Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်းတိုင်း မြို့နယ်လေးခု၌ စစ်ကောင်စီစစ်ကြောင်းနှင့် တပ်စွဲရာနေရာများအား ​PDFများ တိုက်ခိုက်

ဒီပဲယင်းနှင့် ပုလဲနယ်စစ်ဆင်ရေးများနှင့် ပတ်သက်၍ ဒေသတွင်းPDFအဖွဲ့များထံ ဆက်သွယ်မေးမြန်းထားပြီး လက်တလောပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

ယင်းမာပင်နယ်အခြေစိုက် PDF ရဲဘော်များအား စစ်ဆင်ရေးတစ်ခုတွင် တွေ့ရစဥ်။ ဓာတ်ပုံ-File Photo
ယင်းမာပင်နယ်အခြေစိုက် PDF ရဲဘော်များအား စစ်ဆင်ရေးတစ်ခုတွင် တွေ့ရစဥ်။ ဓာတ်ပုံ-File Photo

စစ်ကိုင်းတိုင်းရှိ မြင်းမူ၊ ယင်းမာပင်၊ ပုလဲနှင့် ဒီပဲယင်းမြို့နယ်တို့ရှိ စစ်ကောင်စီတပ် စစ်ကြောင်းနှင့် စစ်ကောင်စီတပ်စွဲရာနေရာများအား ​ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့များက သွားရောက်တိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။

နိုဝင်ဘာ ၅ရက် ညနေ ၄နာရီခန့်က မြင်းမူမြို့ အ.ထ.ကကျောင်းအတွင်း အရပ်ဝတ်ဖြင့် စစ်ကောင်စီတပ်သား ၃၀ခန့် တန်းစီနေစဥ် မိုင်းဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း True Fighter အဖွဲ့၏ တာဝန်ရှိသူက ပြောသည်။

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား နှစ်ဦးလဲကျသွားသည်ကို မျက်မြင်တွေ့ခဲ့ရသည်ဟု ဆိုသည်။

ယင်းမာပင်နယ်အခြေစိုက် PDF ရဲဘော်များအား စစ်ဆင်ရေးတစ်ခုတွင် တွေ့ရစဥ်။ ဓာတ်ပုံ-File Photo
ယင်းမာပင်နယ်အခြေစိုက် PDF ရဲဘော်များအား စစ်ဆင်ရေးတစ်ခုတွင် တွေ့ရစဥ်။ ဓာတ်ပုံ-File Photo

“မြို့ထဲတော့ အုတ်အော်သောင်းနင်းဖြစ်သွားပါတယ်။ သူတို့ကတော့ ဒရုန်းသုံးစီးလွှတ်ပြီး မြို့ပတ်မွှေတယ်။ သေနတ်နဲ့ လေးချက်လောက်ပြန်ပစ်တယ်”ဟု True Fighter အဖွဲ့၏ တာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါ တိုက်ခိုက်မှုကို Zero ပြောက်ကျားတပ်ဖွဲ့ နှင့် True Fighter အဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

ယမန်နေ့ နိုဝင်ဘာ ၆ရက် ညနေ ၄ နာရီခွဲခန့်ကလည်း ယင်းမာပင်မြို့နယ်၊ ရွှေတောင်းဦးကုန်း၌ တပ်စွဲထားသော စစ်ကောင်စီတပ်ကို (၆၀)မမ၊(၈၀)မမ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း မဲမှောင်ပြောက်ကျားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ တာဝန်ရှိသူက ပြောသည်။

“အလုံးရေ ၅၀လောက် ပစ်ခတ်ခဲ့တယ်။ ၄၅ မိနစ်လောက်ကြာတယ်။ တပ်စွဲထားတဲ့ သီတဂူကျောင်းနဲ့ ဆက်ကြေးကောက်နေတဲ့ဂိတ်တွေ ကျရောက်ပေါက်ကွဲခဲ့တယ်။ ၁၀၂၇ ထောက်ခံကြိုဆိုကြောင်း မစ်ရှင်ဖော်ဆောင်ခဲ့တာ”ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။

အဆိုပါတိုက်ခိုက်မှုကို မဲမှောင်ပြောက်ကျားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ Brother Defence Force နှင့် ယင်းမာပင်–ဆားလင်းကြီးလက်နက်ကြီးမဟာမိတ်တပ်ပေါင်းစုတို့ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

အလားတူ ယမန်နေ့(နိုဝင်ဘာ ၆ ရက်) ညနေ ၅ နာရီခန့်က ဒီပဲယင်းမြို့မရဲစခန်း ကင်းဂိတ်နှင့် ဝန်ထမ်းအိမ်ရာကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၀ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ယင်းမာပင်ခရိုင် တပ်ရင်း (၂၀)က သတင်းထုတ်ပြန်သည်။

ပုလဲမြို့နယ်တွင်လ​ည်း ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲခန့်က ပုလဲမြို့မှ ထွက်လာသော စစ်ကောင်စီ ယာဥ်တန်းနှင့် ခြေလျင်ဖြင့်လာသော ကျားဘီးလူးစစ်တပ်စစ်ကြောင်းကို ပဒေသာမိုင်း ရှစ်လုံး၊ ရှေ့ထွက်မိုင်းများဖြင့် တိုက်ခိုက်ရာ ၁၀ဦးထက်မနည်းသေဆုံးခဲ့ကြောင်း ဒေါင်းမင်း PDFအဖွဲ့က သတင်းထုတ်ပြန်ထားသည်။

ဒီပဲယင်းနှင့် ပုလဲနယ်စစ်ဆင်ရေးများနှင့် ပတ်သက်၍ ဒေသတွင်းPDFအဖွဲ့များထံ ဆက်သွယ်မေးမြန်းထားပြီး လက်တလောပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းနဲ့ မကွေးတိုင်းအတွင်းက ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်(၈၁)နှစ်ပြည့် မွေးနေ့အကြို နှင်းဆီလှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၈)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းက ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် နှင်းဆီလှုပ်ရှားမှုတွေ ပြုလုပ်ဖို့ လှုံ့ဆော်မှုတွေကို ဒီက​နေ့ (ဇွန် ၁၇) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းနဲ့ မကွေးတိုင်းအတွင်းက ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁)နှစ်ပြည့် မွေးနေ့အကြိုအဖြစ် နှင်းဆီလှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၆)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။