Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မင်းအောင်လှိုင်ရဲ့ ဂယ်ပေါက်

လုယူထားတဲ့ အာဏာကို လက်ဝါးကြီး အုပ်ထားနိုင်ဖို့ စစ်တပ်နောက်မြီးဆွဲပါတီတွေနဲ့ အစိုးရ ဖွဲ့စည်းရေးအတွက် ရွေးကောက်ပွဲကို အချိုးကျကိုယ်စားပြုစနစ်နဲ့စစ်အုပ်စုက အကွက်ချထားပါသေးတယ်။

ဘေးကျပ်နံကျပ်ဖြစ်နေတဲ့ စစ်ခေါင်းဆောင်ဟာ လာမယ့်နှစ် သြဂုတ်လ မှာ ရွေးကောက်ပွဲ လုပ်ဖို့ လုံးပမ်းနေပါပြီ။

အဲဒီရွေးကောက်ပွဲဟာ အကြပ်အတည်းကနေ ရုန်းထွက်လို့ရအောင် စီစဉ်ထားတဲ့ ထွက်ပေါက်တစ်ခုဖြစ်ပြီး စစ်ခေါင်းဆောင် ရဲ့ သမ္မတ အိပ်မက်ကိုပါ အထောက်အပံ့ဖြစ်ဖို့ ရည်ရွယ်ထားတာပါ။

လုယူထားတဲ့ အာဏာကို လက်ဝါးကြီး အုပ်ထားနိုင်ဖို့ စစ်တပ်နောက်မြီးဆွဲပါတီတွေနဲ့ အစိုးရ ဖွဲ့စည်းရေးအတွက် ရွေးကောက်ပွဲကို အချိုးကျကိုယ်စားပြုစနစ်နဲ့စစ်အုပ်စုက အကွက်ချထားပါသေးတယ်။

စစ်အုပ်စုလိုလားသူတွေက ဒီ ရွေးကောက်ပွဲကြီးသာ ဖြစ်လာရင် လက်ရှိဖြစ်ပျက်နေတဲ့ အခြေအနေတွေအားလုံး ပွဲပြတ်ပြီလို့ တွက်ဆနေကြပါတယ်။

Public Service Announcement

Public Service Announcement

ရွေးကောက်ပွဲကနေ ပေါ်ထွက်လာမယ့် အစိုးရဟာ ရွေးကောက်ခံ ဖြစ်တဲ့အတွက် ကမ္ဘာကြီးရဲ့အမြင်လည်း ပြောင်းသွားလိမ့်မယ်လို့ စစ်တပ်ပိုင် မြဝတီမီဒီယာကနေ စကားဝိုင်းလုပ်ပြီး ဝါဒဖြန့်ပါတယ်။

အကျိုးဆက်အနေနဲ့ နိုင်ငံတကာရဲ့ဖိအားတွေလည်းလျော့သွားနိုင်သလို NUG အစိုးရလည်း အလိုအလျောက်ဇာတ်သိမ်းသွားလိမ့်မယ်လို့ စကားဝိုင်းမှာ မစားရဝခမန်းပြောဆိုတာတွေတောင်တွေ့ရပါတယ်။

ဒီမိုကရေစီအင်အားစုတွေဘက်ကတော့ တတိုင်းပြည်လုံး စစ်တလင်းဖြစ်နေတဲ့ အခြေအနေမှာ ရွေးကောက်ပွဲ ဖြစ်လာနိုင်စရာ မရှိဘူးလို့ တညီတညွတ်တည်းပြောကြပါတယ်။

နိုင်ငံရေးနောက်ခံအခြေအနေဟာလည်း စစ်ဗိုလ်ချုပ်တွေ ယူနီဖောင်းချွတ်ပြီး ရွေးကောက်ပွဲကတဆင့် အရပ်ဘက်အသွင်းပြောင်းအုပ်ချုပ်တဲ့ ၂၀၁၀ ကာလနဲ့မတူတော့ဘူးလို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်က ထောက်ပြပါတယ်။

