွားပို့ရမယ့်သူတွေက ကိုကျော်ကိုအပါအဝင် ၇ယောက်ပါ။
လမ်းခရီးကပုံမှန်လမ်းကြမ်းကသွားရင် ၃ နာရီ လောက်သာကြာတဲ့ခရီးဖြစ်ပေမယ့် အခြေအနေတွေအရ မင်းကင်းနယ်ထဲကနေ ဖြတ်ပြီး တောင် တွေကျော်ကာ တရက်လုံးနီးပါးသွားခဲ့ရပါတယ်။တောင်တလုံးကိုကျော်ဖို့ သာမန်ကားတွေနဲ့တက်မရတာမို့ အရပ်သုံးတောင်တက်ကားကို စောင့်ရပါတယ်။
လမ်းသွားနေရင်း ည၈နာရီ လောက်မှာ ပျူစောထီးရွာတွေဘေးကနေပါဖြတ်သန်းသွားရပါတယ်။
အဲဒီနောက် မြစ်တခုကိုဖြတ်ကျော်ဖို့ကျန် နေပြီး ကျဆုံးတပ်ခွဲမှူးအိမ်နဲ့လည်း နီးလာပါတယ်။
အဲဒီနေ့အမှတ်တရအ မြစ်ကို ဖြတ်ဖို့လုပ်ချိန်မှာ မြစ်ထဲကို ကျောက်ချရပ်ထားတဲ့ မော်တော်တစီးကထမင်း ခေါ်ကျွေးပါတယ်။ခေါ်ကျွေးတဲ့ မော်တော်ပေါ်မှာ မိသားစုတစု နေကြပြီး ၂၀၂၁ခုနှစ် အာဏာသိမ်းချိန်ထဲက မော်တော်ကို CDMလုပ်ကာ တစ်မိသားစုလုံးအဲဒီမှာပဲ နေထိုင်နေကြတဲ့သူတွေလို့သိရပါတယ်။
အဲဒီမော်တော်ပေါ်ကနေ လာကြိုတဲ့အဖွဲ့ကိုစောင့်လိုက်ကြပါတယ်။ည၁၁နာရီလောက်မှာ ကျဆုံးရဲဘော်ရဲ့အလောင်းကို သူ့ရဲ့အိမ်ကိုပို့ဆောင်နိုင်ခဲ့ပါတယ်။
ဒီလိုမြေပြင်မှာ ကြမ်းတမ်းတဲ့ဆရာဝန်ဘဝကို ဖြတ်သန်း နေရ ပေမယ့် သူရွေးချယ်ခဲ့တဲ့လမ်းကို ဘယ်တော့မှ နောင်တမရဘူးလို့ ကိုကျော်ကိုကပြောပါတယ်။
မကွေးဆေးတက္ကသိုလ်မှာ ဘောလုံးဝတ်စုံနဲ့ အမြဲတွေ့ရပြီး ခပ်ပြည့်ပြည့်ကိုကျော်ကိုဟာ အခုဆို ခန္ဓာကိုယ်စစ်သွားပြီး ဆံပင်ရှည်ရှည်၊ယုံကြည်မှုပြည့်ဝတဲ့မျက်နှာထားနဲ့ ဆရာဝန်တ ယောက်ဖြစ်လာခဲ့ပါပြီ။
မိဘ တွေရဲ့ဆန္ဒအရဆေးတက္ကသိုလ်တက်ခဲ့ရပေမယ့် ဘောလုံးသမားဖြစ်ချင်ခဲ့သူ ကိုကျော်ကိုဟာ စစ်အာဏာသိမ်းပြီးနောက် အခက်အခဲမျိုးစုံကိုကြုံတွေ့ပြီးချိန်မှာ သူ့ဆန္ဒအရ ပြည်သူတွေရဲ့ဆရာဝန်ဖြစ်ဖို့ ရွေးချယ်ခဲ့ပါတယ်။
“အဖေကတော့ ကျွန် တော်တောထဲရောက်ပြီးဆုံးသွား တော့ ဘာမှမ ပြောချင် တော့ပါဘူး။အမေ့ကိုတော့ အားနာတာ ပေါ့။ကျွန်တော်က အခုထိ အမေ့ရဲ့ဒုက္ခအိုးလေးပါ”လို့ ကိုကျော်ကိုကပြောပါတယ်။
မိခင်ဖြစ်သူရဲ့ ဒုက္ခအိုးဖြစ် နေပေမယ့် ပြည်သူတွေ အားကိုးရတဲ့ ဆရာဝန်တယောက်ဖြစ်အောင် တော့ သူကြိုးစား နေတယ်လို့ဆိုပါတယ်။သူ့ရဲ့လူငယ်ဘဝ ဆေး ကျောင်းသားဘဝကို ၄နှစ်တာ တောထဲမှာ ကုန်ဆုံးခဲ့ရပေမယ့် တော်လှန်ရေးနဲ့ပတ်သက်ပြီး ယုံကြည်ချက်တွေကတော့ခိုင်မာနေဆဲပါ။
သူ့ရဲ့ခံယူချက်ကတော့ စစ်အာဏာရှင်ကို သူတက်ထားတဲ့ပညာနဲ့ ဆက်လက်တော်လှန်မယ့်လို့ စိတ်ပိုင်းဖြတ်ထားပြီဖြစ်ပါတယ်။ နွေဦးတော်လှန်ရေးမှာ ပြည်သူတွေနိူသ်မယ်လို့ သူက ယုံကြည်ပါတယ်။
လက်ရှိကိုကျော်ကို တာဝန်ထမ်း ဆောင် နေတဲ့ ဆေးရုံမှာလည်း ဆရာဝန်နဲ့ ဆေးဝါးလိုအပ်ချက် တွေရှိနေတာမို့ CDMဆရာဝန် တွေ၊ဂျူနီယာဆရာဝန်တွေလည်း တော်လှန်ရေးဘက်ကို အားဖြည့်ပေးကြပါလို့ တောင်းဆိုထားပါတယ်။
ကိုကျော်ကိုက တော့ လေယာဉ်သံ တွေကြားမှာခွဲခန်းသုံးဓားကို ဆက်ကိုင်ထားအုံးမှာပါ။
“တခါကဆို ခွဲပြီးပြန်ချုပ်နေတုန်း လေယာဉ်လာပစ် တော့ပစ်နေတုန်းခွဲခန်းထဲမှာအမြန် ပြီးအောင်ချုပ်ရတယ်။အကုန်ပြီးမ လူနာရောသယ်ပြီး ဗုံးခိုကျင်းထဲ ဆင်း ပြေးရတာ”လို့ ဗုံးတွေကြားက အခက်အခဲတွေကို ရယ်မောရင်းသူက ပြန်ပြောပြပါတယ်။
ပြည်သူ့ တော်လှန်ရေးနဲ့ပတ်သက်ပြီး ဒေါက်တာကိုကျော်ကို မှာ ယုံကြည်ချက်အပြည့်အဝရှိနေပါတယ် ။
“ဘယ်နေရာကပဲဖြစ်ဖြစ် တော်လှန်နေကြဖို့ပါပဲ။ကျွန်တော်တို့နိုင်တော့မှာပါ”လို့ ကိုကျော်ကိုကယုံကြည်ချက်အပြည့်နဲ့ပြောလိုက်ပါတယ်။ ။
