Connect with us

Hi, what are you looking for?

LuduNwayOo

မေးမြန်းခန်း

“လဲနေရင် ပြန်ထမယ်။ ထနိုင်တဲ့နည်းနဲ့ထမယ်။ ဒီခံယူချက်နဲ့ပဲ ကျွန်မနေခဲ့တယ်”

အကြမ်းဖက်မှုကို မျက်ဝါးထင်ထင်ကြုံတွေ့ခဲ့ရပြီး ကံကောင်းထောက်မ၍ အသက်မသေဘဲ လွတ်မြောက်ခဲ့​သောဆရာမတစ်ဦးအား People’s Spring က ဆက်သွယ်မေးမြန်းဖော်ပြလိုက်ပါသည်။

(အဖြစ်ဆိုးဖြစ်ပွားပြီး​​​နောက် က​လေးငယ်များ၏ ​ကျောပိုးအိတ်၊စာအုပ်များနှင့် က​လေးငယ်များ၏ပစ္စည်းများစာသင်ခန်းအတွင်းကျန်ခဲ့ပုံ/စာသင်​ကျောင်းတိုက်ခိုက်ခံရပြီး​နောက်မြင်ကွင်း။ဓါတ်ပုံ-CJ)
(အဖြစ်ဆိုးဖြစ်ပွားပြီး​​​နောက် က​လေးငယ်များ၏ ​ကျောပိုးအိတ်၊စာအုပ်များနှင့် က​လေးငယ်များ၏ပစ္စည်းများစာသင်ခန်းအတွင်းကျန်ခဲ့ပုံ/စာသင်​ကျောင်းတိုက်ခိုက်ခံရပြီး​နောက်မြင်ကွင်း။ဓါတ်ပုံ-CJ)

-လက်ယက်ကုန်းအကြမ်းဖက်မှုကြုံခဲ့​တဲ့ဆရာမနဲ့မေးမြန်းခန်း

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်စက်တင်ဘာလ ၁၆ ရက်နေ့က စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းနှင့် စာသင်ကျောင်းတစ်ခုကို စစ်ကောင်စီတပ်က လေယာဥ်နှစ်စီးဖြင့် တစ်နာရီကြာစီးနင်းပစ်ခတ်ခဲ့သည်။အဆိုပါအကြမ်းဖက်မှုကြောင့် စာသင်နေသည့် ကလေးငယ် ၆ ဦးအပါအဝင် ၁၄ ဦးထက်မနည်း သေဆုံးခဲ့ရပြီးအများအပြား ဒဏ်ရာရရှိခဲ့သည်။စစ်​ကောင်စီက KIA နှင့် PDFများကို တိုက်ခိုက်သည်ဟုအ​ကြောင်းပြ​သော်လည်း လက်ယက်ကုန်းရွာ စီးနင်းတိုက်ခိုက်ခံရ​ချိန်တွင် မည်သည့်လက်နက်ကိုင်မျှမရှိဘဲ စာသင်ခန်းထဲမှ က​လေးများကိုပင် သစ်တပ်က​လေ​ကြောင်းမှပစ်ခတ်သလို ​မြေပြင်သို့ပါဆင်း၍ စီးနင်းပစ်ခတ်သတ်ဖြတ်ခဲ့ကြခြင်းဖြစ်သည်။ စစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်းလက်ယက်ကုန်းလူသတ်ပွဲမှာ ဖားကန့်အနန့်ပါ ၊ကန့်ဘလူ ပဇီကြီးရွာအဖြစ်ဆိုး​တွေထက်​ပို​စောခဲ့သည့်စစ်​ကောင်စီက​လေ​ကြောင်းအသုံးပြုပြီးကိုယ့်ပြည်သူ​တွကိုအကြမ်းဖက်သတ်ဖြတ်ခဲ့​သည့် ဖြစ်ရပ်များစွာထဲမှ အ​စောဆုံးဖြစ်ရပ်တစ်ခုဖြစ်သည်။အဆိုပါ အကြမ်းဖက်မှုကို မျက်ဝါးထင်ထင်ကြုံတွေ့ခဲ့ရပြီး ကံကောင်းထောက်မ၍ အသက်မသေဘဲ လွတ်မြောက်ခဲ့​သောဆရာမတစ်ဦးအား People’s Spring က ဆက်သွယ်မေးမြန်းဖော်ပြလိုက်ပါသည်။

​မေး-အကြမ်းဖက်မှုကြုံပြီး​​နောက်ပိုင်းတစ်နှစ်နီးပါရှိလာတဲ့အခါ လက်ရှိလက်ယက်ကုန်းရွာရဲ့အ​ခြေအ​နေဘယ်လို​နေလဲ။

