Connect with us

Hi, what are you looking for?

သတင်း

AAနဲ့ရော၊ မြန်မာစစ်တပ်နဲ့ပါ ထိတွေ့ဆက်ဆံနေတယ်လို့ ဘင်္ဂလားဒေ့ရှ်ပြော

နယ်စပ်အရေးကိစ္စတွေနဲ့ ပတ်သက်ရင် ဘင်္ဂလားဒေ့ရှ်ဟာ AAရော၊ မြန်မာစစ်တပ်နဲ့ပါ ချိတ်ဆက်မှုတွေ ရှိနေတယ်လို့ သူက ပြောကြားသွားပါတယ်။

AAနဲ့ရော၊ မြန်မာစစ်တပ်နဲ့ပါ ထိတွေ့ဆက်ဆံနေတယ်လို့ ဘင်္ဂလားဒေ့ရှ်ပြော
AAနဲ့ရော၊ မြန်မာစစ်တပ်နဲ့ပါ ထိတွေ့ဆက်ဆံနေတယ်လို့ ဘင်္ဂလားဒေ့ရှ်ပြော

-People’s Spring

အာဏာသိမ်း မြန်မာစစ်တပ်နဲ့ရော၊ နယ်စပ်ဒေသကို ထိန်းချုပ်ထားရာ အာရက္ခတပ်တော် (AA)နဲ့ပါ ထိတွေ့ ဆက်ဆံမှုတွေ ရှိနေတယ်လို့ ဘင်္ဂလားဒေ့ရှ် အစိုးရက အတည်ပြုခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ် ယာယီ အစိုးရ အဖွဲ့ရဲ့ ပြည်ထဲရေး ဝန်ကြီးအဖြစ် တာဝန်ယူထားသူ အငြိမ်းစား ဗိုလ်ချုပ်ကြီး ဂျာဟန်ဂါ အလန် ချောင်ဒူရီက ဒီဇင်ဘာ ၃၀ ရက်နေ့တုန်းက မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်မှာရှိတဲ့ နတ်မြစ်နား သွားရောက်ခဲ့တဲ့ ခရီးစဉ် တစ်ခုအတွင်း သတင်းထောက်တွေကို အခုလို ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

သူဟာ တက္ကနက်မြို့မှာရှိတဲ့ ဒွမ်ဒိုမီရာ ဧရိယာ တဝိုက်ကို လှည့်လည်စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ သူက ၂၇၁ ကီလိုမီတာ ရှည်လျားတဲ့ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တလျှောက်ကို AAက ထိန်းချုပ်ထားလိုက်ပြီ ဖြစ်ပြီး တစ်ဖက်မှာတော့ မြန်မာနိုင်ငံရဲ့ အာဏာပိုင် အဖွဲ့အစည်းအဖြစ် အာဏာသိမ်း မြန်မာစစ်တပ်က ဆက်ရှိနေဆဲလို့ သတင်းထောက်တွေကို မှတ်ချက် ပေးခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဒါကြောင့် နယ်စပ်အရေးကိစ္စတွေနဲ့ ပတ်သက်ရင် ဘင်္ဂလားဒေ့ရှ်ဟာ AAရော၊ မြန်မာစစ်တပ်နဲ့ပါ ချိတ်ဆက်မှုတွေ ရှိနေတယ်လို့ သူက ပြောကြားသွားပါတယ်။

ရိုဟင်ဂျာ ဒုက္ခသည်တွေ အရေးကို ကြီးမှူး ဆောင်ရွက်ဖို့တော့ ကျွမ်းကျင်သူ တစ်ဦးဖြစ်တဲ့ ခါလီလာ ရာမန်ကို ဘင်္ဂလားဒေ့ရှ် အစိုးရက ခန့်အပ် တာဝန်ပေးထားပြီး ဖြစ်ကြောင်း၊ သူဟာ အဲဒီကိစ္စကို အချိန်နဲ့ တပြေးညီ အာရုံစိုက် ဆောင်ရွက်နေပြီး လောလောဆယ် နယ်စပ်မှာ ဘင်္ဂလားဒေ့ရှ်အတွက် ပြဿနာ တစ်စုံတရာလည်း မရှိသေးကြောင်း ချောင်ဒူရီက ဆိုပါတယ်။

