Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ဒီပဲယင်းမြို့နယ်တိုက်ပွဲ စစ်ကောင်စီတပ် အထိနာ

စစ်ကောင်စီစစ်ကြောင်းကို PDFခရိုင်တပ်ရင်းများ၊ နယ်မြေခံ (ပကဖ)များနှင့် ​ဒေသခံ ကာကွယ်​ရေးအဖွဲ့များက ပူး​ပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်​ကြောင်းသိရသည်။

(စက်တင်ဘာ ၃၀ရက်နံနက်ပိုင်းက မိုးရွာထဲ ထွက်ပြေးတိမ်းရှောင်လာသော ဒီပဲယင်းနယ်အနောက်ခြမ်းကျေးရွာနေ ပြည်သူများအား တွေ့ရစဥ်။ ဓာတ်ပုံ - ဒီပဲယင်းမြိုနယ်စစ်ရှောင်ထောက်ပံ့ရေး)
(စက်တင်ဘာ ၃၀ရက်နံနက်ပိုင်းက မိုးရွာထဲ ထွက်ပြေးတိမ်းရှောင်လာသော ဒီပဲယင်းနယ်အနောက်ခြမ်းကျေးရွာနေ ပြည်သူများအား တွေ့ရစဥ်။ ဓာတ်ပုံ - ဒီပဲယင်းမြိုနယ်စစ်ရှောင်ထောက်ပံ့ရေး)

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်အား တိုက်ခိုက်ရာ အထိနာပြီးနောက် စစ်ကောင်စီတပ်က အရပ်သားတစ်ဦးသတ်ဖြတ်ကာ နှစ်ဦးကို ဖမ်းဆီးသွားကြောင်း ဒေသကာကွယ်ရေးရဲဘော်များက ပြောသည်။

ယမန်နေ့(စက်တင်ဘာ ၃၀ရက်)ညနေကအင်အား ၇၀ ကျော်ပါ အောင်လံအခြေစိုက် ခလရ (၇၁)စစ်ကြောင်းကို ဒီပဲယင်းမြို့ ပျံကျကျေးရွာအနီးတွင် ​ဒေသတွင်းတော်လှန်ရေးအင်အားစုများနှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း People’s Defense Comrade အဖွဲ့ ပြန်ကြားရေးတာဝန်ခံ ကိုထူးခန့်ဇော်(အမေ့သား)က ပြောသည်။

“တိုက်ပွဲမှာ ၁၂ကောင် သေတယ်။ တိုက်ပွဲဖြစ်ပွားပြီးမကြာဘူး။ မုံရွာ(နမခ)ကနေ Mi-35 တစ်စီးနဲ့ ၃၀ရက်နေ့ ညနေ၅နာရီ၅၀မိနစ်မှာ ပျံကျရွာအနီးကို လေကြောင်းပစ်ကူတိုက်ခိုက်ခဲ့တာကြောင့် ရဲဘော်တွေအကုန် ဘေးကင်းစွာဆုတ်ခွာလာနိုင်ခဲ့ကြတယ်။ အရပ်သားပြည်သူတွေလည်း ထိခိုက်မှုမရှိခဲ့ဘူး”ဟု ကိုထူးခန့်ဇော်(အမေ့သား)က ပြောသည်။

“ကားလမ်းနဲ့ မီတာ(၁၀၀)အကွာမှာ ဒေသခံ တော်လှန်ရေးအဖွဲ့ပေါင်းစုံနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားကာ အကြမ်းဖက်စစ်ကောင်စီဘက်က (၁၂) ဦးခန့် သေဆုံးနိုင်ကြောင်းနှင့် ဒဏ်ရာရရှိမှုများလည်း ရှိတယ်လို့ သတင်းကြားသိရပါတယ်။”ဟု ဒီပဲယင်းမြို့နယ် ညီနောင်များအဖွဲ့က အသိပေးသည်။