​ဖြေ-ရွာကတော့ ပုံမှန်ပြန်လည်ပတ်နေပါပြီ။ ဟိုတလောတုန်းက စစ်ကြောင်းထိုးလို့ ရွာကလူတွေပြေးရတယ်။ အခုစစ်ကြောင်းထိုးရင် အရင်ကလိုမဟုတ်တော့ဘူးလေ။ တော်လှန်ရေးစခါစက စစ်ကြောင်းထိုးရင် လက်နက်ကြီးတွေနဲ့ ရွာတွေထဲကိုမပစ်ဘူး။ ချော်ချော်ပစ်တာ။ လှန့်ရုံလောက်ပေါ့။ အခုကျတော့မဟုတ်တော့ဘူး တည့်တည့်ကိုပစ်တာ။ လူတွေရှိမယ့်အိမ်တွေထဲကို တည့်တည့်ကိုပစ်တာ။ ရွာကလူတွေက ကိုယ့်ရွာနဲ့ လေး၊ ငါးရွာလောက် ခြားနေပြီဆိုရင်ကို ပြေးရတော့တာ။ နောက်ပိုင်းပိုဆိုးလာတာက နောက်ထပ်တဆင့်တက်လာတာက ရွာတွေထဲကိုဝင်တော့မယ်ဆိုရင် လက်နက်ကြီးလက်နက်ငယ်တွေနဲ့ တရစပ်ပစ်ပြီးဝင်တယ်။ ပိုပိုဆိုးသွားတော့ သူတို့လာပြီလို့အသံကြားတာနဲ့ ဘယ်လောက်ရွာတွေ ခြားနေပါစေ ပြေးရတော့တာပေါ့။

(အဖြစ်ဆိုးဖြစ်ပွားပြီး​​​နောက် က​လေးငယ်များ၏ ​ကျောပိုးအိတ်၊စာအုပ်များနှင့် က​လေးငယ်များ၏ပစ္စည်းများစာသင်ခန်းအတွင်းကျန်ခဲ့ပုံ/စာသင်​ကျောင်းတိုက်ခိုက်ခံရပြီး​နောက်မြင်ကွင်း။ဓါတ်ပုံ-CJ)
(အဖြစ်ဆိုးဖြစ်ပွားပြီး​​​နောက် က​လေးငယ်များ၏ ​ကျောပိုးအိတ်၊စာအုပ်များနှင့် က​လေးငယ်များ၏ပစ္စည်းများစာသင်ခန်းအတွင်းကျန်ခဲ့ပုံ/စာသင်​ကျောင်းတိုက်ခိုက်ခံရပြီး​နောက်မြင်ကွင်း။ဓါတ်ပုံ-CJ)

​မေး-ဆရာမတပည့်ကလေးတွေ၊ ဒဏ်ရာရခဲ့တဲ့ကလေးတွေ​ရော အခုဘယ်လိုနေလဲ။

Public Service Announcement

Public Service Announcement

​ဖြေ-အဲဒီဖြစ်ပြီးမှတော့ ဆရာမတို့ရွာ မီးနှစ်ခါထပ်ရှို့ခံရတာရယ်၊ စစ်ကြောင်းလာလာထိုးတာရယ် ရှိတယ်။ နောက်ထပ် နစ်နစ်နာနာတော့ သိပ်မဖြစ်တော့ဘူး။ ဝေဟင်ပစ်တုန်းက ဒဏ်ရာရတဲ့ ခြေထောက်ထိတဲ့ကလေးကျတော့ ပုံမှန်အတိုင်း လုံးဝပြန်မဖြစ်တော့ဘူး။ လမ်းသွားတာကအစ လုံးဝလူစဥ်မမီတော့ဘူး။ မျက်လုံးခိုက်မိတဲ့ကလေးလေးဆို ခုချိန်ထိ ဆေးကုရတုန်း။ သိန်းကိုရာချီကုန်နေပြီ။ ကောင်းတဲ့ဘက်ကကြည့်ရင် (မမှန်တဲ့မျက်လုံးဘက်ကကြည့်ရင်)ကို ကလေးကမျက်လုံးကဝါးနေတာ။ မမြင်ရသေးဘူး။

​မေး-ဆုံးသွားတဲ့ကလေးတွေရဲ့ မိသားစုဝင်တွေကော ဘယ်လိုများ ဖြတ်သန်းနေကြလဲ။ ရွာကိုစွန့်ပြီး မြို့ကိုပြောင်းကြတာမျိုးကော ရှိကြလားဆရာမ။

