Connect with us

Hi, what are you looking for?

LuduNwayOo

မေးမြန်းခန်း

“ပါးစပ်ထဲက ကူးတို့ခကိုတောင် ဆွဲထုတ်ချင်နေကြတယ်”

တိုက်ပွဲအတွင်းသေဆုံးခဲ့သည့် စစ်သားများ၏သတင်းကို ကျန်ရစ်သူ မိသားစုဝင်များထံသို့မပေးသော်လည်း စစ်​ကောင်စီု လစာပေးချေမှုကိုမူ ချက်ချင်းရပ်ဆိုင်းလိုက်ကြောင်း တပ်မိသားစုဝင်တစ်ဦးက ရင်ဖွင့်သည်။

(ကိုးကန့်ဒေသမြောက်ပိုင်း စစ်ဆင်ရေးတွင်​သေဆုံးခဲ့​သော စကခ (၁၂) မှ တပ်မမှူးအောင်ဇော်လင်း၏ စစ်အသုံးအသုံးအ​ဆောင်အချို့နှင့် မန်တုံ အ​ခြေစိုက် ခလရ ၁၃၀ ကို​တော်လှန်​ရေးအဖွဲ့များကသိမ်းပိုက်ပြီး​နောက်မြင်ကွင်း။ ဓါတ်ပုံ-The Kokang ၊ ​ရွှေဖီ​မြေ သတင်းဌာန)

-စစ်သားမိသားစုဝင်တစ်ဦး

တိုက်ပွဲအတွင်းသေဆုံးခဲ့သည့် စစ်သားများ၏သတင်းကို ကျန်ရစ်သူ မိသားစုဝင်များထံသို့မပေးသော်လည်း စစ်​ကောင်စီ လစာပေးချေမှုကိုမူ ချက်ချင်းရပ်ဆိုင်းလိုက်ကြောင်း တပ်မိသားစုဝင်တစ်ဦးက ရင်ဖွင့်သည်။

“တပ်ထဲမှာ အဲ့ကိစ္စက တော်တော် ပွက်လောရိုက်နေတာ။ ရှေ့တန်းမှာ ကျတယ်ကြားတယ်။ PDF က ဖုန်းဆက်လာတာနော်။ အဲ့ဒါကို မေးတော့ ဘာမှမပြောဘူး။ ဒါပေမယ့် လစာကိုကျ မပေးတော့ဘူး” ဟု ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်ရှိ စစ်ကောင်စီတပ်ရင်းတစ်ခုမှ တပ်မိသားစုဝင်တစ်ဦးကပြောသည်။

(ကိုးကန့်ဒေသမြောက်ပိုင်း စစ်ဆင်ရေးတွင်​သေဆုံးခဲ့​သော စကခ (၁၂) မှ တပ်မမှူးအောင်ဇော်လင်း၏ စစ်အသုံးအသုံးအ​ဆောင်အချို့နှင့် မန်တုံ အ​ခြေစိုက် ခလရ ၁၃၀ ကို​တော်လှန်​ရေးအဖွဲ့များကသိမ်းပိုက်ပြီး​နောက်မြင်ကွင်း။ ဓါတ်ပုံ-The Kokang ၊ ​ရွှေဖီ​မြေ သတင်းဌာန)
(ကိုးကန့်ဒေသမြောက်ပိုင်း စစ်ဆင်ရေးတွင်​သေဆုံးခဲ့​သော စကခ (၁၂) မှ တပ်မမှူးအောင်ဇော်လင်း၏ စစ်အသုံးအသုံးအ​ဆောင်အချို့နှင့် မန်တုံ အ​ခြေစိုက် ခလရ ၁၃၀ ကို​တော်လှန်​ရေးအဖွဲ့များကသိမ်းပိုက်ပြီး​နောက်မြင်ကွင်း။ ဓါတ်ပုံ-The Kokang ၊ ​ရွှေဖီ​မြေ သတင်းဌာန)