“ကနေ့ လူထုရဲ့ ဆန္ဒက ဒီ ဗမာစစ်တပ်ကို ဖယ်ပစ်ရမယ် ဆိုတဲ့ ဆန္ဒပဲ ” လို့ ဦးအောင်မိုးဇော်က ပြောပါတယ်။

ဒီလိုသဘောထားမျိုးကို CRPH ဥက္ကဋ္ဌ ဦးအောင်ကြည်ညွှန့် ဆီမှာလည်းတွေ့ရပါတယ်။

လူထုဟာ စစ်တပ်လမ်းကြောင်းတဲ့ ရွေးကောက်ပွဲကနေ ၂၀၀၈ အခြေခံဥပဒအောက်ပြန်ဝင်မယ့်သူတွေကို လုံးဝလက်ခံမှာမဟုတ်ကြောင်း NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်လည်းဖြစ်တဲ့ ဦးအောင်ကြည်ညွှန့်က မှတ်ချက်ပြုပါတယ်။

စစ်ကောင်စီရဲ့ မြေပြင် ထိန်းချုပ်နိုင်စွမ်း နေ့စဉ်လျော့ပါးလာချိန်၊ အဖက်ဖက်က အထိနာလာချိန်မှာ ရွေးကောက်ပွဲကျင်းပမယ်ဆိုတာ အချိန်ဆွဲဖို့၊ သွေးခွဲ ဖို့နဲ့ လှည့်ဖြား ဖို့ အတွက်သာ စိတ်ဓာတ်စစ်ဆင်ရေးအနေနဲ့ပဲ ဖြစ်နိုင်တော့တယ်လို့ ဦးအောင်ကြည်ညွှန့်က သုံးသပ်ပါတယ်။

အမေရိကန်အပါအဝင် နိုင်ငံတကာကလည်း စစ်တပ်က ရွေးကောက်ပွဲ လုပ်ပေးမယ်ဆိုတာဟာ အချိန်ဆွဲတာလို့ သဘောထားကြပါတယ်။

စစ်တပ်ဟာ အာဏာစသိမ်းချိန်က အရေးပေါ်ကာလ ၂ နှစ်အတွင်းမှာ ရွေးကောက်ပွဲ လုပ်ပေးမယ်လို့ ကတိခံခဲ့တာပါ။

အာဏာသိမ်းပြီး ၆ လအကြာမှာတော့ ရွေးကောက်ပွဲကို အရေးပေါ် ကာလအပြီး ၂၀၂၃ ခုနှစ် သြဂုတ်လမှာမှ ကျင်းပပေးမယ်လို့ လေသံပြောင်းပါတယ်။

စစ်တပ်ရဲ့ ၂၀၀၈ အခြေခံဥပဒေအရဆိုရင် အရေးပေါ်ကာလဟာ ၁ နှစ်ကြေညာပြီး သက်တမ်း ပြည့်ချိန်မှာ ၆ လစီ ၂ ကြိမ် သာ သက်တမ်းတိုးခွင့်ရှိတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက ၆ လ ၁ ကြိမ် သက်တမ်းတိုးထားပြီဖြစ်တဲ့အတွက် နောက်ထပ် ၁ ကြိမ်ပဲ သက်တမ်းတိုးခွင့်ရှိတော့မှာပါ။

ဒါကြောင့် အရေးပေါ်ကာလ စုစုပေါင်း ၂ နှစ်ဟာ ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၃၁ မှာ ကုန်ဆုံးမှာဖြစ်ပါတယ်။

အရေးပေါ်ကာလ ၂ နှစ် ပြည့်သွားရင်လည်း စစ်ကောင်စီဟာ နည်းလမ်းတစ်မျိုး ပြောင်းလိမ့်ဦးမယ်လို့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ရဲ့အထွေထွေအတွင်းရေးမှူး ဦးစိုင်းလိတ်က မီဒီယာမှာ သုံးသပ်ထားပါတယ်။

” အဲလိုမျိုး ပြောင်းနိုင်ဖို့ ဆိုလို့ရှိရင် ရွေးကောက်ပွဲကို မဖြစ်မနေကြိုးပမ်းရလိမ့်မယ်” ဦးစိုင်းလိတ်က စစ်ကောင်စီရဲ့ခြေလှမ်းကို တွက်ဆပါတယ်။

