Connect with us

Hi, what are you looking for?

သတင်း

ဒီပဲယင်းမြို့နယ်ရှိ ပုဂံရွာကို စစ်တပ်စီးနင်းပြီး မော်တော်ယာဥ်များ မီးရှို့ဖျက်ဆီး

စစ်ကိုင်းတိုင်းတွင် အာဏာသိမ်းကာလအတွင်း စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးမှုများကြောင့် ၂၀၂၃ ဇူလိုင်အထိ နေအိမ်ပေါင်း ၅၇,၅၀၃လုံး မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း Data For Myanmarက ထုတ်ပြန်ထားသည်။

(မီးရှို့ဖျက်ဆီးခံရသော မော်တော်ယာဥ်များအား တွေ့ရစဥ်။ ဓာတ်ပုံ - ဒီပဲယင်းမြို့နယ် ညီနောင်များ)
(မီးရှို့ဖျက်ဆီးခံရသော မော်တော်ယာဥ်များအား တွေ့ရစဥ်။ ဓာတ်ပုံ - ဒီပဲယင်းမြို့နယ် ညီနောင်များ)

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်ရှိ ပုဂံကျေးရွာကို တွင် စစ်ကောင်စီတပ် ဝင်ရောက်စီးနင်းပြီး မော်တော်ယာဥ်များအား မီးရှို့ဖျက်ဆီးခဲ့ကြောင်း သတင်းရရှိသည်။

အောက်တိုဘာ ၂ ရက်နံနက်ပိုင်းက ပုဂံကျေးရွာမှ ဒေသခံများ၏ လိုက်ထရပ်ယာဥ်တစ်စီးနှင့် ဆိုင်ကယ်သုံးစီးအား မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံများက ပြောသည်။

(မီးရှို့ဖျက်ဆီးခံရသော မော်တော်ယာဥ်များအား တွေ့ရစဥ်။ ဓာတ်ပုံ - ဒီပဲယင်းမြို့နယ် ညီနောင်များ)
(မီးရှို့ဖျက်ဆီးခံရသော မော်တော်ယာဥ်များအား တွေ့ရစဥ်။ ဓာတ်ပုံ – ဒီပဲယင်းမြို့နယ် ညီနောင်များ)

“အိမ်တွေဆိုလည်း ပစ္စည်းတွေထုခွဲ ရိုက်နှက်ဖျက်ဆီးတာမျိုးတွေ လုပ်သွားတယ်။ နေအိမ်တွေကိုတော့ မီးရှို့တာမရှိဘူး။”ဟု ဒေသခံတစ်ဦးက ပြောသည်။

ထို့အပြင် စစ်ကောင်စီတပ်သည် စက်တင်ဘာ ၃၀ ရက်နှင့် အောက်တိုဘာ ၂ ရက်က လက်တီးရွာနှင့် နဘဲလှကျေးရွာမှ အမျိုးသားနှစ်ဦးအား သတ်ဖြတ်သွားကြောင်း ဒီပဲယင်းမြို့နယ်ညီနောင်များအဖွဲ့က ပြောသည်။

Public Service Announcement

Public Service Announcement

(မီးရှို့ဖျက်ဆီးခံရသော မော်တော်ယာဥ်များအား တွေ့ရစဥ်။ ဓာတ်ပုံ - ဒီပဲယင်းမြို့နယ် ညီနောင်များ)
(မီးရှို့ဖျက်ဆီးခံရသော မော်တော်ယာဥ်များအား တွေ့ရစဥ်။ ဓာတ်ပုံ – ဒီပဲယင်းမြို့နယ် ညီနောင်များ)

အဆိုပါ စစ်ကြောင်းသည် အောက်တိုဘာ ၃ရက်တွင် ဒီပဲယင်းမြို့သို့ ရောက်ရှိသွားကြောင်း သိရသည်။

စစ်ကိုင်းတိုင်းတွင် အာဏာသိမ်းကာလအတွင်း စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးမှုများကြောင့် ၂၀၂၃ ဇူလိုင်အထိ နေအိမ်ပေါင်း ၅၇,၅၀၃လုံး မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း Data For Myanmarက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တွေမြို့နယ်တိုက်ပွဲတွေမှာ အထိနာနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ ဒီနေ့တရက်တည်းမှာ ရခိုင်ပြည်နယ်၊ ပေါက်တော၊ မင်းပြား နဲ့ ဂွမြို့နယ်တို့ကို ဗုံးကြဲခဲ့ပြီး အမျိုးသမီးတဦးသေဆုံးကာ ကျောင်းသားတဦး အပါအဝင် ​ဒေသခံပြည်သူနှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ဆောမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့ အင်အားဖြည့်မှုတွေကြောင့် တိုက်ပွဲတွေ ပိုပြင်းထန်လာနိုင်တယ်လို့ ဒေသတွင်းစစ်ရေးတာ၀န်ရှိသူနဲ့ သတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

စက်တင်ဘာ ၄ ​နောက်ပိုင်းစစ်လက်ချက်ကြောင့်အရပ်သားအနည်းဆုံး၆ ဦး​သေနဲ့ ၆ ဦးဒဏ်ရာရ

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ်ရှိကြသောင်းဆိပ်(ယိုကလား)ရွာကိုအာဏာသိမ်းစစ်တပ်က က်တင်ဘာလ ၁၉ ရက်ညနက်ပိုင်းမှာဗုံးကြဲတာကြောင့်စာသင်ကျောင်းအပါအဝင်နေအိမ်အလုံး ၄၀ နီးပါး ထိခိုက်ပျက်စီးခဲ့ရတယ်လို့ KNU ဒူးသထူ(သထုံ)ခရိုင်က ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။