အထက်ပါ သတင်းပေးသူသည် တပ်ကြပ်အဆင့်ရှိ အကိုတစ်ဦး စစ်ကိုင်းတိုင်း တိုက်ပွဲ၌ သေဆုံးသည်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဖုန်းဆက်ပြောမှ သိရခြင်းဟုဆိုသည်။

Public Service Announcement

Public Service Announcement

” အကို့ဖုန်းကို PDFက ရသွားပြီး ဖုန်းထဲကနံပတ်ကတဆင့် လှမ်းပြောပြတာ” ဟု ၎င်းကပြောသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များသည် တိုက်ပွဲများအတွင်း သေဆုံးသည့်စစ်ကောင်စီတပ်ဖွဲ့ဝင်များထံမှ တွေ့ရှိသည့် ဖုန်းမှတဆင့် မိသားစုဝင်များထံ ဖုန်းဆက်လေ့ရှိကြသည်။

(ကိုးကန့်ဒေသမြောက်ပိုင်း စစ်ဆင်ရေးတွင်​သေဆုံးခဲ့​သော စကခ (၁၂) မှ တပ်မမှူးအောင်ဇော်လင်း၏ စစ်အသုံးအသုံးအ​ဆောင်အချို့နှင့် မန်တုံ အ​ခြေစိုက် ခလရ ၁၃၀ ကို​တော်လှန်​ရေးအဖွဲ့များကသိမ်းပိုက်ပြီး​နောက်မြင်ကွင်း။ ဓါတ်ပုံ-The Kokang ၊ ​ရွှေဖီ​မြေ သတင်းဌာန)
(ကိုးကန့်ဒေသမြောက်ပိုင်း စစ်ဆင်ရေးတွင်​သေဆုံးခဲ့​သော စကခ (၁၂) မှ တပ်မမှူးအောင်ဇော်လင်း၏ စစ်အသုံးအသုံးအ​ဆောင်အချို့နှင့် မန်တုံ အ​ခြေစိုက် ခလရ ၁၃၀ ကို​တော်လှန်​ရေးအဖွဲ့များကသိမ်းပိုက်ပြီး​နောက်မြင်ကွင်း။ ဓါတ်ပုံ-The Kokang ၊ ​ရွှေဖီ​မြေ သတင်းဌာန)

ယင်းမာပင်မြို့နယ်မှ ပြည်ထောင်စုလွတ်မြောက်ရေးတပ်ပေါင်းစု (ULF) စစ်ကြောင်းမှူးကလည်း တိုက်ပွဲများတွင်​သေ​သောစစ်သားများထံမှ ဖုန်းရလျင် PDF များကဖုန်းဆက်၍ စစ်သား​သေသွားသည်ကို ​ပြောပြ​လေ့ရှိ​ကြောင်း​ပြောသည်။

” ယင်းမာပင် သစ်ကွင်းတိုက်ပွဲမှာ သေတဲ့ စစ်သားဆီကရတဲ့ ဖုန်းကနေ ကျွန်တော် ဖုန်းဆက်ပြောတာ။ မိသားစုနဲ့တိုက်ရိုက်မရဘူး။ ‌သူတို့ ငွေလွှဲနေကြ ဈေးဆိုင်နဲ့ ရတာ။ သေပြီပြောတာတောင် မယုံကြဘူး”

နိုင်ငံတစ်ဝန်းတိုက်ပွဲများတွင် စစ်ကောင်စီတပ်သည် တိုက်ပွဲများ၌ သေဆုံးမှုများနေသော်လည်း တပ်မိသားစုဝင်များအား ချက်ချင်းအသိမပေးဘဲ သတင်းထိန်ချန်ထားသည်ဟု စစ်တပ်နှင့်နီးစပ်သည့်သတင်းရင်းမြစ်များကပြောသည်။ထို အခြေအနေနှင့်ပတ်သက်၍ စစ်ကောင်စီဖုံးကွယ်ထားသည့် ဖြစ်ရပ်တစ်ခု မကြာသေးမီက ပေါ်ပေါက်ခဲ့သည်။