​ဖြေ-မရှိဘူးရှင့် အဲလိုကတော့။ ကျွန်မအမျိုးသားကလည်း အကုန်လုပ်ပေးနေတာဆိုတော့ တစ်ခုခုဆို လာတိုင်ပင်တယ်။ ကျွန်မတို့ကလည်း ပြောပြောပြတယ်။ မြန်မာနိုင်ငံတွင်း ဘယ်မှာပဲသွားသွား မလုံခြုံဘူး။ ကျွန်မတို့ကိုပဲ ကြည့်လိုက်။ ကျွန်မတို့လည်းဒီကိစ္စတွေနဲ့ပတ်သက်ပြီးအပြင်ထွက်ခိုင်းတယ်။ ဒါပေမယ့် ကျွန်မစိတ်ထဲကနေထွက်ကြည်တယ်။

မြန်မာနိုင်ငံတွင်း ဘယ်မှာပဲသွားသွား ထွက်လို့ကတော့ ဘယ်မှမလုံခြုံဘူး။ အဲဒီအတွက်ကြောင့် ကိုယ့်ရှိတဲ့နေရာမှာပဲ အကောင်းဆုံးရပ်တည်တယ်။ သူတို့လာရင် သူတို့နဲ့မမိအောင် လွတ်အောင်ပြေးမယ်လေ။ ပြေးနိုင်ဖို့က အဓိကပဲ။ ကျွန်မတို့ ဝေဟင်နဲ့တုန်းကတောင်ရွာသားတွေလွတ်အောင်ပြေးနိုင်ခဲ့ကြသေးတာပဲ။ သူတို့ မြေပြင်ကလာရင် လွတ်အောင်ပြေးမှာပေါ့။ လေး၊ငါးရွာလောက် ထွက်လာပြီဆိုတာနဲ့ ချက်ချင်း ရွာကို ရောက်အောင်မလာနိုင်ဘူး။ အနည်းဆုံးတော့ လေးငါးခြောက်နာရီကြာအောင် လာရတယ်။ သူတို့ထွက်လာပြီဆိုတာနဲ့ ပြေးကြတာပဲ။ ဘယ်သူမှ မြို့ကိုအခြေချပြီးတော့ သွားနေတဲ့သူ တစ်ယောက်မှမရှိဘူး။

​မေး-အခင်းဖြစ်တာအခုဆို မကြာခင်တစ်နှစ်ပြည့်တော့မယ်။ ဆရာမကိုယ်တိုင်ကော ဘယ်လိုပုံစံမျိုးနဲ့ ကိုယ့်ကိုကိုယ်တည်ဆောက်ခဲ့ရလဲ။

​ဖြေ-ကျွန်မတို့ကတော့ လဲရင်ပြန်ထမယ်ဆိုတဲ့စိတ်ဓာတ်နဲ့ပေါ့။ ကျွန်မတို့လဲနေတုန်းတန်းလန်းကြီး နေလို့မဖြစ်ဘူးလေ ဒီတော်လှန်ရေးက။ ကျွန်မကတော့ လဲနေရင် ပြန်ထမယ်။ ထနိုင်တဲ့နည်းနဲ့ထမယ်။ ဒီခံယူချက်နဲ့ပဲ ကျွန်မနေခဲ့တယ်။

(အဖြစ်ဆိုးဖြစ်ပွားပြီး​​​နောက် က​လေးငယ်များ၏ ​ကျောပိုးအိတ်၊စာအုပ်များနှင့် က​လေးငယ်များ၏ပစ္စည်းများစာသင်ခန်းအတွင်းကျန်ခဲ့ပုံ/စာသင်​ကျောင်းတိုက်ခိုက်ခံရပြီး​နောက်မြင်ကွင်း။ဓါတ်ပုံ-CJ)
(အဖြစ်ဆိုးဖြစ်ပွားပြီး​​​နောက် က​လေးငယ်များ၏ ​ကျောပိုးအိတ်၊စာအုပ်များနှင့် က​လေးငယ်များ၏ပစ္စည်းများစာသင်ခန်းအတွင်းကျန်ခဲ့ပုံ/စာသင်​ကျောင်းတိုက်ခိုက်ခံရပြီး​နောက်မြင်ကွင်း။ဓါတ်ပုံ-CJ)

