Connect with us

Hi, what are you looking for?

မေးမြန်းခန်း

“အခုဆို အမ်းမြို့နယ်တစ်ခုလုံးကို အပြီးသတ် သိမ်းပိုက်ထိန်းချုပ်ထားနိုင်ပြီလို့ ပြောလို့ရပါတယ်”

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)ကို ယနေ့တွင် အပြီးသတ်သိမ်းပိုက်ပြီးနောက် AA​၏ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခနှင့် People’s Springက ဆက်သွယ်မေးမြန်းမှုကို ဖော်ပြပေးလိုက်ပါသည်။

"အခုဆို အမ်းမြို့နယ်တစ်ခုလုံးကို အပြီးသတ် သိမ်းပိုက်ထိန်းချုပ်ထားနိုင်ပြီလို့ ပြောလို့ရပါတယ်"
"အခုဆို အမ်းမြို့နယ်တစ်ခုလုံးကို အပြီးသတ် သိမ်းပိုက်ထိန်းချုပ်ထားနိုင်ပြီလို့ ပြောလို့ရပါတယ်"

◾️AA​ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခနှင့် ဆက်သွယ်မေးမြန်းခန်း

ရခိုင်ပြည်နယ်၊ အမ်းမြို့ရှိ စစ်ကောင်စီ၏ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)ကို အာရက္ခတပ်တော်(AA)က ယနေ့(ဒီဇင်ဘာ ၂၀ရက်) နေ့လည် ၁၂နာရီခန့်တွင် အပြီးသတ်သိမ်းပိုက်ထားပြိဖြစ်သည်။ AAသည် နပခအား တိုက်ခိုက်သိမ်းပိုက်နေစဉ်အတွင်း နပခအတွင်းမှ ထွက်ပြေးအလင်းဝင် စစ်ကောင်စီတပ်သားများနှင့်ပတ်သက်ပြီးလည်း သုံးညဆက် အသိပေးထုတ်ပြန်ခဲ့သည်။ အာရက္ခတပ်တော်(AA)က အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)ကို ယနေ့တွင် အပြီးသတ်သိမ်းပိုက်ပြီးနောက် AA​၏ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခနှင့် People’s Springက ဆက်သွယ်မေးမြန်းမှုကို ဖော်ပြပေးလိုက်ပါသည်။

မေး – ဒီနေ့ AA တပ်တော်က နပခကို သိမ်းပိုက်ရရှိပြီဆိုတာကြားလို့ပါ။ အဲဒီအခြေအနေလေး ရှင်းပြပေးပါလား။

ဖြေ – ဟုတ်ကဲ့ မှန်ပါတယ်ခင်ဗျ။ ဒီနေ့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၂၀ရက်နေ့ နေ့လည် ၁၂နာရီလောက်မှာ အမ်းမြို့အခြေစိုက် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကို ကျနော်တို့ အာရက္ခတပ်တော်က အပြီးသတ် သိမ်းပိုက်ထိန်းချုပ်ထားနိုင်ပြီဖြစ်ပါတယ်။ ဒီတိုက်ပွဲအတွင်းမှာ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ရဲ့ ဒုတိုင်းမှူး ဗိုလ်မှူးချုပ်သောင်းထွန်း၊ နောက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရဲ့ တိုင်းစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်ကျော်သန်းတို့ကိုလည်း ကျနော်တို့ ဖမ်းဆီးရမိထားပြီးဖြစ်ပါတယ်။ ပြီးလို့ရှိရင် တခြားထွက်ပြေးလွတ်မြောက်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုလည်း ကျနော်တို့ လိုက်လံခြေမှုန်း ဖမ်းဆီးလျက်ရှိပါတယ်။

မေး – နပခ စခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်သားတွေဘယ်လောက်လောက် အကျအဆုံးရှိလဲ။ နောက်ပြီး ဖမ်းမိတာရော အရေအတွက် ဘယ်လောက်ရှိလဲ။

Public Service Announcement

Public Service Announcement

ဖြေ – လက်နက်ချတဲ့သူ အရေအတွက်နဲ့ သေဆုံးတဲ့သူအရေအတွက် တွေကိုတော့ ကျနော်ဆီကိုတော့ စာရင်းအတိအကျ ရောက်လာတာ မရှိသေးဘူး။ ဒါပေမဲ့ လက်နက်ချတဲ့သူအရေအတွက်က တော်တော်များများတော့ ရှိပါတယ်။ ကျနော်တို့ နောက်ပိုင်းကျလို့ရှိရင်တော့ အသေးစိတ်ထုတ်ပြန်ပေးသွားဖို့ရှိပါတယ်။

