Connect with us

Hi, what are you looking for?

သတင်း

AA က နပခဌာနချုပ်ကို အပြီးသတ်သိမ်းပိုက်ပြီး ဒုတိုင်းမှူး ဗိုလ်မှူးချုပ်သောင်းထွန်းအားဖမ်းမိ

နပခတိုင်းမှူး ဗိုလ်ချုပ်ကျော်စွာဦးသည်လည်း ထွက်ပြေးနေကြောင်း ပြီးခဲ့သည့်နိုဝင်ဘာလကတည်းက သတင်းများထွက်ပေါ်ခဲ့သည်။

AA က နပခဌာနချုပ်ကို အပြီးသတ်သိမ်းပိုက်ပြီး ဒုတိုင်းမှူး ဗိုလ်မှူးချုပ်သောင်းထွန်းအားဖမ်းမိ
AA က နပခဌာနချုပ်ကို အပြီးသတ်သိမ်းပိုက်ပြီး ဒုတိုင်းမှူး ဗိုလ်မှူးချုပ်သောင်းထွန်းအားဖမ်းမိ

■ ဂွမြို့ရှိခမရ(၅၆၃)ကိုလည်းသိမ်းပိုက်ပြီးမြို့ကို စတင်ထိန်းချုပ်

အိမ်သွင်/People’s Spring

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)ကို AAက အပြီးသတ်သိမ်းပိုက်လိုက်ပြီဖြစ်ပြီး ဒုတိုင်းမှူးဗိုလ်မှူးချုပ်သောင်းထွန်းကို အရှင်ဖမ်းမိထားကြောင်း ရခိုင်စစ် ရေးသတင်းရင်းမြစ်ကပြောသည်။

ဒုတိုင်းမှူးဗိုလ်မှူးချုပ်သောင်းထွန်း ကို ယနေ့ (ဒီဇင်ဘာ ၂၀ ရက်​နေ့ ) နံနက်ပိုင်းတွင် ဖမ်းဆီးလာခြင်းဖြစ်ပြီး နပခကိုလည်းအပြီးသတ် သိမ်းယူလိုက်ပြီဟုဆိုသည်။ သို့​သော်စစ်ကောင်စီကမူ လေကြောင်းမှအပြင်းအထန်တိုက်ခိုက်နေဆဲဟု အဆိုပါ စစ်ရေးသတင်းရင်းမြစ်ကပြောသည်။

နပခသိမ်းပိုက်ရေးတိုက်ပွဲနှင့်ပတ်သက်၍ AAက ယမန်နေ့ညနက်ပိုင်းတွင် နောက်ဆုံးသတင်းထုတ်ပြန်စဉ် လက်နက်ချ အညံ့ခံထွက်ပြေးလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို လက်နက်ကြီးနှင့်လေကြောင်းတိုက်ခိုက်မှုများကြားမှ ကယ်ထုတ်ခဲ့ကြောင်း ရုပ်သံမှတ်တမ်းနှင့်အတူထုတ်ပြန်ခဲ့သည်။

Public Service Announcement

Public Service Announcement

ထွက်ပြေးလာသည့်စစ်ကောင်စီတပ်ဖွဲ့ဝင်များက နပခမှ အရာရှိများသည် ၎င်းတိုအားထား၍ထွက်ပြေးရန် ကြိုးစားခဲ့ကြောင်းနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် နပခထဲသို့ ပြန်လည်ဝင်ရောက်ခဲ့ကြောင်း AAထံဝန်ခံထားသည်။ AAတပ်ဖွဲ့ဝင်ကလည်း နပခထိပ်တန်းအရာရှိများနှင့်ပတ်သက်၍ မေးမြန်းနေသည်ကိုတွေ့ရသည်။

