Connect with us

Hi, what are you looking for?

မေးမြန်းခန်း

“မော်လူးက အစဖြစ်တယ်။ မြို့သိမ်းတိုက်ပွဲတွေဆက်လုပ်မှာပါ”

ဒီဇင်ဘာ ၁၃ ရက် ည‌နေပိုင်းအထိ မော်လူးမြို့နောက်ဆုံးအခြေအနေနှင့်ပတ်သက်၍မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) (မြောက်ပိုင်း)တာဝန်ရှိသူတစ်ဦးထံ People’s Spring ကဆက်သွယ်မေးမြန်းထားပါသည်။

"မော်လူးက အစဖြစ်တယ်။ မြို့သိမ်းတိုက်ပွဲတွေဆက်လုပ်မှာပါ"
"မော်လူးက အစဖြစ်တယ်။ မြို့သိမ်းတိုက်ပွဲတွေဆက်လုပ်မှာပါ"

▪︎ABSDF (​မြောက်ပိုင်း)တာဝန်ရှိသူတစ်ဦးနဲ့​မေးမြန်းခန်း

စစ်ကိုင်းတိုင်း၊ မော်လူးမြို့မှ စစ်ကောင်စီရဲစခန်းကို KIA၊ ABSDF ၊PDF နှင့် ပူးပေါင်းတပ်ဖွဲ့များက ဒီဇင်ဘာ ၁၃ ရက် နံနက် တိုက်ခိုက်ပြီးနောက် မြို့ကို ထိန်းချုပ်လိုက်သည်။ စစ်ကောင်စီဘက်က သေဆုံးသူများရှိသလို အများအပြားထွက်ပြေးသွားကြသည်။ မြို့သိမ်းခံရပြီး​နောက် စစ်ကောင်စီတပ်က လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်နေသည်။ ဒီဇင်ဘာ ၁၃ ရက် ည‌နေပိုင်းအထိ မော်လူးမြို့နောက်ဆုံးအခြေအနေနှင့်ပတ်သက်၍မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) (မြောက်ပိုင်း)တာဝန်ရှိသူတစ်ဦးထံ People’s Spring ကဆက်သွယ်မေးမြန်းထားပါသည်။

မေး။မော်လူးမြို့ လက်ရှိအခြေအနေကို သိပါရစေ။

ဖြေ။မော်လူးက ကျနော်တို့အလုံးစုံထိန်းချုပ်ထားပါပြီ။ စစ်ကောင်စီရဲ့ လေကြောင်းရန်ကတော့ရှိနေပါတယ်။ ပြည်သူတွေအနေနဲ့ကတော့ ဝင်ပြီး နေထိုင်ဖို့မသင့်တော်သေးပါဘူး။ ရန်သူကတော့တော်တော်များများချေမှုန်းပြီးပြီ။ ထွက်ပြေးတဲ့သူတွေကိုလည်း လက်ရှိအချိန်အထိ ပိုက်စိပ်တိုက်လိုက်လံဖမ်းဆီးနေတဲ့အခြေအနေပါ။

Public Service Announcement

Public Service Announcement

‌မေး။မော်လူးမြို့မှာ စစ်ကောင်စီစခန်းဘယ်နှခုရှိလဲ။

ဖြေ။အရင်ကတော့ မော်လူးမြို့အဝင်မှာ ဘုရားကုန်းဆိုတာရှိတယ်။အဲ့မှာစခန်းထိုင်တယ်။ ရဲစခန်းမှာရှိတယ်။ အ.ထ.ကကျောင်းမှာရှိတယ်။ အခုကတော့ ရဲစခန်းမှာပဲရှိပါတယ်။ အဓိက ကမိုးညှင်းမှာ အင်နဲ့အားနဲ့ ထိုင်ထားတာပါ။

မေး။မော်လူးမြို့နဲ့မိုးညှင်းမြို့ဘယ်နှစ်မိုင်လောက်ဝေးလဲ။

‌ဖြေ ။မိုင်(၃၀)လောက်ပဲဝေးပါတယ်။ အခုတော့ မော်လူးမြို့နဲ့မိုးညှင်းမြို့ကြားက မော်ဟန်မှာ သူတို့(စစ်ကောင်စီတပ်) လာထိုင်ထားပါတယ်။