ရှမ်းပြည်မြောက်ပိုင်းတွင် တာဝန်ထမ်းဆောင်နေသောစစ်ကောင်စီ၏ စကခ (၁၂) မှ တပ်မမှူးအောင်ဇော်လင်းကို ကိုးကန့်ဒေသမြောက်ပိုင်း စစ်ဆင်ရေးတွင် ရှင်းလင်းနိုင်ခဲ့သည်ဟု ကိုးကန့်တပ်မတော် MNDAA က ဒီဇင်ဘာလဆန်းတွင် ထုတ်ပြန်ခဲ့သော်လည်း စစ်ကောင်စီ ပြောခွင့်ရဗိုလ်ချုပ်ဇော်မင်းထွန်းကမူ ငြင်းဆိုခဲ့သည်။

MNDAA က ဒီဇင်ဘာလ ၇ ရက်နေ့တွင် ထုတ်ပြန်ခြင်းဖြစ်ပြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက ဒီဇင်ဘာလ ၈ရက်တွင်“စစ်ဆင်ရေးတာဝန်ထမ်း ဆောင်နေတဲ့ တပ်မမှူးတစ်ယောက်ကို အသေရရှိတယ်ဆိုပြီးသတင်းလွှင့်နေ တာရှိပါတယ်။ သူတို့ ပြောနေတဲ့ တပ်မမှူးဆိုတာသည် ရှေ့တန်းမှာစစ်ဆင်ရေးတာဝန်များကိုထမ်း ဆောင်လျက်ရှိကြောင်းပြောကြားလိုပါတယ်” ဟု ပြောဆိုခဲ့သည်။

ထိုသို့ ငြင်းဆိုပြီး နာရီပိုင်းအကြာတွင် အောင်ဇော်လင်း၏ ရုပ်အလောင်းကို ပြန်ပို့လိုကြောင်း MNDAAက ​အောင်​ဇော်လင်း၏ လက်​မောင်းတံဆိပ်၊အ​ဆောင်အ​ယောင်အချို့ ပုံနှင့်ပါ ထုတ်ပြန်​ပေးလိုက်သည်။

(ကိုးကန့်ဒေသမြောက်ပိုင်း စစ်ဆင်ရေးတွင်​သေဆုံးခဲ့​သော စကခ (၁၂) မှ တပ်မမှူးအောင်ဇော်လင်း၏ စစ်အသုံးအသုံးအ​ဆောင်အချို့နှင့် မန်တုံ အ​ခြေစိုက် ခလရ ၁၃၀ ကို​တော်လှန်​ရေးအဖွဲ့များကသိမ်းပိုက်ပြီး​နောက်မြင်ကွင်း။ ဓါတ်ပုံ-The Kokang ၊ ​ရွှေဖီ​မြေ သတင်းဌာန)
(ကိုးကန့်ဒေသမြောက်ပိုင်း စစ်ဆင်ရေးတွင်​သေဆုံးခဲ့​သော စကခ (၁၂) မှ တပ်မမှူးအောင်ဇော်လင်း၏ စစ်အသုံးအသုံးအ​ဆောင်အချို့နှင့် မန်တုံ အ​ခြေစိုက် ခလရ ၁၃၀ ကို​တော်လှန်​ရေးအဖွဲ့များကသိမ်းပိုက်ပြီး​နောက်မြင်ကွင်း။ ဓါတ်ပုံ-The Kokang ၊ ​ရွှေဖီ​မြေ သတင်းဌာန)

MNDAAပြောရေးဆိုခွင့်ရှိသူက“မိမိတို့ဘက်မှအောင်ဇော်လင်း၏အလောင်းကိုစကစထံပြန်ပို့သောဆန္ဒရှိပါသည်။လက်ရှိသက်ဆိုင်ရာဌာနနှင့်ဆက်သွယ်သော်လည်းအကြောင်းပြန်ခြင်းမရှိသေးပါ“