နပခတိုင်းမှူး ဗိုလ်ချုပ်ကျော်စွာဦးသည်လည်း ထွက်ပြေးနေကြောင်း ပြီးခဲ့သည့်နိုဝင်ဘာလကတည်းက သတင်းများထွက်ပေါ်ခဲ့သည်။ ထို့အတူ ယခု ဖမ်းမိသည်ဆိုသည့် ဗိုလ်မှူးချုပ်သောင်းထွန်းသည် မကွေးမြို့ တပ်မ ၈၈သို့ နိုဝင်ဘာလ၁၄ရက်နေ့က ထွက်ပြေးသွားခဲ့ကြောင်း သတင်းများ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်ခဲ့ဖူးသည်။

ထို့အတူတိုင်းစစ်ဦးစီးမှူးဗိုလ်မှူးချုပ်ကျော်ကျော်သန်းသည် နပခမှ ထွက်ပြေးစဉ် တောထဲတွင် AAစစ်ကြောင်းနှင့် ထိက်တိုက်တိုးပြီး တိုက်ပွဲဖြစ်ကာ သေဆုံးသွားကြောင်း စစ်ရေးသတင်းရင်းမြစ်ကပြောထားသည်။ အထက်ပါအခြေအနေများနှင့်ပတ်သက်၍ အသေးစိတ်အတည်ပြုချက်မရသေးပေ။ AAကလည်း သတင်းမထုတ်ပြန်သေးပေ။

ထို့အပြင် ယနေ့နံနက်တိုက်ပွဲအတွင်း ဂွမြို့နယ်တွင်နောက်ဆုံးကျန်ရှိနေသည့် ခမရ(၅၆၃)ကို AAကသိမ်းပိုက်လိုက်ပြီး မြို့ကိုထိန်းချုပ်လိုက်ပြီဟု နောက်ထပ် စစ်ရေးသတင်းမြစ်တဦးကပြောသည်။ ဂွတစ်မြို့နယ်လုံးကို စစ်ကောင်စီက ဒီဇင်ဘာလ၁၈ရက်နေ့ညမှစ၍ ဖုန်းနှင့်အင်တာနက်လိုင်းများ ဖြတ်တောက်ပစ်ခဲ့သည်။ ဂွမြို့နှင့် ဆက်စပ်နေသော ဧရာဝတီတိုင်းဘက်မှမြို့နယ်များကို စစ်ကောင်စီကပိတ်ဆို့ပြီး စစ်ဆေးမှုများပြုလုပ်နေသည်။

ဆက်စပ်သတင်းများ

သတင်း

နယ်စပ်အရေးကိစ္စတွေနဲ့ ပတ်သက်ရင် ဘင်္ဂလားဒေ့ရှ်ဟာ AAရော၊ မြန်မာစစ်တပ်နဲ့ပါ ချိတ်ဆက်မှုတွေ ရှိနေတယ်လို့ သူက ပြောကြားသွားပါတယ်။

အတွေးအမြင်

အခု ဒီဇင်ဘာလ ၂၀ ရက်နေ့မှာပဲ စစ်ကောင်စီ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ကိုအာရက္ခတပ်တော်(AA) က အပြီးသတ်သိမ်းယူခဲ့ပါတယ်။

သတင်း

AAဟာ အခုဆိုရင် ဘင်္ဂလားဒေ့ရှ်နဲ့ ထိစပ်နေရာက ၂၇၁ ကီလိုမီတာ ရှည်လျားတဲ့ နယ်စပ်တလျှောက် အပါအဝင် ရခိုင်ပြည်နယ် တစ်ခုလုံးရဲ့ ၈၀ ရာခိုင်နှုန်းကို ထိန်းချုပ်ထားနိုင်ပြီး ဖြစ်ပါတယ်။

သတင်း

AA အနေဖြင့် ရက္ခိုင်ပြည်နယ်ရှိ မြို့နယ် ၇ခုအနက် စစ်တွေ၊ ကျောက်ဖြူနှင့်မာန်အောင်မြို့နယ်သုံးခုသာ သိမ်းပိုက်ရန်သာ ကျန်တော့သည့် အခြေအနေ၌ ယခု ကဲ့သို့အသိပေးလာခြင်းလည်းဖြစ်သည်။