Connect with us

Hi, what are you looking for?

သတင်း

ချင်းပြည်နယ်တွင် ကျူးလွန်သည့်စစ်ရာဇဝတ်မှုများအတွက် မင်းအောင်လှိုင်အပါအဝင် စစ်တပ်ထိပ်တန်းခေါင်းဆောင်း ၁၀ ဦးကို ဖိလစ်ပိုင်တွင် တရားစွဲ

တိုင်ကြားသူများထဲတွင် ၂၀၂၁ခုနှစ်စက်တင်ဘာ ၂၉ ရက်က စစ်ကောင်စီတပ်က ပစ်သတ်ခံခဲ့သည့် ပူးရဲလ်တူးသမီးလည်းပါဝင်သည်။ ပူးရဲလ်တူးသည် ပူးဟရမ်ကျင်းနှင့်အတူ ထန်တလန်မြို့က ထွက်ပြေးပြီး ဆေးဝါးများပြန်ယူစဉ် စစ်ကောင်စီတပ်က နှစ်ဦးလုံးကို သတ်ဖြတ်ခဲ့သည်။

(စစ်​ကောင်စီက ၂၀၂၁ ​အောက်တိုဘာ ၂၉ ရက်တွင် ထန်တလန်မြို့ကို မီးရှို့​နေစဥ်။ဓါတ်ပုံ-CHRO)
(စစ်​ကောင်စီက ၂၀၂၁ ​အောက်တိုဘာ ၂၉ ရက်တွင် ထန်တလန်မြို့ကို မီးရှို့​နေစဥ်။ဓါတ်ပုံ-CHRO)

ချင်းပြည်နယ်ကျူးလွန်ခဲ့သော စစ်ရာဇဝတ်များအတွက် အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်အပါအဝင် ထိပ်တန်းစစ်ဗိုလ်ချုပ် ၁၀ဦးတို့ ဖိလစ်ပိုင်တွင် စစ်ရာဇ၀တ်မှုဖြင့်အမှုဖွင့်တရားစွဲရန်လျှောက်ထားလိုက်ကြောင်း ချင်းလူ့အခွင့်အရေးအဖွဲ့က ယနေ့ထုတ်ပြန်လိုက်သည်။

စစ်ကောင်စီသည်အရပ်သားများကိုသတ်ဖြတ်ခြင်း၊ ရုပ်အလောင်းများ ဖျောက်ဖျက်ခြင်း၊ ပြည်သူပိုင် အိမ်ရာများကို မီးရှို့ခြင်း၊ ဘုရားကျောင်းများကို ဖျက်ဆီးခြင်းနှင့် လူသားချင်းစာနာထောက်ထားရေး အကူအညီများကို စစ်လက်နက်အဖြစ် အသုံးပြုခဲ့သည်ဟူ​သော စွပ်စွဲချက်များဖြင့် မနီလာမြို့ရှိ တရားရေးဌာနတွင် ချင်းပြည်နယ်မှ စစ်ကောင်စီ၏ စစ်ရာဇဝတ်မှုကျူးလွန်ခံရသူ ၅ ဦးက တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

၂၀၂၁ ခုနှစ်တွင် မြန်မာနိုင်ငံ အနောက်မြောက်ပိုင်း ထန်တလန်မြို့ကိုစစ်ကောင်စီတပ်များက မီးရှို့ဖျက်ဆီးခဲ့သည့် ဒုတိယနှစ်ပတ်လည်နေ့တွင် တိုင်ကြားချက်ကို လျောက်ထားလိုက်ခြင်းဖြစ်သည်။ စစ်ကောင်စီက ထန်တလန်မြို့တွင် လူနေအိမ် ၂၀၀၀ ခန့်ကို မီးရှို့ဖျက်ဆီးခဲ့ပြီး အနည်းဆုံး လူ ၂၅၀ ကျော်သတ်ဖြတ်ကာ ​ဒေသခံပြည်သူ ၆၀,၀၀၀ ခန့်ကို အိန္ဒိယသို့ မောင်းထုတ်ခဲ့သည်ဟု အဆိုပါထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

“ချင်းပြည်နယ်မှာ ကျူးလွန်နေတဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ရာဇ၀တ်မှုတွေဟာ မြန်မာနိုင်ငံထဲက ချင်းလူမျိုးတွေတိုက်ခိုက်နေတဲ့ အမေ့ခံ စစ်ပွဲရဲ့ တစ်စိတ်တစ်ပိုင်းပါပဲ” ဟု ချင်းလူ့အခွင့်အရေးအဖွဲ့ CHRO ၏ လက်ထောက်အမှုဆောင် ဒါရိုက်တာလည်းဖြစ်သည့် ဆလိုင်းလင်းက ပြောသည်။ ဆလိုင်းလင်း သည် ယခုအမှုဖွင့်တိုင်ကြားသူတဦးလည်းဖြစ်သည်။

