Connect with us

Hi, what are you looking for?

News

မုံရွာတွင် လုံးဝအုပ်ချုပ်၍မရစေရ ဆေးနီကမ်ပိန်းလုပ်

“မုံရွာမြို့ကို လုံးဝအုပ်ချုပ်၍ မရ​စေရ” ​ဆေးနီကမ်ပိန်းကို မုံရွာမြို့၊ အာဇာနည်လမ်းမှာ ဒီ​နေ့ ပြုလုပ်ခဲ့ကြပါတယ်။

အကြမ်းဖက်စစ်​ကောင်စီဟာ ပြည်သူလူထုကို အ​ကြောက်တရားသွတ်သွင်းပြီး ငြိမ်ဝပ်ပိပြား​အောင် လုပ်​ဆောင်​နေပါတယ်။

ကျွန်​တော်တို့လူထုကလည်း “ငါတို့ကို အကြမ်းဖက်စစ်​ကောင်စီ​တွေ လုံးဝ အုပ်ချုပ်၍ မရ​စေရ” ဆိုတဲ့ ခံယူချက်ကို ပြတ်ပြတ်သားသားရှိဖို့ လိုပါတယ်။

စစ်အာဏာရှင်စနစ် ဆန့်ကျင်​ရေးကို လုပ်​ဆောင်​နေတဲ့အရာမှန်သမျှကို ​ထောက်ခံ့အား​ပေးဖို့၊ ဝန်းရံကြဖို့၊ ပူး​ပေါင်းပါဝင်ကြဖို့ ပြည်သူလူထုကို တိုက်တွန်းလိုပါတယ်လို့ မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီကထုတ်ပြန်ထားပါတယ် ။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စစ်တပ်လက်အောက်ခံ စည်ပင်ဌာနက လမ်းဘေးစျေးသည်တွေကို ရှင်းလင်းရာမှာ လိုင်းကြေးမပေးနိုင်တဲ့ စျေးသည်တွေကို အဓိက ဖယ်ရှားနေကြောင်း မြို့ခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စစ်တပ်လက်အောက်ခံ ရဲတပ်ဖွဲ့က ဒုရဲအုပ်လင််မယား ပစ်သတ်ခံရပြီး သေဆုံးခဲ့ကြောင်း သတင်းရရှိပါတယ်။

သတင်း

မုံရွာမြို့မှာ ဩဂုတ်၃၀ရက် ညက မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ အသက် ၈၀ ကျော်အရွယ် အဘိုးအို ၁ ဦး နေအိမ်အတွင်းပိတ်မိပြီး မီးလောင်သေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

နေ့စဥ်လူငယ်အများအပြားကို ဖမ်းဆီးပေါ်တာဆွဲနေတဲ့ မုံရွာမြို့ပေါ်မှာ လူငယ် ၁ဦးကို ကားနဲ့တိုက်ဖမ်းကာ ပေါ်တာဆွဲသွားကြောင်း မြို့ခံအချို့က ပြောပါတယ်။

Facebook