“မုံရွာမြို့ကို လုံးဝအုပ်ချုပ်၍ မရစေရ” ဆေးနီကမ်ပိန်းကို မုံရွာမြို့၊ အာဇာနည်လမ်းမှာ ဒီနေ့ ပြုလုပ်ခဲ့ကြပါတယ်။
အကြမ်းဖက်စစ်ကောင်စီဟာ ပြည်သူလူထုကို အကြောက်တရားသွတ်သွင်းပြီး ငြိမ်ဝပ်ပိပြားအောင် လုပ်ဆောင်နေပါတယ်။
ကျွန်တော်တို့လူထုကလည်း “ငါတို့ကို အကြမ်းဖက်စစ်ကောင်စီတွေ လုံးဝ အုပ်ချုပ်၍ မရစေရ” ဆိုတဲ့ ခံယူချက်ကို ပြတ်ပြတ်သားသားရှိဖို့ လိုပါတယ်။
စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးကို လုပ်ဆောင်နေတဲ့အရာမှန်သမျှကို ထောက်ခံ့အားပေးဖို့၊ ဝန်းရံကြဖို့၊ ပူးပေါင်းပါဝင်ကြဖို့ ပြည်သူလူထုကို တိုက်တွန်းလိုပါတယ်လို့ မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီကထုတ်ပြန်ထားပါတယ် ။