Connect with us

Hi, what are you looking for?

LuduNwayOo

News

“မြန်မာပြည်သူတွေကပြသနေကြတဲ့ ဒီမိုကရေစီစံတန်ဖိုးကတိကဝတ်တွေက ကျွန်တော့်ကိုနက်နက်နဲနဲခံစားရစေပါတယ်”

— အမေရိကန်သမ္မတဟောင်း ဘာရက်ခ် အိုဘားမား

“အရပ်သားပြည်သူတွေအပေါ် စိတ်နှလုံးထိခိုက်ဖွယ်ရာအကြမ်းဖက်မှုကြောင့် ကျွန်တော့်ကိုတုန်လှုပ်ခြောက်ခြားစေခဲ့သလို၊ ပြည်သူလူထုရဲ့အသံကိုကိုယ်စားပြုတဲ့ နိုင်ငံအနှံ့အပြားလှုပ်ရှားမှုကြောင့်ကျွန်တော့်ကိုစိတ်ခွန်အားဖြစ်စေခဲ့တဲ့ မြန်မာနိုင်ငံအပေါ်မှာ ကမ္ဘာကြီးရဲ့ အာရုံစိုက်မှုက ဆက်ပြီး ရှိကို ရှိနေရပါမယ်။ ဆယ်စုနှစ်တစ်ခုကြာကောင်းမွန်တဲ့လွတ်လပ်မှုတွေနောက်ပိုင်း စစ်တပ်ရဲ့တရားမဝင်မှုနဲ့ စစ်တပ်ဟာသူ့ရဲ့ဆန္ဒအတိုင်း ရက်ရက်စက်စက်ကြိုးပမ်းအားထုတ်မှုတွေကို ရှင်းရှင်းလင်းလင်းပဲ ပြည်သူလူထုက လက်မခံသလို ကမ္ဘာတစ်ဝန်းကလည်း လက်သင့်မခံသင့်ပါဘူး။ စစ်တပ်အပေါ် ဒဏ်ခတ်ပိတ်ဆို့အရေးယူဖို့နဲ့ ဒီမိုကရေစီလမ်းကြောင်းတစ်ခုပေါ်ကိုပြန်ရောက်ရေးထောက်ခံအားပေးဖို့အတွက် ဘိုင်ဒင်အစိုးရနဲ့ စိတ်တူသဘောတူနိုင်ငံတွေရဲ့ ကြိုးပမ်းအားထုတ်မှုကို ကျွန်တော်ထောက်ခံအားပေးပါတယ်။ ပြည်သူလူထုရဲ့ဆန္ဒသဘောထားကိုပယ်ချတဲ့စစ်အာရှင်တစ်ရပ်ဟာ ပိုပြီးမတည်ငြိမ်မှု၊ လူသားချင်းစာနာမှုအကူအညီအကြပ်အတည်းနဲ့ ကျဆုံးနိုင်ငံတစ်ခုကိုပဲ ဦးတည်စေမယ်ဆိုတာ မြန်မာ့အိမ်နီးချင်းနိုင်ငံတွေကလည်း လက်ခံသင့်ပါတယ်။ မြန်မာနိုင်ငံအတွင်းမှာလည်း ဒီမိုကရက်တစ်အခြေခံသဘောတရားတွေနဲ့ အမြစ်တွယ်နေမယ့် အနာဂတ်တစ်ခုကိုရှာဖွေနေကြသူတွေအနေနဲ့ တိုင်းရင်းသားတွေကြားထဲ၊ ဘာသာရေးအုပ်စုတွေကြားထဲမှာ စည်လုံးညီညွတ်ရေးကိုလည်း ဆက်ပြီးဆောင်ရွက်ဖို့လိုပါမယ်။ အခုကာလဟာ မှောင်မိုက်နေတဲ့ကာလဖြစ်ပါတယ်။ သို့သော်လည်း စည်လုံးညီညွှတ်မှု၊ ကြံ့ကြံ့ခံနိုင်မှုနဲ့ ပြည်သူလူထုရဲ့ဆန္ဒသဘောထားကို လေးစားတန်ဖိုးထားတဲ့ ခေါင်းဆောင်တွေကတစ်ဆင့် အနာဂတ်မြန်မာပုံစံမျိုးကို ရရှိပိုင်ဆိုင်နိုင်ဖို့မျှော်လင့်ချက်ကိုပေးအပ်မယ့် မြောက်များစွာသောမြန်မာပြည်သူတွေကပြသနေကြတဲ့ ဒီမိုကရေစီစံတန်ဖိုးကတိကဝတ်တွေက ကျွန်တော့်ကိုနက်နက်နဲနဲခံစားရစေပါတယ်”

ဆက်စပ်သတင်းများ