​မေး-ရွာထဲက တခြားသူတွေကကော ဘယ်လိုခံယူချက်မျိုးနဲ့ ဖြတ်သန်းနေကြလဲ။

​ဖြေ-ရွာထဲကလူတွေလည်း အဲလိုပဲ။ ဒီတော်လှန်ရေးကြီးက ပြည်သူတွေပါမှ နိုင်မယ်ဆိုတာ ကောင်းကောင်းသိတယ်။ သူတို့ဘက်မှာ(စကစဘက်မှာ) ပြည်သူတွေမပါရင် မနိုင်ဘူး။ ပြည်သူတွေမပါသရွေ့ သူတို့လုံးဝမနိုင်နိုင်ဘူး။ သူတို့ လက်နက်ကြီး လက်နက်ငယ် ရှိလို့သာလျှင် ပြည်သူတွေကို နှိပ်စက်နိုင်တယ်ဆိုတာ သိတဲ့အတွက်ကြောင့်မို့ ပြည်သူတွေက သူတို့ဘက်ကိုလုံးဝမပါဘူး။ ပြည်သူ့အစိုးရဘက် ပြည်သူ့ဘက်မှာပဲ ရပ်တည်မယ်ဆိုတဲ့ စိတ်ဓာတ်နဲ့ပဲ သူတို့နေနေကြတာ။ ပြည်သူတွေသူတို့ဘက်မကူးမချင်း သူတို့ဘာမှမလုပ်နိုင်ဘူးဆိုတာ ပြည်သူတွေနားလည်တယ်။ ကျွန်မတို့ရွာသားတွေလည်းနားလည်တယ်။ အကုန်လုံးလည်းနားလည်တယ်။

​မေး-အခုလက်တလောမှာကော ​ဆရာမတို့ရွာမှာ ဘယ်လိုအခက်အခဲ၊ အကူအညီတွေ လိုအပ်နေတာရှိလဲ။

​ဖြေ-မီးရှို့ပြီးခါစကတော့ အိမ်ခြေ ၂၀၀ ကျော် မီးရှို့ခံရတာဆိုတော့ နေရေးထိုင်ရေး တအား ခက်ခဲတာပေါ့။ ကျွန်မတို့ အကူအညီလေးတွေလည်း ရပါတယ်။ အိမ်ဆောက်ဖို့လေ။ ထောက်ပံ့ကြေးလေးတွေလည်း NGO အဖွဲ့အစည်းလေးတွေက လာလှူလို့ ရတယ်။ တစ်ပိုင်တစ်နိုင်လေးတွေ လာလှူကြတာတွေလည်းရှိပါတယ်။ အခုလောလောဆယ်တော့ သူတို့စစ်ကြောင်းထိုးမှာကြောက်နေရတာ။ စပါးစိုက်တဲ့အချိန်ရောက်နေတာလေ။ ပျာယီးပျာယာ စိုက်ကြရတာပေါ့။ အရင်တုန်းကလို လယ်ကောင်းအောင်တို့ ပျိူးကောင်းအောင်တို့ ယူလို့မရဘူး။ ပျိုးပင်ရပြီးရင် ရက်ရရ ၊မရရ စိုက်ပြီးပြီးတာပဲ ဆိုပြီး လုပ်နေရတာပဲ။

​မေး-ရွာထဲမှာ လွန်ခဲ့တဲ့ ၁၁ လလောက်က ကြုံခဲ့ရတဲ့ ကြောက်စရာကောင်းတဲ့ ဖြစ်ရပ်ဆိုးကြီးကြောင့် ရွာသူရွာသားတွေရဲ့ စိတ်ထဲမှာ ခြောက်လှန့်မှု၊ ကြောက်လန့်မှုတွေကော ရှိနေတုန်းပဲလား။

​ဖြေ-မရှိပဲလား။ ရွာသူရွာသားတွေမှ မဟုတ်ဘူး။ တိရိစ္ဆာန်တွေကအစရှိတယ်။ လေယာဥ်သံကြားရင် ကိုယ့်ကိုကိုယ်ကစပြီးဝန်ခံတယ် ကြောက်တယ်။ လက်နက်ကြီးနဲ့စစ်ကြောင်းထိုးလာတယ်ဆိုတာက ပြေးလို့ရတယ်။ စိတ်သက်သာရာရတယ်။ မကြောက်ဘူး။ ဝေဟင်သံကြားပြီဆိုကြောက်တယ်။ ကလေးလူကြီးအကုန်ကြောက်ကြတာ။ တိရိစ္ဆာန်တွေကအစ ​ဘယ်ပြေးလို့ပြေးရမှန်းမသိဘူး ဝေဟင်သံကြားရင်။ လေယာဥ်ကလည်း အမြဲဝဲ အမြဲသွားနေတာ။ ကျွန်မအိမ်က​ခွေးကလေးဆိုရင် အဲအသံ(လေယာဥ်သံ)ကြားလို့ရှိရင် သူ့ခမျာ ဘယ်နေလို့နေရမှန်းမသိဘူး။ ဘယ်ပြေးလို့ပြေးရမှန်းမသိဘူး။