Public Service Announcement

Public Service Announcement

“ကျွန်တော်တို့ရဲ့ သင်းအုပ်ဆရာတွေ အသတ်ခံနေရတယ်။ ဘုရားကျောင်းတွေနဲ့ ဘာသာရေးအဆောက်အဦးတွေဖျက်ဆီးခံနေရတယ်။မြန်မာနိုင်ငံမှာ ခရစ်ယာန်တွေ ဒီလိုဖိနှိပ်မှုတွေ ဆက်ဖြစ်နေတော့ ဖိလစ်ပိုင်မှာရှိတဲ့ ညီအစ်ကိုမောင်နှမတွေအနေနဲ့ ကျွန်တော်တို့ အော်ဟစ်သံကို ကြားပြီး တရားမျှတမှု လုပ်ပေးနိုင်ပါစေလို့ ဆုတောင်းပါတယ် ”ဟု သူကဆက်ပြောသည်။

တိုင်ကြားသူများထဲတွင် ၂၀၂၁ခုနှစ်စက်တင်ဘာ ၂၉ ရက်က စစ်ကောင်စီတပ်က ပစ်သတ်ခံခဲ့သည့် ပူးရဲလ်တူးသမီးလည်းပါဝင်သည်။ ပူးရဲလ်တူးသည် ပူးဟရမ်ကျင်းနှင့်အတူ ထန်တလန်မြို့က ထွက်ပြေးပြီး ဆေးဝါးများပြန်ယူစဉ် စစ်ကောင်စီတပ်က နှစ်ဦးလုံးကို သတ်ဖြတ်ခဲ့သည်။

အခြားတိုင်ကြားသူတစ်ဦးမှာ စစ်ကောင်စီတပ်က ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၁၈ ရက်တွင် ပစ်သတ်ခဲ့သည့် အသက် ၃၀ အရွယ် သင်းအုပ်ဆရာကြီး ကျုံးဗျက်ဟမ်၏ ဦးလေးဖြစ်သည်။ စစ်ကောင်စီက သင်းအုပ်ဆရာကိုသတ်ဖြတ်ပြီးနောက် အလောင်းကို အပိုင်းပိုင်းဖြတ်ကာ ဖျောက်ဖျက်ပစ်ခဲ့သည်ဟုသိရသည်။

ထိုအမှုတွဲကို ဖိလစ်ပိုင်ရှေ့နေများဖြစ်သည့် Romel Bagares နှင့် Gilbert Andres တို့က ပူးတွဲရေးသားခဲ့ခြင်းဖြစ်သည်။

၎င်းတို့အဆိုအရဖိလစ်ပိုင်နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုအက်ဥပဒေသည် “ကမ္ဘာပေါ်ရှိ အခြားနေရာများတွင် ကျူးလွန်ခဲ့သော စစ်ရာဇ၀တ်မှုများကို တရားစွဲရန် ဖိလစ်ပိုင်အာဏာပိုင်များကို တာဝန်ပေးထားသော အထင်ကရဥပဒေတစ်ရပ်ဖြစ်သည်” ဟု​ဖော်ပြထားသည် ။

ဆက်စပ်သတင်းများ

ဆောင်းပါး

အမေရိကန်နိုင်ငံသား အဒမ် ကက်စတီလို (Adam Castillo) လွတ်မြောက်လာမှုဟာ သံတမန်ရေးရာ အောင်မြင်မှုတစ်ရပ် ဖြစ်ပေမယ့် ဒီဖြစ်စဉ်ကို မင်းအောင်လှိုင်ဦး‌ဆောင်တဲ့စစ်အုပ်စု နဲ့ သံတမန်ဆက်ဆံရေး ပုံမှန်ပြန် လည်တည်ဆောက်ဖို့ ဒါမှမဟုတ် မြေရှားသတ္တုဆိုင်ရာ သဘောတူညီချက်တွေ ရရှိဖို့ လမ်းဖွင့်ပေးတဲ့ အကြောင်းပြချက်အဖြစ် အသုံးမပြုသင့်ကြောင်း ကယ်လီဖိုးနီးယားအခြေစိုက် မြန်မာနဲ့...

သတင်း

အာဏာသိမ်းစစ်တပ်ကျောထောက်နောက်ခံကြံခိုင်ရေးပါတီရဲ့ ဥက္ကဋ္ဌ နေရာကိုအာဏာသိမ်းမှုထောက်ခံအားပေးသူဦးခင်ရီပဲကိုပါတီညီလာခံမှာ ဆက်လက်ရွေးချယ်ခန့်အပ်လိုက်တယ်လို့ ညီလာခံကို တက်ရောက်ကြတဲ့ပါတီဝင်တွေက သတင်းဖော်ပြလာပါတယ်။

နိုင်ငံတကာ

တောင်တရုတ် ပင်လယ်ထဲက ပိုင်နက် အငြင်းပွားရာ ရေပြင်မှာ ဖိလစ်ပိုင်ရဲ့ ဌာနဆိုင်ရာ ရေယာဉ်ကို တရုတ် ကမ်းခြေစောင့်တပ် ရေယာဉ် က ဝင်တိုက်ခဲ့ကြောင်း သိရပါတယ်။

ဆောင်းပါး

စစ်အုပ်စုက နိုင်ငံတကာကအသိအမှတ်ပြုအောင် ကြိုးပမ်းနေချိန်မှာ အမေရိကန်မရိန်းတပ်သားဟောင်းတစ်ဦးကို လွှတ်ပေးဖို့ အမေရိကန်အရာရှိတွေမြန်မာကိုရှားရှားပါးပါး လာရောက်