မေး ။ ဒီနေ့တိုက်ပွဲမှာ ထိခိုက်မှုအခြေအနေကိုသိပါရစေ။

ဖြေ ။ကျနော်တို့ဘက်ကရဲဘော်နှစ်ဦး တော်လှန်ရေးအတွက်အသက်ပေးလိုက်ရပါတယ်။ အသေးစားဒဏ်ရာရသူက နှစ်ဦးသုံးဦးပဲရှိပါတယ်။ စစ်ကောင်စီဘက်ကတော့ အလောင်းခုနစ်လောင်းရပါတယ်။ သေတဲ့အထဲမှာ စခန်းမှူးပါပါတယ်။ ထွက်ပြေးသွားတဲ့အထဲမှာ သက်ပြည့်ပင်စင်ပြည့်ကာနီးတပ်ကြပ်ကြီးပါမယ်။ ရဲတပ်သားပါမယ်။ စစ်​ေးတွေပါမယ်။ ရဲမေတွေကတော့ ပြီးခဲ့တဲ့လကမှ CDM ဝင်ထားလို့ မထိခိုက်ခဲ့ပါဘူး။

မေး။မြို့ လတ်တလောအခြေအနေနဲ့ပတ်သက်ပြီးပြည်သူတွေကိုဘယ်လိုသတင်းစကားပါးချင်လဲ။

ဖြေ – လေကြောင်းရန် ရှိနေလို့ အစစအရာရာဂရုစိုက်နေကြပါ။ ချက်ချင်းကြီးပြန်မဝင်စေချင်သေးဘူးဗျာ။ မော်လူးက အစဖြစ်တယ်။ မြို့သိမ်းတိုက်ပွဲတွေဆက်လုပ်မှာပါ။ အခုလိုအောင်မြင်မှုရတယ်ဆိုတာ လူထုရဲ့ထောက်ခံမှုက အဓိကကျပါတယ်။ အမြို့မြို့အနယ်နယ်တိုင်းမှာရှိနေတဲ့ ပြည်သူတွေအနေနဲ့ ကျနော်တို့ကိုကူညီကြပါ။ သတင်းတွေပေးကြပါလို့ မေတ္တာရပ်ခံချင်ပါတယ်ဗျ။ ။

ဆက်စပ်သတင်းများ

သတင်း

မန္တလေး-မြစ်ကြီးနားလမ်းပေါ်ရှိ စစ်တပ် စခန်းတစ်ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က သိမ်းပိုက်ခဲ့သလို စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ် အင်းတော်မြို့နဲ့ မော်လူးမြို့တို့ကိုလည်း တိုက်ခိုက်ထိုးစစ်ဆင်နေတယ်လို့ ကချင်ဒေသ စစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ အင်းတော်နဲ့ မော်လူးမြို့အနီးမှာ တိုက်ပွဲတွေပြင်းထန်နေလို့ ကျေးရွာတွေမှာ ကျန်ရှိနေတဲ့ အရပ်သားပြည်သူတွေ ဘေးလွတ်ရာတိမ်းရှောင်ကြဖို့ တော်လှန်ရေးရဲဘော်တွေက ထပ်မံသတိပေးပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊အင်းတော်မြို့နယ်၊ မော်လူးမြို့အနီးမှာ ‌တိုက်ပွဲအပြင်းအထန်ဖြစ်ပြီးတဲ့နောက် ပြည်သူ့ကာကွယ်ရေးတပ်တွေက ဆုတ်ခွာသွားလို့ စစ်တပ်က ပြန်လည်ထိန်းချုပ်သွားပြီလို့ သတင်းရရှိပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ မော်လူးမြို့ကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ဗုံးထပ်ကြဲသွားလို့ မိသားစုဝင် ၇ဦးအပါအဝင် ဒေသခံ ၈ဦးသေဆုံးခဲ့ရပါတယ်။