Connect with us

Hi, what are you looking for?

LuduNwayOo

မေးမြန်းခန်း

“ရွေးကောက်ပွဲဖြစ်လာလို့ ဝင်တယ်ဆိုလည်း သူတို့ကို ဒီအာဏာရူးကို အာဏာမြဲဖို့ လုပ်တဲ့အတုအယောင် ရွေးကောက်ပွဲ မှာ ပူးပေါင်းပါဝင်တဲ့သူတွေက အကုန်လုံး ပူးတွဲတရားခံတွေဖြစ်ကုန်မှာပေါ့”

ALD ပါတီကပြောရေးဆိုခွင့်ရှိသူ ဦးမျိုးကျော်ကို People’s Spring သတင်းဌာနက ဆက်သွယ်မေးမြန်းဖော်ပြလိုက်ပါတယ်။

︎ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ALD) ပြောရေးဆိုခွင့်ရှိသူ ဦးမျိုးကျော်
︎ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ALD) ပြောရေးဆိုခွင့်ရှိသူ ဦးမျိုးကျော်

▪︎ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ALD) ပြောရေးဆိုခွင့်ရှိသူ ဦးမျိုးကျော်နဲ့ မေးမြန်းခန်း

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ALD) က စစ်ကောင်စီ လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်ထံ မှတ်ပုံတင်မှာ မဟုတ်ဘူးပါဘူး။ ၁၉၈၉ စက်တင်ဘာလမှာစတင်တည်​​ထောင်ခဲ့တဲ့ ALD ပါတီဟာ ၁၉၉၀ ​ရွေး​ကောက်ပွဲမှာ လွှတ်​တော်​နေရာ ၁၁ ​နေရာအနိုင်ရခဲ့ပြီးတာ့ NLD နဲ့ SNLD ပါတီပြီးရင် တတိယအများဆုံးလွှတ်​တော်​နေရာရခဲ့တဲ့ပါတီဖြစ်ပါတယ်။၁၉၉၀ မှာစစ်တပ်ကအာဏာသိမ်းပြီး စစ်တပ်က ပါတီကိုဖျက်သိမ်းဖို့လုပ်ခဲ့​ပေမယ့် အစဥ်အလာကြီးတဲ့ ရခိုင်ပါတီဟာ အခက်အခဲ​တွေကိုဖြတ်​ကျော်ပြီး ဒီ​နေ့အထိ့ဆက်လက်ရပ်တည်​နေပါတယ်။ALD ပါတီကပြောရေးဆိုခွင့်ရှိသူ ဦးမျိုးကျော်ကို People’s Spring သတင်းဌာနက ဆက်သွယ်မေးမြန်းဖော်ပြလိုက်ပါတယ်။

မောင်မောင်/People’s Spring

Public Service Announcement

Public Service Announcement

​မေး-ALD ရဲ့မိတ်ဆွေပါတီ SNLDက ပါတီ မှတ်ပုံတင်တာမျိုး မလုပ်တော့ဘူးလို့ အသိပေးထားတော့ ALD ပါတီ အနေနဲ့ရော လက်ရှိ အခြေအနေအပေါ် ဘာပြောလိုပါသလဲ။

​ဖြေ-ကျနော်တို့ ပါတီက အစောကြီးကတည်းက ရွေးကောက်ပွဲ ပြန်ပြီးမှတ်ပုံမတင်ဘူးဆိုတာကို ပြောထားတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၅ရက် ဗဟိုကော်မတီအစည်းအဝေးမှာတော့ ဗဟိုကော်မတီတွေ၊ မြို့နယ်ခေါင်းဆောင်တွေ တက်ပြီး ဆုံးဖြတ်ချက် ထပ်ပြီးချတယ်လေ။ နောက်ပြီးတော့ ကျနော်တို့က ပါတီရဲ့မူဝါဒအရကလည်း  ကျနော်တို့ ပါတီရဲ့ မူဝါဒမှာကိုယ်က တစ်ပါတီ အာဏာရှင်စနစ်အပါအဝင် မည်သည့်အာဏာရှင်နဲ့မှ မပူးပေါင်းဘူးဆိုတဲ့ အဲဒါ ကိုလည်း အခိုင်အမာပြဌာန်းပြီးဖြစ်တဲ့အတွက်  ကျနော်တို့က အဲဒီ မူဝါဒအပေါ်မှာပဲရပ်တည်တယ်။ အဲဒါကြောင့် ဒီစစ်အာဏာသိမ်းပြီးကတည်းက ကျနော်တို့က အာဏာသိမ်း အစိုးရနဲ့ ပတ်သက်လို့ ဘာမှ ဆက်သွယ်ခြင်း၊ တွေ့ဆုံခြင်း ဘာမှ လုပ်ကိုင်ထားတာမရှိပါဘူး။

