Connect with us

Hi, what are you looking for?

သတင်း

လက်ယက်ကုန်းရွာလက်နက်ကြီးကျရောက်ပေါက်ကွဲမှု​ကြောင့် သေဆုံးသူတစ်ဦးတိုးလာ

နိုဝင်ဘာလ ၁ ရက် ညနေပိုင်းက စစ်ကောင်စီတပ်၏ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဒီပဲယင်းနယ်အရှေ့ခြမ်းရှိ လက်ယက်ကုန်းကျေးရွာသို့ လက်နက်ကြီး ၂ လုံးကျရောက်ပေါက်ကွဲခဲ့သည်။

(လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့သော နေအိမ်တစ်လုံးအား တွေ့ရစဥ် ။ဓာတ်ပုံ-CJ)
(လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့သော နေအိမ်တစ်လုံးအား တွေ့ရစဥ် ။ဓာတ်ပုံ-CJ)

▪︎ကလေး၃ဦးလည်း အသက်အန္တရာယ်စိုးရိမ်နေရ

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းကျေးရွာတွင် ယမန်နေ့က စစ်တပ်၏ ပစ်ခတ်မှုကြောင့် ထိခိုက်ဒဏ်ရာရထားသည့် အမျိုးသမီးတစ်ဦး ထပ်မံသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရထားသည့် ကလေး ၃ ဦးလည်း အသက်အန္တရာယ်စိုးရိမ်နေရကြောင်း ​ဒေသခံများက ပြောသည်။

နိုဝင်ဘာလ ၁ ရက် ညနေပိုင်းက စစ်ကောင်စီတပ်၏ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဒီပဲယင်းနယ်အရှေ့ခြမ်းရှိ လက်ယက်ကုန်းကျေးရွာသို့ လက်နက်ကြီး ၂ လုံးကျရောက်ပေါက်ကွဲခဲ့သည်။

ထိုလက်နက်ကြီးကြောင့် လက်ယက်ကုန်းရွာနေ အသက်၄၂ အရွယ် မချယ်ရီအေးသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရထားသူများအနက် ယနေ့(နိုဝင်ဘာလ ၂ ရက်နေ့)တွင် အသက် ၄၆ နှစ်အရွယ် မခင်ဝေဦး ထပ်မံသေဆုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။

“မချယ်ရီအေးက မနေ့ညကဆုံးတာ။ မခင်ဝေဦးက ဒီနေ့ဆေးကုနေရင်း နေ့ခင်း ၂နာရီလောက်မှာဆုံးတာ။”ဟု ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် အသက် ၅နှစ်အရွယ်ရှိ မောင်ဖြိုးခန့်ဇော်၊မောင်ပြည့်ဖြိုးစုံနှင့် မောင်ကောင်းစည်သူတို့ ဒဏ်ရာရရှိထားပြီး ဆေးကုသမှုခံယူနေရကာ အသက်အန္တရာယ် စိုးရိမ်နေရသည်ဟု ဒေသတွင်းသတင်းများဖော်ပြ​​ပေး​နေ​သောသတင်း​​ပေချ်အချို့က​ဖော်ပြသည်။

လက်ယက်ကုန်းရွာအား ရေဦးမြို့၊ ကြာဖူးအဝိုင်းမှ စစ်အုပ်စုက ရမ်းသမ်းပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက​ပြောသည်။

လက်ယက်ကုန်းရွာရှိဘုန်​ကြီး​ကျောင်းတွင်စာသင်​နေ​သော​ကျောင်းသားငယ်များကို ၂၀၂၂ ခုနှစ် စက်တင်ဘာလ၁၆ ရက်နေ့ကလည်း စစ်တပ်က လေကြောင်းမှ ပစ်ခတ် တိုက်ခိုက်ခဲ့၍ ဘုန်းတော်ကြီးကျောင်းနှင့် စာသင်ကျောင်းရှိ ကလေးငယ် ၆ ဦးအပါအဝင် ပြည်သူ၁၁ဦးသေဆုံးခဲ့ပြီး ဆယ်နှင့်ချီ ဒဏ်ရာရရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်အနောက်ခြမ်းရှိကျွန်းကြီးရွာမှာတပ်စွဲထားတဲ့ စစ်တပ်က ဒီက​နေ့မနက်ပိုင်းမှာလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ​​ကြောင့် ဝက်လက်မြို့နယ်အရှေ့ခြမ်းကိုကျပြီး လင်မယားနှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

နိုင်ငံတကာ

နိုင်ငံရဲ့ လက်နက်ကြီး ပစ်အားကို လက်တွေ့ စမ်းသပ်တဲ့ လေ့ကျင့်ပစ်ခတ်မှုတစ်ခု လုပ်ဆောင်ခဲ့ကြောင်း မြောက်ကိုရီးယားက ထုတ်ပြန်ပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့မှာ ဒီနေ့ စက်တင်ဘာလ ၉ရက် ညနေ ၆နာရီခန့်က ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့တယ်လို့ အဆိုပါ မြို့ခံတွေက ပြောပါတယ်။

သတင်း

စစ်တွေမြို့နယ်နဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်နေရာတွေမှာ တိုက်ပွဲဖြစ်နေချိန် စစ်တွေမြို့ပေါ် အထက(၄)စာသင်ကျောင်းဝင်းထဲနဲ့ စံပြရပ်ကွက်ထဲကို ဒီနေ့ မနက်ပိုင်းမှာ လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲခဲ့တယ်လို့ မြို့ခံတွေက ပြောကြပါတယ်။