မေး – လက်ရှိ အမ်းမြို့နယ်ကို AAက အလုံးစုံ ထိန်းချုပ်နိုင်ပြီလို့ ပြောလို့ရပြီလား။

ဖြေ – ဟုတ်ကဲ့ပါ။ ကျနော်တို့ အခုဆိုလို့ရှိရင် အမ်းမြို့နယ်တစ်ခုလုံးကို ကျနော်တို့ အပြီးသတ် သိမ်းပိုက်ထိန်းချုပ်ထားနိုင်ပြီလို့ ပြောလို့ရပါတယ်။

မေး – လက်ရှိမှာရော ရခိုင်ပြည်နယ်က ဘယ်နေရာတွေမှာ AAက ထိုးစစ်ဆင်တိုက်ခိုက်နေလဲ။

ဖြေ – အခု ကျနော်တို့ အပြင်းအထန် ထိုးစစ်ဆင်နေတာက ဂွပေါ့နော်။ဂွမြို့မှာတော့ တိုက်ပွဲတွေဆက်လက်ပြီးတော့ ပြင်းထန်နေတယ်။ ပြီးလို့ရှိရင် ဂွမြို့ကနေ ဧရာ၀တီတိုင်းဘက်ကို ကျော်တဲ့ ဂွ-ငသိုင်းချောင်းလမ်းပေါ့။အဲဒီ ရိုးမတောင်ပေါ်မှာ တိုက်ပွဲတွေဆက်လက်ပြီး ပြင်းထန်နေတာရှိပါတယ်။

မေး – AAက ရှေ့ဆက်ပြီးတော့ လုပ်ဆောင်မယ့် အခြေအနေနဲ့ပတ်သက်ပြီး ပြည်သူကိုရော ဘာသတင်းစကားပါးချင်ပါသလဲ။

ဖြေ – ကျနော်တို့ကတော့ ကျနော်တို့ အရင်ပြောထားတဲ့ စစ်ရေးရည်မှန်းချက်တွေအတိုင်း ဆက်လက်ပြီးတော့ လုပ်ဆောင်သွားမှာဖြစ်ပါတယ်။

မေး – ရခိုင်ပြည်နယ်မှာ လက်ရှိကျန်နေတဲ့မြို့တွေက စစ်ကောင်စီတပ်သားတွေကိုရော ဘာသတင်းစကားပါးချင်လဲ။

ဖြေ – ဒီဟာကတော့ ကျနော်တို့ ဟိုတနေ့က ထုတ်ပြန်ချက်တွေ မနေ့က ထုတ်ပြန်ချက်တွေ အားလုံးမှာ သေသေချာချာ ဖော်ပြထားပြီးဖြစ်ပါတယ်။ စောစောစီးစီး လက်နက်ချလို့ရှိရင် စောစောစီးစီး အသက်ရှင်ခွင့်ရမယ်ပေါ့။ မိသားစုနဲ့ စောစောစီးစီးတွေ့ခွင့်ရမှာပေါ့။

ကျေးဇူးတင်ပါတယ်။ ။

ဆက်စပ်သတင်းများ

သတင်း

နယ်စပ်အရေးကိစ္စတွေနဲ့ ပတ်သက်ရင် ဘင်္ဂလားဒေ့ရှ်ဟာ AAရော၊ မြန်မာစစ်တပ်နဲ့ပါ ချိတ်ဆက်မှုတွေ ရှိနေတယ်လို့ သူက ပြောကြားသွားပါတယ်။

အတွေးအမြင်

အခု ဒီဇင်ဘာလ ၂၀ ရက်နေ့မှာပဲ စစ်ကောင်စီ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ကိုအာရက္ခတပ်တော်(AA) က အပြီးသတ်သိမ်းယူခဲ့ပါတယ်။

သတင်း

AAဟာ အခုဆိုရင် ဘင်္ဂလားဒေ့ရှ်နဲ့ ထိစပ်နေရာက ၂၇၁ ကီလိုမီတာ ရှည်လျားတဲ့ နယ်စပ်တလျှောက် အပါအဝင် ရခိုင်ပြည်နယ် တစ်ခုလုံးရဲ့ ၈၀ ရာခိုင်နှုန်းကို ထိန်းချုပ်ထားနိုင်ပြီး ဖြစ်ပါတယ်။

သတင်း

AA အနေဖြင့် ရက္ခိုင်ပြည်နယ်ရှိ မြို့နယ် ၇ခုအနက် စစ်တွေ၊ ကျောက်ဖြူနှင့်မာန်အောင်မြို့နယ်သုံးခုသာ သိမ်းပိုက်ရန်သာ ကျန်တော့သည့် အခြေအနေ၌ ယခု ကဲ့သို့အသိပေးလာခြင်းလည်းဖြစ်သည်။