​မေး-စစ်ကောင်စီ လက်အောက်ခံ ကော်မရှင်က ပြဌာန်းထားတဲ့အချက်တွေလက်မခံဘူးဆိုတဲ့သ​ဘောလားခင်ဗျ ။

​ဖြေ-လက်မခံဘူး အနေအထားမဟုတ်ဘူး အဲဒီအတိုင်းကို နေတာကျနော်တို။ အဲဒီမှာ အစစ်ဆေးလည်းမခံဘူး။ သူတို့ ဖိတ်တဲ့ပွဲတွေလည်းမသွားဘူး တောက်လျှောက်ပဲ အဲဒီမှာ။ ALD ရဲ့  အဲဒီ သတင်းတွေကိုရှာကြည့်လို့လည်းရပါတယ်။

Public Service Announcement

Public Service Announcement

​မေး-သတင်း​တွေ တွေ့ရပါတယ်။အခုဟာက သူတို့ ရက်သတ်မှတ်ထားတဲ့ နှစ်လဆိုတဲ့ ကာလကလည်းနီးကပ်နေတာကြောင့်မို့ပါ။

​ဖြေ-ဟုတ်ပါတယ်။ အဲဒါကြောင့် အရင်တုန်းက ကျနော်တို့က ပါတီမူဝါဒကို ပြောတာ။ အခုကတော့ ပါတီမှာရှိတဲ့ တာဝန်ရှိတဲ့ ခေါင်းဆောင်တွေ အကုန်လုံး ဗဟိုကော်မတီအစည်းအဝေး ခေါ်ပြီး ထိုင်ပြီးဆုံးဖြတ်လိုက်တာဆိုတော့ပိုပြီးရှင်းလင်းသွားတာပေါ့။

​မေး-အခုလို ဆုံးဖြတ်လိုက်လို့ ပါတီအပေါ် သက်ရောက်လာနိုင်မှုအပေါ် ဘယ်လိုရင်ဆိုင်ဖို့ ပြင်ထားပါသလဲ။

​ဖြေ-ဒါကတော့ သူတို့ကိုယ်၌ကိုယ်ကလည်း ပြောတယ်လေ။ သူတို့ ထုတ်ပြန်ထားတဲ့ ကော်မရှင်ရဲ့ ပါတီ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေ သက်ရောက်မှုက ရက်ပေါင်း ၆၀ အတွင်းမှာ မှတ်ပုံမတင်ဘူးဆိုရင် သူ့ဟာသူ ပျက်ပြယ်သွားမယ်ဆိုတဲ့ဟာကို သူတို့လည်း ထုတ်ပြန်ပြီးသားလေ။ဒီဟာက ကျနော်တို့အတွက် သိပ်ပြီးအဆန်းလည်းမဟုတ်ဘူးလေ။ ကျနော်တို့ ALD ပါတီက ၁၉၉၀ တုန်းကလည်း ဒီလိုပျက်ပြယ်တယ်ဆိုတဲ့ဟာမျိုး အဲဒီတုန်းက ဖျက်သိမ်းလိုက်တာပေါ့။ အဲဒါမျိုး ကြေညာဖူးတယ်လေ။ ဒါပေမဲ့ နိုင်ငံရေးပါတီ ဆိုတဲ့ဟာတွေက သူ့မှာ ပါတီဝင်တွေရှိတယ်။ သူ့ယုံကြည်တဲ့ မူဝါဒ ရှိနေတယ်ဆိုရင် ဘယ်တော့မဆို ဒီပါတီမူဝါဒတွေ ရင်ထဲမှာ ကိန်းအောင်းနေတယ်ဆိုရင် ဘယ်တော့မဆို ပြန်လုပ်လို့လည်း ရတာပဲလေ။ နောက်တစ်ခုက နိုင်ငံရေးကို ယုံကြည်တဲ့ မူဝါဒကိုလည်း စုဖွဲ့လုပ်လို့ရနိုင်တဲ့ဟာတွေလည်း အများကြီးရှိပါတယ်။

