Connect with us

Hi, what are you looking for?

သတင်း

ဒီပဲယင်းမြို့နယ်တွင် စစ်ကောင်စီတပ်သတ်ဖြတ်၍ အမျိုးသားတစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ

စစ်ကောင်စီတပ်သည် စက်တင်ဘာနောက်ဆုံးပတ်အတွင်း ဒီပဲယင်းမြို့နယ်အရှေ့ခြမ်းကို စစ်ကြောင်းထိုးခဲ့ပြီး စက်တင်ဘာ ၂၇ ရက်နတွင် ဒီပဲယင်းမြို့ပေါ် ဝင်ရောက်ခဲ့သည်။

(ယနေနံနက်ပိုင်းက မိုးရွာထဲ ထွက်ပြေးတိမ်းရှောင်လာသော ဒီပဲယင်းနယ်အနောက်ခြမ်းကျေးရွာနေ ပြည်သူများအား တွေ့ရစဥ်။ ဓာတ်ပုံ - ဒီပဲယင်းမြိုနယ်စစ်ရှောင်ထောက်ပံ့ရေး)
(ယနေနံနက်ပိုင်းက မိုးရွာထဲ ထွက်ပြေးတိမ်းရှောင်လာသော ဒီပဲယင်းနယ်အနောက်ခြမ်းကျေးရွာနေ ပြည်သူများအား တွေ့ရစဥ်။ ဓာတ်ပုံ - ဒီပဲယင်းမြိုနယ်စစ်ရှောင်ထောက်ပံ့ရေး)

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်တွင် စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ်၏ ပစ်ခတ်သတ်ဖြတ်မှုကြောင့် အမျိုးသားတစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရရှိကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ယနေ့(စက်တင်ဘာ ၃၀ရက်)နံနက်ပိုင်းမှစတင်ကာ ဒီပဲယင်းမြို့နယ်အနောက်ခြမ်းသို့ စစ်ကြောင်းထိုးနေသော စစ်ကောင်စီတ​ပ်သည် လပ်တီးကျေးရွာမှ ဒေသခံပြည်သူ ဦးအား ဖမ်းဆီးပြီး အသက်(၄၅)နှစ်အရွယ် အမျိုးသားအား သတ်ဖြတ်ခဲ့ကြောင်း ဒီပဲယင်းမြို့နယ်စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့က ပြောသည်။

ထို့အပြင် ပျံကျကျေးရွာသို့ ဝင်ရောက်စဉ် လက်နက်ကြီးများဖြင့် အကြောင်းမဲ့ ပစ်ခတ်ခဲ့၍ (၄၀)အရွယ် အမျိုးသားတစ်ဦး လက်နက်ကြီးထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း အထက်ပါအဖွဲ့က ပြောသည်။

Public Service Announcement
Public Service Announcement

ထို့အပြင် ညနေ ၅နာရီ ၄၅မိနစ်ခန့်က မုံရွာအနောက်မြောက်တိုင်း စစ်ဌာနချုပ်(နမခ)မှ တက်လာသည့် Mi-35 ရဟတ်ယာဥ် တစ်စီးသည် ဒီပဲယင်းမြို့နယ်၊ အနောက်ခြမ်းရှိ စစ်ကောင်စီစစ်ကြောင်းဝင်နေသော အေးသာယာ(ပျံကျရွာ)အနီးဝန်းကျင်ကို လေကြောင်းပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း People’s Defense Comrade အဖွဲ့ ပြန်ကြားရေးတာဝန်ခံ ကိုထူးခန့်ဇော်(အမေ့သား)က ပြောသည်။

Public Service Announcement

Public Service Announcement

သို့သော် လေကြောင်းပစ်ခတ်မှုကြောင့် ထိခိုက်မှုအခြေအနေများကိုမူ မသိရသေးပေ။

ထို့အပြင် တော်လှန်ရေးအင်အားစုများနှင့် စစ်ကောင်စီစစ်ကြောင်း ထိတွေ့ပစ်ခတ်မှုများလည်းရှိပြီး စစ်ကောင်စီတပ် ထိခိုက်မှုများကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

“လေကြောင်းပစ်တာ ထိခိုက်မှုတော့မရှိဘူး ။ ပြည်သူတစ်ဦးပဲ လပ်တီးရွာမှာ ခေါင်းဖြတ်အသတ်ခံလိုက်ရတယ်။ စစ်ခွေးအသေအပျောက်လည်းရှိထားပါတယ်။”ဟု ကိုထူးခန့်ဇော်က ပြောသည်။

ယခုလက်ရှိတွင် အဆိုပါစစ်ကောင်စီတပ်သည် ပျံကျ(အေးသာယာ) ရွာ၌ တပ်စွဲထားကြောင်း သိရသည်။

စစ်ကောင်စီတပ်သည် စက်တင်ဘာနောက်ဆုံးပတ်အတွင်း ဒီပဲယင်းမြို့နယ်အရှေ့ခြမ်းကို စစ်ကြောင်းထိုးခဲ့ပြီး စက်တင်ဘာ ၂၇ ရက်နတွင် ဒီပဲယင်းမြို့ပေါ် ဝင်ရောက်ခဲ့သည်။

ထို့နောက် ယနေ့(စက်တင်ဘာလ ၃၀ ရက်) နံနက်ပိုင်းတွင် ဒီပဲယင်းမြို့ပေါ်မှ အင်အား ၁၀၀ ခန့်ဖြင့် မြို့နယ်အနောက်ခြမ်းသို့ စစ်ကြောင်းထိုးလာသောကြောင့် ဒီပဲယင်းမြို့နယ်အနောက်ခြမ်းရှိ ကျေးရွာများမှ ဒေသခံပြည်သူ ၅၀၀၀ ကျော်မှာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒီပဲယင်းမြို့နယ်စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့က ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့တော်မှာမြန်မာအမျိုးသမီးတစ်ဦးသတ်ဖြတ်ခံရပြီးရုပ်အလောင်းကိုအပိုင်းပိုင်းခုတ်ထစ်ဖြတ်တောက်ခံထားရတဲ့ဖြစ်စဉ်နဲ့ ပတ်သက်လို့သံသယရှိခံရသူခင်ပွန်းဖြစ်သူကိုရဲတွေကအပူတပြင်းလိုက်ရှာနေပါတယ်။

နိုင်ငံတကာ

ထိုင်းမှာ အသက် ၁၃ နှစ်အရွယ် မိန်းကလေးငယ် တစ်ယောက်ဟာ အရုပ်နဲ့ ဖုန်းလုရင်း ညီမကို သတ်ဖြတ်ခဲ့ကြောင်း သိရပါတယ်။ သူနဲ့အတူ တခြား ဆွေမျိုးရင်းခြာ ဆယ်ကျော်သက် တစ်ဦးလည်း အဖမ်းခံခဲ့ရပါတယ်။

သတင်း

ရန်ကုန်မြို့၊တောင်ဥက္ကလာပမြို့နယ်မှာ အမျိူသမီး ၁ဦး ဓာတ်လိုက်သေဆုံးမှုဖြစ်ခဲ့တယ်လို့ သွားရောက်ကူညီပေးခဲ့တဲ့ မေတ္တာသီတာရေစင်လူမှုကူညီရေးအသင်းက အသိပေးထားပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ကမြစ်ခြေမြို့မှာကလေးငယ်တွေအပါအဝင်အရပ်သား၄၀ကျော်သတ်ဖြတ်ခံထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။