Connect with us

Hi, what are you looking for?

LuduNwayOo

News

CDM လုပ်​နေတဲ့ မန္တ​လေးကမီးရထားဝန်ထမ်း ၆၀၀​ကျော်ကို စစ်ကောင်စီက ဖိအား​ပေးအလုပ်ဆင်းခိုင်း​နေ

အကြမ်းမဖက် အာဏာဖီဆန်သည့် CDM လှုပ်ရှားမှု ပြုလုပ်နေသော မန္တလေးအခြေစိုက် မြန်မာ့မီးရထား ပို့ဆောင်ရေးဌာနအောက်ရှိ သွားလာပို့ဆောင်ရေး ၀န်ထမ်း ၆၀၄ ဦးအား မေလ ၁ ရက်နေ့တွင်လုပ်ငန်းခွင်ပြန်၀င်ရန် စစ်ကောင်စီက ဖိအားပေးနေပြီး မ၀င်ရောက်ပါက အရေးယူရန် စစ်ကောင်စီက ဖိအားပေးနေသည်။

မြန်မာ့မီးရထား အမှတ်၃တိုင်း- မန္တလေး လက်အောက်ရှိ မသတ၃ရုံး၊ မန္တလေး၊ မန္တလေး ယာဒ်၀င်း၊ မြို့ဟောင်း ၊ မြို့ဟောင်း ယာဒ်၀င်း၊ မြို့ဟောင်းကုန်ရုံ၊ တံခွန်တိုင်၊ မြစ်ငယ်၊ ပလိပ်၊ စဥ့်ကိုင်၊ ဘဲလင်း၊ ကျောက်ဆည်၊ မင်းစု၊ မြစ်သား၊ ကူမဲလမ်း၊ သပြေတောင်း၊ စမုံ၊ သဲတော၊ ဟံဇား၊ ရွာပုလဲ၊ သူရဲစျေး၊ အိုးဘို၊ တောင်ပြုံး၊ မတ္တရာ၊ သိုးခြံ၊ အမရပူရ၊ တံတားဦး၊ မြင်းသည်၊ ကန်ကြီး၊ ပြည်သာယာ၊ မြို့သာ၊ ၀က်လူး၊ ဆူးဖြူကုန်း၊ နွားထိုးကြီး၊ ရွာကြီး၊ ထုံးဖို၊ ဆည်တော်၊ စတုတ္ထလွန်းထိုး၊ ဇီးပင်ကြီး၊ သုံးတောင်၊ အနီးစခန်း၊ ပြင်ဦးလွင်၊ ပွဲကောက်၊ ၀က်၀ံ၊ ဆင်လမ်းစု၊ ဆမ်ဆယ်၊ နောင်ချို၊ ဂုတ်ထိပ်၊ နောင်ပိန်၊ စခန်းသာ၊ ကျောက်မဲ၊ ဘော်ကြို၊ သီပေါ၊ တာပုလဲ၊ စဥ့်အင်၊ မန်းဆန်ရေတံခွန်၊ မန်းပွဲ၊ နန်းမျှော်၊ လားရှိုး၊ မြို့ဟောင်း အစရှိသည့် ဌာနနှင့် ဘူတာများမှ အကြီးတန်းစာရေး၊ အငယ်တန်းစာရေး၊ လုပ်သား၊ ရုံပိုင်၊ ဒုရုံပိုင်၊ ဒုကြီးကြပ်ရေးမှူး(ရထား)၊မှတ်တမ်းစာရေး၊ ရုံပိုင်ကြီး(အထူးတန်း)၊ ရုံပိုင်(အထူး)၊ ဆက်သွယ်ရေး၊ အစောင့်၊ အစောင့်ဂိတ်၊ တွဲစီ၊ တွဲစီအုပ်၊ တွဲမှတ်၊ တွဲချိတ်ကြီး၊ တွဲချိတ်၊ လမ်းခွဲကိုင်၊ ရထားထိန်း၊ လမ်းထိန်းရုံကြီး၊ လုံခြုံရေး ၅၊ သန့်ရှင်းရေးအစရှိသည့် ၀န်ထမ်းမ(၆၀၄)ဦးသည် အကြောင်းမဲ့ပျက်ကွက်နေကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် လာမည့် မေလ ၁ ရက်နေ့ နောက်ဆုံးထားပြီး လုပ်ငန်းခွင်ပြန်၀င်ရန်၊ ၀န်ထမ်းစည်းကမ်းဖောက်ဖျက်သူများကို အရေးယူဆောင်ရွက်မည့်နည်းလမ်းများ အကြောင်းကြားထားခြင်းဖြစ်ကြောင်း စစ်ကောင်စီလက်အောက်ရှိ မြန်မာ့မီးရထား မန်နေဂျာ (သွားလာရေး/တိုင်း)ရုံးက ဧပြီလ ၂၃ ရက်နေ့တွင် သတိပေးခြိမ်းခြောက်ခဲ့ခြင်းဖြစ်သည်။

မန္တလေးအခြေစိုက် ၀န်ထမ်း ၈၀၀ခန့်ရှိသည့်အနက် ၆၀၀ကျော်အားအရေးယူရန် ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း၊ ယခုထုတ်ပြန်သည့်စာရင်းတွင် CDMပြုလုပ်နေသော စက်မှုနှင့် မြို့ပြ ၀န်ထမ်းများမပါ၀င်သေးကြောင်း မီးရထား၀န်ထမ်းတစ်ဦးက ပြောသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ထို့ပြင် ယခုနောက်ပိုင်း CDM အယောင်ဆောင် ပြီး တော်လှန်ရေးဘက်ခြမ်းကိုနည်းမျိုးစုံနှင့် ဝင်ရောက်ရန် ကြိုးပမ်းမှုများရှိနေသည်ဟုလည်း ၎င်းက ဆိုသည်။

သတင်း

စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် အလုံပိတ် မော်တော်ယာဉ်များ( ခရီးသည်တင်ယာဉ်၊နာရေးကူညီမှုယာဉ်ကဲ့သို့ ယာဉ်များ) အသုံးပြုပြီး နယ်မြေရှင်းလင်းစဥ် သေဆုံး၊ဒဏ်ရာရပါက စစ်မှုထမ်းဆောင်ခြင်းနှင့် အကျုံးမဝင်ကြောင်းပေါက်ကြားလာသည့် အမိန့်စာတွင်ပါရှိသည်။

သတင်း

ယင်းအစည်းအဝေး၌ နိုင်ငံခြားရေးဝန်ကြီးဌာနက လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေး အေဂျင်စီများနှင့် ဆက်သွယ်ဆောင်ရွက်ရန် ကိစ္စများတင်ပြခဲ့သည်ဟု ထုတ်ပြန်ခဲ့သည်။

သတင်း

ပြည်သူ့ရင်ခွင်သို့ လက်နက်ခဲယမ်းအပြည့်အစုံဖြင့် ခိုဝင်လာသော ရဲတပ်သားအား ကျပ်သိန်း၆၀ တိတိကို PDF ထီးလင်းက ဂုဏ်ပြုချီးမြင့်ခဲ့သည်။