​မေး-အာဏာသိမ်းစစ်ကောင်စီဟာ တရားမဝင်ဘူးဆိုတာမျိုးလည်းပြောကြတာရှိတော့ သူတို့ ကော်မရှင်ရဲ့ ကြေညာချက်တွေကရော တရားဝင်မှုရှိပါသလား ။ ဒီအပေါ်ဘာပြောလိုပါသလဲ။

​ဖြေ- ဒီဟာကတော့ သူတို့ အာဏာသိမ်းထားတာကိုယ်က တရားမဝင်ဘူးလေ။အခု အချိန်ထိလည်း ရှင်းရှင်းပြောလို့ရှိရင် ဘယ်နိုင်ငံကမှ သူတို့ကို တရားဝင်အစိုးရလို့လည်း အသိအမှတ်ပြုတဲ့ အနေအထားမျိုး မတွေ့ရဘူးလေ။ နောက် UN အပါအဝင် အာဆီယံအဖွဲ့အစည်းတွေ နောက်ဆုံး အာဆီယံ အထိ ပေါ့ဗျာ သူတို့ကိုယ် နေရာပေးတဲ့ဟာမျိုးတွေ နိုင်ငံတစ်နိုင်ငံ အနေနဲ့ အသိအမှတ်ပြုပြီးနေရာပေးတဲ့ အခန်းကဏ္ဍတွေတောင် မှေးမှိန်လာတယ်။ တနည်းအားဖြင့်ပျောက်ပျက်လာတယ်။ သူတို့ကို အသိအမှတ်ပြုမှုမရှိဘူး။  နောက်ပြီး ပြည်တွင်းအနေနဲ့လည်း မြန်မာနိုင်ငံမှာ ရှိတဲ့နေရာ မြို့နယ် အတော်များများဟာ သူတို့အာဏာသိမ်းပြီးနောက်မှာမှ မာရှယ်လောထုတ်ပြီးတော့ အဲဒီလို အုပ်ချုပ်နေရတဲ့ အနေအထားတွေ ဆိုတော့ သူတို့ရဲ့ တရားမဝင်ဘူးဆိုတဲ့ဟာကို တိတိပပ ပြထားတဲ့ဟာပဲလေ။ ၂၀၀၈ အရဆိုရင် အာဏာသိမ်းမယ်ဆိုရင် အာဏာထိန်းတယ်ပဲ ခေါ်ခေါ် ၊သိမ်းတယ်ပဲ ခေါ်ခေါ် အမှန်က အာဏာသိမ်းတာပဲ။ တစ်နှစ်ရယ် ၆လ နှစ်ကြိမ်ရယ်ဆိုရင် သူတို့ အသွင်တစ်ခု ပြောင်းပေးရမယ်လေ။ ပြန်ပြီးတော့ ။ အဲဒီဟာတွေလည်း သူတို့ တည်ငြိမ်အောင်လည်းမထိန်းနိုင်ဘူး။ မလုပ်နိုင်ဘူး။ ဆိုတော့ ဒီဟာတွေက အာဏာသိမ်းအစိုးရ တနည်းအားဖြင့် အာဏာရူးအစိုးရသာဖြစ်တယ်လေ။ အစိုးရ ဆိုရင်တော့ အာဏာရူးနေတဲ့ အစိုးရပဲလေ။ တကယ့်တကယ်တော့ ဘာမှလည်း အစိုးရတစ်ရပ်ရဲ့ လက္ခဏာကိုယ်က မပြည့်စုံတဲ့ဟာမျိုးလို့ပဲ ပြောရမှာပေါ့။