သူက ရခိုင်ပြည်နယ်ထဲက ပဋိပက္ခတွေကြောင့် ရိုဟင်ဂျာ နောက်ထပ် ၅၀၀၀၀၊ ၆၀၀၀၀ ဝန်းကျင်လောက်ဟာ ဘင်္ဂလားဒေ့ရှ်ဖက် ခိုလှုံ ဝင်ရောက်လာခဲ့ကြောင်းလည်း ပြောကြားခဲ့ပါတယ်။

သူက မြန်မာနဲ့ နယ်စပ်နားက တက္ကနက်မှာ နယ်စပ်ဖြတ်ကျော် မူးယစ်ဆေး မှောင်ခိုမှုတွေဟာ ကာလရှည်ကြာ တည်မြဲနေပြီး အလေးထား ဖြေရှင်းရမယ့် ပြဿနာ တစ်ခုလို့လည်း အတည်ပြုသွားပါတယ်။

နောက်ပြီး လက်ရှိမှာတော့ နတ်မြစ်ထဲမှာ ငါးဖမ်းဖို့ ဆိုတာက ဘေးမကင်းဘူးလို့ အစိုးရက သတ်မှတ်ထားကြောင်းနဲ့ လုံခြုံရေး အခြေအနေ တိုးတက်လာရင် လိုအပ်တဲ့ ပြင်ဆင် ဆုံးဖြတ်ချက်တွေ ချမှတ်ပေးသွားမယ်လို့လည်း ချောင်ဒူရီက ပြောဆိုသွားပါတယ်။

ကိုးကား: Prothomalo

ဆက်စပ်သတင်းများ

နိုင်ငံတကာ

သူ့အသက်ကို ခြိမ်းခြောက် ခံရမယ် ဆိုရင်တောင်မှ ဘင်္ဂလားဒေ့ရှ်ကို ဒီနှစ်မကုန်ခင် ကျိန်းသေပေါက် ပြန်သွားမယ်လို့ ဝန်ကြီးချုပ်ဟောင်း ရှိတ်ခ်ဟာဆီနာက ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ဝန်ကြီးချုပ်ဟောင်း ရှိတ်ခ်ဟာဆီနာရဲ့ အနီးကပ်ဆုံး နိုင်ငံရေး မဟာမိတ် တစ်ဦးဖြစ်သူ ဘင်္ဂလားဒေ့ရှ် သမ္မတ မိုဟာမက် ရှာဟာဘူဒင်ဟာ ကျန်းမာရေးကိစ္စ အကြောင်းပြပြီး ရာထူးကနေ နုတ်ထွက်သွားခဲ့ပါတယ်။

သတင်း

မြန်မာစစ်တပ်နဲ့ ပတ်သက် ဆက်နွှယ်တဲ့ နိုင်ငံတကာကုမ္ပဏီပေါင်းတွေ စာရင်းထဲမှာ နောက်ထပ် ၅၃ ခုကို Burma Campaign UKက ထပ်မံဖြည့်တင်းလိုက်ပါတယ်။

နိုင်ငံတကာ

ဝန်ကြီးချုပ်ဟောင်း ရှိတ်ခ် ဟာဆီနာနဲ့ ပတ်သက် ဆက်နွှယ်တယ်လို့ ယုံကြည်ရတဲ့ ပိုင်ဆိုင်မှု အစုစု တန်ဖိုး ဒေါ်လာ ၆.၂ ဘီလီယံလောက်ကို ဘင်္ဂလားဒေ့ရှ် အစိုးရက သိမ်းယူလိုက်ပါတယ်။