နယ်မြေမတည်ငြိမ်ရင်တောင် ရွေးကောက်ပွဲကို ကွက်ပြီးကျင်းပကာ အာဏာကို တရားဝင်ကိုင်ထားတဲ့ပုံပေါက်အောင် စစ်ကောင်စီက ကြိုးပမ်းနိုင်ခြေရှိတယ်လို့ ဦးစိုင်းလိတ်က မွန်သတင်းအေဂျင်စီနဲ့ အင်တာဗျုးမှာ ဖြေထားပါတယ်။

ဒါပေမယ့် ရွေးကောက်ပွဲဟာ ကံသေကံမပြောလို့မရကြောင်းနဲ့ ဖြစ်ကောင်းမှ ဖြစ်လိမ့်မယ်လို့ ဦးစိုင်းလိတ်က မှတ်ချက်ပြုပါတယ်။

စစ်ကောင်စီရဲ့ ဝါဒဖြန့် မြဝတီမီဒီယာ ကတော့ ဒီနှစ် နှစ်အစပိုင်းက စတင်ကာ ၆ လစီမံချက်နဲ့ PDF အမြစ်ဖြတ်ရေးလုပ်သင့်ပြီး နှစ်လယ်ပိုင်း မှာ ရွေးကောက်ပွဲကျင်းပနိုင်ဖို့ကမ်းပိန်းတွေစလုပ်ရမယ်လို့ ဝါဒဖြန့်တာမျိုးရှိလာပါတယ်။

စစ်ခေါင်းဆောင်ကလည်း ရွေးကောက်ပွဲလုပ်မယ်လို့ သတင်းစာတွေ ၊ တွေ့ဆုံပွဲတွေမှာ ဆက်တိုက် ကြုံးဝါးနေဆဲပါ။

ဆက်စပ်သတင်းများ

သတင်း

တိုင်ကြားသူများထဲတွင် ၂၀၂၁ခုနှစ်စက်တင်ဘာ ၂၉ ရက်က စစ်ကောင်စီတပ်က ပစ်သတ်ခံခဲ့သည့် ပူးရဲလ်တူးသမီးလည်းပါဝင်သည်။ ပူးရဲလ်တူးသည် ပူးဟရမ်ကျင်းနှင့်အတူ ထန်တလန်မြို့က ထွက်ပြေးပြီး ဆေးဝါးများပြန်ယူစဉ် စစ်ကောင်စီတပ်က နှစ်ဦးလုံးကို သတ်ဖြတ်ခဲ့သည်။

သတင်း

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်အမည်အား ဟာသ တစ်တော့ ရုပ်သံတစ်ခု၌ သုံးစွဲရိုက်ကူးထားသည်ဆိုကာ ၎င်းအား စစ်ကောင်စီ၏ ဝါဒဖြန့်ချန်နယ်များတွင်လှုံ့ဆော်ပြီးနောက် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

သတင်း

တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi သည် ပြီးခဲ့သည့် ၂၀၂၂ ဇူလိုင်တွင် ပုဂံမြို့သို့လာရောက်ကာ စစ်ကောင်စီခန့်နိုင်ငံခြားရေးဝန်ကြီး ဝဏ္ဏမောင်လွင်နှင့်တွေ့ဆုံခဲ့သော်လည်း အာဏာသိမ်းစစ်ခေါင်း ဆောင်မင်းအောင်လှိုင်ကိုတွေ့ဆုံခြင်းမရှိခဲ့ပေ။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ဝင်များအနေဖြင့်လည်း အကြမ်းဖက်စစ်ကောင်စီကို နိုင်ငံတ ကာမျက်နှာစာတွင် တိုးမဝင်နိုင်စေရေး သံခင်းတမန်ခင်းစွမ်းရည်ကို သုံးပြီး ဆက်လက် ကြိုးစားကြရန်လည်း ယာယီသမ္မတက တိုက်တွန်းသည်။