​မေး-စစ်​ကောင်စီကရွေးကောက်ပွဲ လုပ်မယ်​ပြောပမယ့် တကယ်တန်းလုပ်နိုင်မယ်လို့ထင်ပါသလား။

​ဖြေ-နဂိုရ်တုန်းကတော့ သူတို့ရဲ့ Road Map ၅ချက်လေ။ သူတို့ အာဏာသိမ်းတယ်ဆိုတဲ့အချိန်မှာ ကြေညာတာကတော့ Road Map ၅ချက်ပေါ့ဗျ။ အဲဒါက ကိုဗစ်ရယ် ငြိမ်းချမ်းရေးရယ် ပါတယ်။ နောက်တစ်ခုက ၂၀၂၀ ရွေးကောက်ပွဲ မဲမသမာဘူးဆိုတဲ့ဟာမျိုးပေါ့။ နောက်ဆုံးအချက်က ၂၀၂၃ မှာ ရွေးကောက်ပွဲ ပြန်ပြီး လုပ်ပေးမယ်ဆိုတဲ့ဟာပါတယ်။ အခု သူတို့ ဒီပြီးခဲ့တဲ့ ကာလုံအစည်းအဝေးမှာကိုယ်၌ကိုယ်က ရွေးကောက်ပွဲ ပြန်ပြီးတော့ ဒီနှစ်မှာ မလုပ်နိုင်တော့ဘူးဆိုတဲ့ လက္ခဏာကို ပြတယ်ပေါ့နော်။ ဘာဖြစ်လို့လည်းဆိုရင် နိုင်ငံမှာ တည်ငြိမ်အေးချမ်းမှုမရှိဘူးဆိုတဲ့ အနေအထားမျိုး ပြောပြီး ရွေ့တယ်လေ။ အဲဒီတုန်းက ရွှေ့တာက ၆လလောက်ရွှေ့မယ်ဆိုတဲ့ အနေအထားမျိုး မြင်ရတာ။ ဒါပေမဲ့အခုတခါ ထပ်ပြီး ပြောလာပြန်ပြီ။ မဲစာရင်းတိကျအောင် သန်းခေါင်စာရင်းကောက်မယ်ဆိုတဲ့ဟာ။ ဆိုတော့ ဒီ ရွေးကောက်ပွဲ သူတို့ လုပ်မယ့်အတုအယောင် ရွေးကောက်ပွဲပေါ့ဗျာ သူ့အာဏာကို သူပြန်ပြီး တရားဝင်မှု ပြုမယ့်ရွေးကောက်ပွဲကို သူတို့ ကိုယ်၌ကိုယ်က မလုပ်နိုင်ဘူးဆိုတဲ့ အနေအထားမျိုးကို သွားမယ်။ဆိုတော့ ရွေးကောက်ပွဲဖြစ်မလားဆိုတော့ သူတို့ကိုယ်၌ကိုယ်က ရွေးကောက်ပွဲကို တည်လို့မရတော့ ဘယ်လိုလုပ်ပြီး ရွေးကောက်ပွဲက ဖြစ်နိုင်မလဲ။ ရွေးကောက်ပွဲဖြစ်လာလို့ ဝင်တယ်ဆိုလည်း သူတို့ကို ဒီအာဏာရူးကို အာဏာမြဲဖို့ လုပ်တဲ့အတုအယောင် ရွေးကောက်ပွဲ မှာ ပူးပေါင်းပါဝင်တဲ့သူတွေက အကုန်လုံး ပူးတွဲတရားခံတွေဖြစ်ကုန်မှာပေါ့။