Public Service Announcement

Public Service Announcement

တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်သား ၁၂ဦးထက်မနည်းသေဆုံးသည်ဟုလည်း ဒေသကာကွယ်ရေးရဲဘော်များက လည်းပြောသည်။ သို့​သော် စစ်​ကောင်စီတပ် ​သေဆုံးထိခိုက်မှု အ​ခြေအ​နေကို People’s Spring က သီးခြားအတည်မပြုနိုင်ပါ ။

“မြေပြင်တိုက်ပွဲမှာ ထိ‌တော့ လေကြောင်းကနေလာပစ်တယ်။မြေပြင်မှာကျ အရပ်သားတစ်ဦးကိုသတ်သွားတယ်”ဟု ဒေသကာကွယ်ရေးအဖွဲ့ဖြစ်သော ငှက်ဆိုးကြီးပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ရှိသူက ပြောသည်။

သတ်ဖြတ်ခံရသူမှာ ပြည်ခိုင်ဖြိုးပါတီထောက်ခံသူ ကိုနိုင်ဝင်းဖြစ်ပြီး ခြေလက်တို့ကို ဖြတ်တောက်ထားသည်ကို တွေ့ရခြင်းဟု ကာကွယ်ရေးရဲဘော်များက ပြောသည်။

စစ်ကောင်စီစစ်ကြောင်းကို PDFခရိုင်တပ်ရင်းများ၊ နယ်မြေခံ (ပကဖ)များနှင့် ​ဒေသခံ ကာကွယ်​ရေးအဖွဲ့များက ပူး​ပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်​ကြောင်းသိရသည်။

ညနေ ၆နာရီခန့်တွင် မုံရွာအနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)မှ တက်လာသည့် တိုက်ခိုက်ရေးရဟတ်ယာဉ်Mi-35 တစ်စီးဖြင့် ပျံကျရွာအနီးဝန်းကျင်ကို လေကြောင်းမှတိုက်ခိုက်ခဲ့သည်ဟု သိရသည်။ လေကြောင်းတိုက်ခိုက်မှုတွင် ထိခိုက်ဒဏ်ရာရသူမရှိကြောင်း ငှက်ဆိုးကြီးပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြောသည်။

စစ်ကောင်စီစစ်ကြောင်းသည် ပျံကျရွာအတွင်း တပ်စွဲထားဆဲဖြစ်ပြီး ဘေးပတ်ဝန်းကျင်ရွာများသို့ စစ်ကြောင်းထိုးရန် ကြိုးပမ်းနေကြောင်း သတင်းရရှိသည်။ လက်ရှိတွင် ဒီပဲယင်းမြိုနယ်အတွင်း စစ်ကောင်စီ စစ်ကြောင်း သုံးခုရှိနေပြီး ပုဂံ၊ လက်တီး၊ယင်းတွေ၊ ခွန်းတောင်း ၊ ကံပြား၊ သပြေသာ၊ အောင်ချမ်းသာ၊မှန်သာ၊ ငြိမ်းချမ်းရွာသစ် ၊ အင်းတန်း ၊ တောကျောင်းနှင့် မဲသည်ကျေးရွာတို့မှ ဒေသခံပြည်သူ ထောင်နှင့်ချီ ထွက်ပြေးတိမ်းရှောင်‌နေကြရကြောင်း သတင်းရရှိသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

မြိတ်ခရိုင်အတွင်း စစ်ရေးတိုက်ခိုက်မှုများတွင်ပါဝင်သော ပူးပေါင်းစစ်ကြောင်းများအနက် မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း(၁)တွင် မြိတ်ခရိုင်တပ်ရင်း ၂ (တပ်ခွဲ ၁ )၊ ဘက်မလိုက်ပြောက်ကျား တပ်ဖွဲ့၊ တောင်ပိုင်းသူရဲကောင်းတပ်ဖွဲ့ (SWDF)၊ မြိတ်မြို့နယ် (ပ.က.ဖ) နှင့် ADF ဒရုန်းအဖွဲ့တို့ပူးပေါင်းပါဝင်ဖွဲ့စည်းထားသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။