Connect with us

Hi, what are you looking for?

News

လုံခြုံ​ရေးမြှင့်​ထားသော မက်ခရို​ဈေးဝယ်စင်တာကားပါကင်တွင် ​ပေါက်ကွဲမှုဖြစ်

ရန်ကုန်မြို့ မဂ်လာတောင်ညွန့်မြို့နယ်ရှိ မက်ခရို (Marko )​ဈေးဝယ်စင်တာတွင် လုံခြုံ​ရေးအတွက် ယာဥ်​မောင်းလိုင်စင်(သို့မဟုတ်)မှတ်ပုံတင်ယူ​​ဆောင်လာရန် စသတ်မှတ်လိုက်​သော​နေ့မတိုင်ခင်တစ်ရက် အလိုမှာပင် ကားပါကင်၌ပေါက်ကွဲမှု တစ်ခုဖြစ်ပွားသည်။

မက်ခရို ​ဈေးဝယ်စင်တာကားပါကင် ဧရိယာ အတွင်းမှ ယ​နေ့မွန်းလွှဲ ၂ နာရီ ၂၅ မိနစ်တွင် အသံကျယ်လောင်သော ဗုံးတစ်လုံးပေါက်ကွဲခဲ့​ကြောင်း အနီးရှိပြည်သူအချို့က ​ပြောသည်။​ပေါက်ကွဲမှုဖြစ်ပွားပြီး​နောက် အာဏာသိမ်းစစ်​ကောင်စီတပ်ဖွဲ့ဝင်များ​ရောက်လာပြီး ​ဈေးဝယ်စင်တာ၏ အဝင်၊အထွက်များ အားလုံး ကို ပိတ်ဆို့လိုက်ပြီး ကားများကိုစစ်​ဆေး​နေ​ကြောင်း ​ဒေသခံအချို့က​ပြောသည်။ ​ပေါက်ကွဲမှု​ကြောင့် ထိခိုက်ဒဏ်ရာ ရရှိသူ ရှိ ၊ မရှိ People’s Spring ကအတည်မပြုနိုင်​သေး​ပေ။

ထူးဆန်းသည်မှာ မက်ခရို ​ဈေးဝယ်စင်တာတွင် လုံခြုံ​ရေး​ကြောင့်ဆိုကာ ​ဈေးလာဝယ်ပါက ယာဥ်​မောင်းလိုင်စင် (သို့မဟုတ်) မှတ်ပုံတင်ယူ​ဆောင်လာပြီး 
လုံခြုံ​ရေးဂိတ်တွင်ယူ​ဆောင်လာပြီးမှ ဝင်ခွင့်ပြု​သောစနစ်ကို ​မေ ၂၁ ရက်တွင် စတင်မည်ဖြစ်​ကြောင်းစင်တာက ကြိုတင်​ကြေညာထားသည်။ ထို​ကြောင့်လုံခြုံ​ရေးမြှင့်​သော​နေ့မတိုင်ခင် တစ်ရက်အလိုတွင် ​ပေါက်ကွဲခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

News

အကြမ်းဖက်စစ်ကောင်စီက ဦးသောင်းထွန်းကို စစ်တပ်ကနိုင်ငံတော်အာဏာကို အဓမ္မလုယူပြီးသည့် ဖေဖော်ဝါရီ ၁ ရက်ကတည်းက ဖမ်းဆီးထားခြင်းဖြစ်သည်ဟု နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အ သင်း (AAPP) က ထုတ်ပြန်ထားသည်။