Connect with us

Hi, what are you looking for?

LuduNwayOo

News

မံစီမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်း KIA သုံးရက်ဆက်တိုက်ခိုက်

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ်တွင် အာဏာသိမ်းစစ်ကောင်စီတပ်စွဲထားသည့် တပ်စခန်းတစ်ခု ပြန်လည်ရရှိရေးအတွက် ကချင်လွတ်လပ်​ရေးတပ်မ​တော်(KIA)က ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိရာ ယနေ့အထိ တိုက်ပွဲပြင်းထန်နေဆဲ ဖြစ်သည်။

မံစီမြို့နှင့် မိုင်အနည်းငယ်သာဝေးသည့် မဒမ်ယန် တပ်စခန်းသည် ယခင်က KIA တပ်စခန်းဖြစ်ပြီး ၂၀၁၃ ခုနှစ်က စစ်တပ်က ဝင်ရောက်နေရာ ယူခဲ့ရာ ယခု မေလ ၁၁ရက်မှ စတင်၍ KIAက တိုက်ခိုက်နေခြင်းဖြစ်သည်။

“မြေပြင်တိုက်ပွဲတွေလည်း ပစ်တာခတ်တာ ရှိပြီးမှ စစ်‌ကောင်စီဘက်က လေ‌ကြောင်းနဲ့ တိုက်ခိုက်တာ ရှိပါတယ်။ လက်နက်ကြီးရော အစုံပေါ့”ဟု KIA သတင်းနှင့် ပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက မေလ ၁၂ရက် ညပိုင်း၌ ပြောသည်။ ယနေ့မေလ ၁၃ရက်တွင်လည်း အဆိုပါနေရာ၌ တိုက်ပွဲဆက်ဖြစ်နေဟု ၎င်းက ​ပြောသည်။

အဆိုပါ တပ်စခန်းသည် ဗန်းမော် – နမ့်ခမ်း လမ်းကြောင်း၌ ရှိပြီး KIA အတွက်
သွားလာရေးနှင့် နယ်မြေစိုးမိုးရေး အတွက် အရေးပါသည့် တပ်စခန်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“အဲဒီ တပ်စခန်းက ကျွန်တော်တို့ တပ်စခန်းဖြစ်ပါတယ်။ ကျွန်တော်တို့ အုပ်ချုပ်နယ်မြေဖြစ်ပါတယ်။ အဲဒါကို သူတို့ နယ်မြေကျူးကျော်ပြီးမှ နေတဲ့ တပ်စခန်းဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့က ပြန်ရဖို့ တိုက်တာဖြစ်ပါတယ် “ဟု ‌ဗိုလ်မှူးကြီး နော်ဘူက ပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါ တပ်စခန်း သိမ်းပိုက်နိုင်ခြင်း ရှိပြီလားဟု မေးမြန်းရာ သိမ်းပိုက်လိုက်သည့် သတင်းမျိုး မရသေးဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

KIA အနေဖြင့် စစ်တပ်အာဏာသိမ်းပြီးနောက် ဖားကန့် နှင့် မိုးမောက် မြို့နယ် အပါအဝင် ကချင်ပြည်နယ်အတွင်း ယခင်က ၎င်းးတို့တပ်စွဲခဲ့သည့် တပ်စခန်းများ ပြန်ရရေး ထိုးစစ်ဆင်လျက်ရှိသည်။

ယင်းအနက် မိုးမောက်မြို့နယ် ဒေါ့ဖုန်းယန် မြို့နယ်ခွဲအတွင်းရှိ ‌အလော့ဘွမ် တပ်စခန်းကို KIA ကမတ် ၂၅ရက်တွင် သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီက အဆိုပါ စခန်းပြန်ရရေး လေကြောင်း ကြည်းကြောင်း၊ လက်နက်ကြီးပစ်ကူ တို့ဖြင့် အပြင်းအထန် ထိုးစစ်ဆင်လျက်ရှိသော်လည်း အောင်မြင်မှု မရဘဲ အထိအခိုက် အကျအဆုံး များပြားခဲ့သည်။ လက်ရှိ အချိန်ထိ KIAက အလော့ဘွမ်တပ်စခန်းကို ထိန်းချုပ်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဆယ်ဇင်းဒေသခံတစ်ဦးကလည်း “လေကြောင်းကတော့ မနေ့က တောက်လျှောက် လာတယ်။ ညကလာတော့ လာတယ် ဝဲတော့ ဝဲတယ်"ဟုပြောသည်။