Connect with us

Hi, what are you looking for?

News

အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင်ကို ဖမ်းဆီးပေးရန် အပြည်ပြည်ဆိုင်ရာ မှုခင်းရဲတပ်ဖွဲ့ ထံ NUGအကြောင်းကြား

စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ကို ICJ နှင့် ICC တရားရုံးများသို့ တရားစွဲတင်ပို့နိုင်ရေးအတွက် ဧပြီလ ၂၄ ရက်နေ့တွင် ကျင်းပမည့် မြန်မာနိုင်ငံအရေး အာဆီယံ ထိပ်သီးအစည်းအဝေးသို့ လာရောက်ချိန်တွင် ဖမ်းဆီးပေးရန် အပြည်ပြည်ဆိုင်ရာ မှုခင်းရဲတပ်ဖွဲ့ (INTERPOL) အထွေထွေအတွင်းရေးမှူးထံသို့ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၊ အမျိုးသားညီညွတ်ရေးအစိုးရ၊(NUG) ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်က အကြောင်းကြားစာပေးပို့သည်။

ကုလသမဂ္ဂအချက်အလက်ရှာဖွေရေးမစ်ရှင်၏ ၂၀၁၈ ခုနှစ် စက်တင်ဘာလ ၁၂ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာတွင် ရခိုင်ပြည်နယ်နှင့် ရိုဟင်ဂျာအရေးနှင့် ဆက်စပ်သည့် ဖြစ်ရပ်များတွင် အပြည်ပြည်ဆိုင်ရာဥပဒေအရ ရာဇဝတ်မှုကျူးလွန်သူတစ်ဦးအဖြစ် စွပ်စွဲခံထားရကြောင်း၊ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့တွင် မင်းအောင်လှိုင်သည် နိုင်ငံတော်အာဏာကို သိမ်းယူခဲ့ပြီး ငြိမ်းချမ်းစွာ ဆန္ဒပြနေသည့် ပြည်သူများနှင့် အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM)တွင် ပါဝင်သည့် သန်းပေါင်းများစွာသော ပြည်သူများအပေါ် အကြမ်းဖက်ဖြိုခွင်းလျက်ရှိကြောင်း၊ ဧပြီလ ၂၁ ရက်နေ့အထိ ပြည်သူ ၇၃၉ ဦး သတ်ဖြတ်ခံခဲ့ရပြီး၊ CDM လှုပ်ရှားသူများ အပါအဝင် လူပေါင်း ၃၃၃၁ ဖမ်းဆီးခံထားရကြောင်း စသည့်အချက်အလက်များ အကြောင်းကြားစာတွင် ပါရှိပါသည်။

ဧပြီလ ၂၄ ရက်နေ့ မင်းအောင်လှိုင်အာဆီယံအစည်းအဝေးသို့ လာရောက်ချိန်တွင် ဖမ်းဆီးနိုင်ရေးအတွက် အင်ဒိုနီးရှား ရဲတပ်ဖွဲနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရန်၊ သတိပေးချက် ထုတ်ပြန်ရန်နှင့် လိုအပ်သည့် ပံ့ပိုးကူညီမှုများ ဆောင်ရွက်ပေးနိုင်ရန် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၊ အမျိုးသားညီညွတ်ရေးအစိုးရက အပြည်ပြည်ဆိုင်ရာ မှုခင်းရဲတပ်ဖွဲ့ (INTERPOL) သို့ တောင်းဆိုကြောင်း၊ မင်းအောင်လှိုင်သည် ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည် လူမျိုးတုန်းသတ်ဖြတ်မှုနှင့် လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် ရာဇဝတ်မှုများအတွက် တာဝန်ရှိသူဖြစ်ပြီး ရာဇဝတ်ကောင်၊ အကြမ်းဖက်သမား တစ်ဦးဖြစ်ကြောင်း၊ ၎င်းကျူးလွန်ထားသောအမှုများအတွက် ICJ နှင့် ICC တရားရုံးနှစ်ခုစလုံးတွင် စစ်ဆေးရမည်ဖြစ်ကြောင်း၊ စစ်အာဏာ သိမ်းပြီးနောက်ပိုင်း နောက်ထပ်ကျူးလွန်ထားသည့် လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် ရာဇဝတ်မှုများအတွက်လည်း တရားစွဲဆိုရမည်ဖြစ်ကြောင်း၊ သို့ဖြစ်၍ အင်တာပိုရဲတပ်ဖွဲ့အနေဖြင့် မင်းအောင်လှိုင်ကို အလိုရှိသော တရားခံပြေးအဖြစ်သတ်မှတ်၍ ကမ္ဘာ့နိုင်ငံအသီးသီးရှိ ရဲတပ်ဖွဲများသို့ အမြင့်ဆုံးအဆင့်သတိပေးချက်ထုတ်ပြန်ပေးရန် တောင်းဆိုကြောင်းနှင့် ၎င်းကို တရားဥပဒေရှေ့မှောက်သို့ ပို့ဆောင်ရမည်ဖြစ်ကြောင်း အကြောင်းကြားစာတွင် ထည့်သွင်းရေးသားထားသည်ဟုထုတ်ပြန်ချက်တွင်ပါရှိသည်။

ဆက်စပ်သတင်းများ

အတွေးအမြင်

မင်းအောင်လှိုင်ရဲ့ နိုင်ငံခြားခရီးစဉ်တွေဟာ သံတမန်ရေးထိုးစစ်လို ပုံဖော်နေပေမဲ့ လက်တွေ့မှာတော့ ဘာတရားဝင်မှုမှ မရဘဲ အိမ်နီးချင်းတွေရဲ့ ကိုယ်ပိုင်အကျိုးစီးပွားနဲ့ နိုင်ငံရေးအရ ရှောင်လွှဲလိုတဲ့ လှည့်ကွက်တွေကြားက အဖော်မဲ့ခရီးတစ်ခုသာ ဖြစ်ပါတယ်။

သတင်း

အာဏာသိမ်းစစ်ခေါင်းဆောင်အရှိန်မြှင့်တင်အကောင်အထည်ဖော်နေတဲ့ ရတနာပုံနည်းပညာမြို့သစ်စီမံကိန်း ဧရိယာထဲပါနေတဲ့ဘာသာရေးဆိုင်ရာအဆောက်အဦးတွေကို အခုလ စက်တင်ဘာလ ၁၈ ရက်နောက်ဆုံးထားပြီးဖယ်ရှားပေးဖို့ ပြင်ဦးလွင်ခရိုင် မြို့ပြနဲ့အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနက စာထုတ်ထားတယ်လို့ ဒေသခံအချို့ဆီကသိရပါတယ်။

သတင်း

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို အသိအမှတ် မပြုဖို့၊ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC)က ဖမ်းဆီးပေးဖို့ တောင်းဆိုလာရင် သူ့ရဲ့ ခရီးစဉ် အတောအတွင်း မင်းအောင်လှိုင်ကို ဖမ်းဆီးပေးဖို့ ကမ္ဘောဒီးယား အစိုးရကို လူ့အခွင့်အရေး တက်ကြွလှုပ်ရှားမှုအဖွဲ့ Fortify Rightsက တိုက်တွန်း တောင်းဆိုလိုက်ပါတယ်။

ဆောင်းပါး

ဟွန်ဆန်နှင့် မင်းအောင်လှိုင် - အတိတ်ရဲ့ အရိပ်နဲ့ အနာဂတ်ရဲ့ ရွေးချယ်မှု