​မေး-အခင်းဖြစ်တာ တစ်နှစ်လည်း ပြည့်တော့မယ်ဆိုတော့ ဆရာမအနေနဲ့ ပြည်သူကိုဘာများပြောချင်လဲ။

​ဖြေ-ပြည်သူတွေ ဇွဲမလျှော့ကြပါနဲ့။ တော်လှန်ရေးကြီးက အောင်မြင်တော့မှာပါ။ပြည်သူတွေ ဒီလိုတစ်တပ်တအား ပါဝင်နေလို့လည်း ပြည်သူတွေ စစ်ဖိနပ်အောက် မရောက်ရတာပဲ။ မပါခဲ့လို့ လက်လျှော့လိုက်ရင် ကျွန်မတို့စစ်ဖိနပ်အောက်ရောက်မှာ သေချာတယ်။ ကျွန်မတို့လို အဖြစ်ဆိုးကြီးတွေ မဖြစ်ကြဖို့သာ တော်လှန်ရေးကိုများများပါဝင်ကြပါ၊ ဒီ့ထက်မကပါဝင်ကြပါလို့ ကျွန်မပြောချင်တယ်။

​မေး-တခြားကော ဘာများဖြည့်စွက်ပြောချင်သေးလဲဆရာမ။

​ဖြေ-ဒီတော်လှန်ရေးကြီး အမြန်ပြီးချင်တယ်ဗျာ။ စစ်အာဏာရှင်စနစ်လည်း မြန်မြန်ချုပ်ငြှိမ်းစေချင်လှပြီ။ ကလေးလေးတွေလည်း လွတ်လွတ်လပ်လပ် စာသင်စေချင်တယ်။ ပြည်သူတွေလည်း လွတ်လွတ်လပ်လပ်သွားစေလာစေချင်တယ်။ အရင်တုန်းက ကျွန်မတို့မြန်မာနိုင်ငံက ၁၂ ရာသီပွဲတော်တွေရှိတယ်လေ။ အခု ပွဲတော်တွေဆိုတာလည်း ပျက်သုဥ်းသွားပြီ။ အလှူအတန်းတွေဆိုတာလည်း ပျက်သုဥ်းသွားပြီ။ မရှိတော့ဘူး။ အဲဒီကျတော့ အရင်တုန်းကလိုအခြေအနေလေးတွေ ပြန်ရောက်ပြီးတော့ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းပြီး အရင်တုန်းကလို အခြေအနေလေးတွေ ပြန်ရောက်စေချင်တယ်။ လွတ်လွတ်လပ်လပ် လူ့အခွင့်အရေး အပြည့်အဝ ပြန်ရစေချင်တယ်။ အဓိကကတော့ ကလေးလေးတွေ လွတ်လွတ်လပ်လပ်စာသင်စေချင်တယ်။

PS-ဖြေကြားပေးတာကျေးဇူးတင်ပါတယ်ဆရာမ။

ဆက်စပ်သတင်းများ

သတင်း

နိုဝင်ဘာလ ၁ ရက် ညနေပိုင်းက စစ်ကောင်စီတပ်၏ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဒီပဲယင်းနယ်အရှေ့ခြမ်းရှိ လက်ယက်ကုန်းကျေးရွာသို့ လက်နက်ကြီး ၂ လုံးကျရောက်ပေါက်ကွဲခဲ့သည်။

သတင်း

စစ်ကိုင်းတိုင်းတွင် အာဏာသိမ်းကာလအတွင်း စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးမှုများကြောင့် ၂၀၂၃ ဇူလိုင်အထိ နေအိမ်ပေါင်း ၅၇,၅၀၃လုံး မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း Data For Myanmarက ထုတ်ပြန်ထားသည်။

သတင်း

စစ်ကောင်စီစစ်ကြောင်းကို PDFခရိုင်တပ်ရင်းများ၊ နယ်မြေခံ (ပကဖ)များနှင့် ​ဒေသခံ ကာကွယ်​ရေးအဖွဲ့များက ပူး​ပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်​ကြောင်းသိရသည်။

သတင်း

စစ်ကောင်စီတပ်သည် စက်တင်ဘာနောက်ဆုံးပတ်အတွင်း ဒီပဲယင်းမြို့နယ်အရှေ့ခြမ်းကို စစ်ကြောင်းထိုးခဲ့ပြီး စက်တင်ဘာ ၂၇ ရက်နတွင် ဒီပဲယင်းမြို့ပေါ် ဝင်ရောက်ခဲ့သည်။