Connect with us

Hi, what are you looking for?

News

မြန်မာ စစ်ရှောင်ဒုက္ခသည် ၂၀၀၀ ကျော်အတွက် နေရာထိုင်ခင်း စီစဉ်ထားတယ်လို့ ထိုင်းအစိုးရပြော

မြန်မာဖက်က စစ်ရှောင်လာတဲ့ ဒုက္ခသည် ၂၀၀၀ ကျော်အတွက် နေရာထိုင်ခင်းနဲ့ အထောက်အပံ့တွေ စီစဉ်ပေးထားကြောင်း ထိုင်းအစိုးရက ပြောပါတယ်။

စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ထွက်ပြေးတိမ်းရှောင်နေသည့် စစ်ရှောင်ဒုက္ခသည်များကို တွေ့ရစဉ် (ဓာတ်ပုံ - Karen Information Center)

ကာကွယ်ရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အရာရှိ ကွန်ချစ်ပ် တန်ထရာဗာနစ်ချ်က မြန်မာ စစ်ဘေးသင့် ဒုက္ခသည်တွေအတွက် လူသားချင်း စာနာမှုဆိုင်ရာ အထောက်အပံ့တွေ ကူညီပေးဖို့ ထိုင်းစစ်တပ်က တာဝန်ယူ ဆောင်ရွက်နေကြောင်း အတည်ပြုခဲ့ပါတယ်။

ထိုင်းစစ်တပ်ဟာ သံလွင်မြစ်ကို ဖြတ်ကူးလာတဲ့ စစ်ပြေး ဒုက္ခသည်တွေ ခိုလှုံဖို့ မယ်ဟွန်ဆွန်းမှာ လုံခြုံရေးဇုန် တစ်ခု သတ်မှတ်ပေးထားကြောင်း ကွန်ချစ်ပ်က ဆိုပါတယ်။ သံလွင်မြစ်ဟာ ထိုင်းနဲ့ မြန်မာ နယ်နိမိတ်ကို ခွဲခြားသတ်မှတ်ထားတဲ့ မြစ်တစ်စင်း ဖြစ်ပါတယ်။

မယ်ဟွန်ဆွန်း အခြေစိုက် လူ့အခွင့်အရေး လှုပ်ရှားသူတွေက မြန်မာ စစ်ရှောင် ဒုက္ခသည်တွေကို အကူအညီပေးဖို့ ထိုင်းအစိုးရကို တောင်းဆိုလာတဲ့နောက် အခုလို တုံ့ပြန် စီမံလာတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ကရင်တိုင်းရင်းသား လက်နက်ကိုင် အင်အားစုတွေဖြစ်တဲ့ KNUနဲ့ KNLAတို့က အာဏာသိမ်း စစ်ကောင်စီနဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် ဒေသခံတွေ စစ်ဘေးရှောင် ထွက်ပြေးနေကြရတာပါ။

ထိုင်းအစိုးရဟာ စစ်ရှောင် ပြည်သူတွေအတွက် လက်ရှိ သတ်မှတ်ထားတဲ့ လုံခြုံရေးဇုန်မှာ Covid-19 ရောဂါ ကူးစက်မှုတွေကို ထိန်းချုပ်ဖို့ပါ အလေးထား ဆောင်ရွက်မယ်လို့ ဆိုပါတယ်။ အဲဒီနေရာ တဝိုက်မှာ လုံခြုံရေး ပိုမိုတင်းကျပ်ထားပြီး တာဝန်ရှိသူတွေကလွဲလို့ အဝင်အထွက် လုပ်ခွင့် မပေးဘဲ ကန့်သတ်ထားမှာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

နယ်စပ်နားမှာ တိုက်ပွဲတွေ အစပျိုးလာချိန် ကတည်းက ထိုင်းဖက်ကို တိမ်းရှောင်နေသူ တချို့ကတော့ နေရပ်ပြန်ဖို့ စီစဉ်နေပြီလို့ စစ်ဘက် တာဝန်ရှိသူတွေက ပြောပါတယ်။ ဒါပေမဲ့ တစ်ဖက်မှာလည်း ပြည်သူတွေက ပြန်ချင်တာ မဟုတ်ဘဲ ထိုင်းအာဏာပိုင်တွေကသာ နေရပ်ပြန်ကြဖို့ အတင်းအကျပ် ဖိအားပေးနေတယ်ဆိုတဲ့ ကောလာဟလ တချို့လည်း ပျံ့နှံ့နေပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဘုန်းတော်ကြီးကျောင်း ရန်ပုံငွေ ဘတ်သန်း ၁၀၀ ကျော် အလွဲသုံးစား လုပ်ခဲ့ကြောင်း စွပ်စွဲခံထားရတဲ့ ကျောင်းထိုင် ဘုန်းကြီးနဲ့ အမျိုးသမီးကို ထိုင်းတရားရုံး တစ်ခု ရှေ့မှောက်ကို ပို့ဆောင်ပြီး ချုပ်ရက် ရမန်ယူခဲ့ပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ နိုင်ငံခြားသားတွေရဲ့ ဩဇာ လွှမ်းမိုးမှုနဲ့ စီးပွားရေး လက်ဝါးကြီးအုပ်မှုတွေကို ဆန့်ကျင်ဖို့၊ အဲဒီကိစ္စအတွက် ထိုင်းအစိုးရက ပိုပြီး ထိထိရောက်ရောက် ကိုင်တွယ် ဆောင်ရွက်အောင် ဖိအားပေးဖို့အတွက် ‘ထိုင်းနိုင်ငံကို ပြန်ယူကြ’ (Take Back Our Thailand’ဆိုတဲ့ လှုပ်ရှားမှုကို အကောင်အထည် ဖော်သွားမယ်လို့ ဝါရင့်...

နိုင်ငံတကာ

ရေတပ်သားတွေ အပန်း‌ဖြေ အနားယူဖို့အတွက် ထိုင်းနိုင်ငံ၊ ပတ္တယားမြို့ဆီ ရောက်ရှိနေခဲ့တဲ့ အမေရိကန် လေယာဉ်တင် သင်္ဘောကြီး USS Abraham Lincolnဟာ အခုအခါ ဆိပ်ကမ်းကနေ ပြန်လည် ထွက်ခွာသွားပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံရဲ့ ကမ်းခြေမြို့ ပတ္တယားမှာ အပန်းဖြေ ခရီးစဉ်အဖြစ် ရောက်ရှိနေတဲ့ အမေရိကန် တပ်ဖွဲ့ဝင် ၅၀၀၀ ကျော်လောက်ဟာ ၅ ရက်အတွင်း ဘတ်ငွေ သန်း ၁၀၀ (အမေရိကန်ဒေါ်လာ ၃ သန်းကျော်)လောက် သုံးစွဲမယ်လို့ မြို့ရဲ့ အာဏာပိုင်တွေက မျှော်လင့်ထားပါတယ်။