သတင်းဌာနအချို့က မူ ​​အောင်​ဇော်လင်း၏ရုပ်အ​လောင်းပုံကို​ဖော်ပြခဲ့သည်။ထို​နောင် စစ်​ကောင်စီ ​ပြောခွင့်ရက စကခ (၁၂) မှ တပ်မမှူးအ​ကြောင်းထပ်မ​ပြော​တော့​ပေ။ ထိုကဲ့သို့လိမ်လည်ဖုံးကွယ်ခဲ့သည့်စစ်ကောင်စီလုပ်ရပ်ကို တပ်အသိုင်းအဝိုင်းကဘာဝေဖန်ခဲ့ကြသည်ကိုတွေ့ရသည်။

ပြီးခဲ့သည့်ရက်အနည်းငယ်က နမ့်ဆန်မြို့သိမ်းတိုက်ပွဲတွင်လည်း စစ်ကောင်စီတပ်မှ ဗိုလ်မှူးချုပ်မင်းမင်းထွန်းကို TNLAက ဖမ်းမိထားကြောင်းသတင်းများ ထွက်ပေါ်နေသော်လည်း စစ်ကောင်ဆီကငြင်းဆန်နေဆဲပြန်သည်။ ဧရာဝတီ သတင်းဌာနက TNLA ကို​မေးမြန်း၍ ဗိုလ်မှူးချုပ်မင်းမင်းထွန်း ကိုဖမ်းဆီးခံထားရသည်မှာ ဟုတ်​ကြောင်းအတည်ပြု​ရေးသားထားသည်။

လက်ရှိကာလတွင် ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် ရခိုင်ပြည်နယ်၌ ၁၀၂၇ စစ်ဆင်ရေးအပြင် ကရင်နီ၊ ကချင်၊ စစ်ကိုင်း၊ မကွေး၊ မန္တလေး၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်းနှင့်တနင်္သာရီတိုင်းတို့၌ စစ်ကောင်စီ တိုက်ခိုက်ခံနေရပြီး​နေစဥ် သေဆုံးမှုများပြားနေသည်။ တိုက်ပွဲ၌သေဆုံးသူများ၏ သတင်းများအား တပ်ရင်းတာဝန်ရှိသူများက ဖုန်းကွယ်ထားပြီး လစာငွေကို ဖြတ်တောက်ယူဆောင်နေကြောင်းလည်းသတင်းများထွက်ပေါ်နေသည်။

“ပါးစပ်ထဲက ကူးတို့ခကိုတောင် ဆွဲထုတ်ချင်နေကြတယ်” ဟု တပ်မိသားစုဝင် လူငယ်တဦးကရင်ဖွင့်ပါသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

မြိတ်ခရိုင်အတွင်း စစ်ရေးတိုက်ခိုက်မှုများတွင်ပါဝင်သော ပူးပေါင်းစစ်ကြောင်းများအနက် မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း(၁)တွင် မြိတ်ခရိုင်တပ်ရင်း ၂ (တပ်ခွဲ ၁ )၊ ဘက်မလိုက်ပြောက်ကျား တပ်ဖွဲ့၊ တောင်ပိုင်းသူရဲကောင်းတပ်ဖွဲ့ (SWDF)၊ မြိတ်မြို့နယ် (ပ.က.ဖ) နှင့် ADF ဒရုန်းအဖွဲ့တို့ပူးပေါင်းပါဝင်ဖွဲ့စည်းထားသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

နိုင်ငံတကာ

ပြည်နယ် အစိုးရဟာ အခင်းဖြစ်တဲ့ နေရာမှာ ကယ်ဆယ်ရေးနဲ့ အကူအညီပေးရေးတွေ ဆောင်ရွက်ဖို့ အင်အား ၅၀၀ လောက်ကို ချက်ချင်း စေလွှတ်ပေးခဲ့ပါတယ်။