Connect with us

Hi, what are you looking for?

News

Makro မြန်မာကို​မြေငှားရာ​ဒေါ်လာ ၉သန်းခန့်နစ်နာသည်ဟုစွပ်စွဲကာစစ်​ကောင်စီက ဦး​သောင်းထွန်းကို တရားစွဲ

အကြမ်းဖက်စစ်ကောင်စီက ဦးသောင်းထွန်းကို စစ်တပ်ကနိုင်ငံတော်အာဏာကို အဓမ္မလုယူပြီးသည့် ဖေဖော်ဝါရီ ၁ ရက်ကတည်းက ဖမ်းဆီးထားခြင်းဖြစ်သည်ဟု နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အ သင်း (AAPP) က ထုတ်ပြန်ထားသည်။

ထိုင်းနိုင်ငံ၏ နာမည်ကျော် လက်လီအရောင်းဆိုင်ဖြစ်သည့် Makro မြန်မာကို မြေငှားရမ်းရာတွင် ဒေါ်လာ ၉ သန်းခန့်နစ်နာသည်ဟုစွပ်စွဲကာ ဝန်ကြီးဦးသောင်းထွန်းကို အကြမ်းဖက်စစ်ကောင်စီက အဂတိလိုက်စားမူတိုက်ဖျက်ရေး ဥပဒေဖြင့်အရေးယူလိုက်ကြောင်း ထုတ်ပြန်သည်။ သည်။

မင်္ဂလာတောင်ညွန့်မြို့နယ်၊အထက်ပုဇွန်တောင်လမ်းပေါ်ရှိ မြေ၉ ဧကကျော်တွင်ရှိသည့် စားသုံးသူရေးရာဦးစီးဌာနပိုင်မြေကို ထိုင်း Markoကိုငှားရမ်းရာတွင် နစ်နာခဲ့ခြင်းဖြစ်သည်ဟု စွပ်စွဲခဲ့ခြင်းဖြစ်သည်။ ဦးသောင်းထွန်းက အဆိုပါမြေကို Markoမြန်မာကို နှစ် ၃၀ ငှားရမ်းရာတွင် တစ်စတုရမ်းမီတာကို ကာလ ပေါက်ဈေး ဒေါ်လာ ၁၀ နှင့် ၁၅ ရှိနေချိန်တွင် ၆ဒေါ်လာခွဲဖြင့် ငှားရမ်းခဲ့သည်ဟုစွပ်စွဲထားသည်။ထိုကြောင့် တစ်နှစ်မြေငှားရမ်းခ ဒေါ်လာ ၁ ဒသမ ၃ သိန်းကျော်နစ်နာခဲ့သည်ဟုဆိုသည်။

ထိုအတူမြေအသုံးချမူ ပရီမီယံကြေး တစ်ဧကကို အနိမ့်ဆုံးဒေါ်လာ တစ်သိန်းရှိ၍ မြေဧက ၉ ဧက ငှားရမ်းရာတွင် ဒေါ်လာ ၉ သန်းကျော်ရရှိရမည်ဟု အကြမ်းဖက်စစ်ကောင်စီကဆိုထားသည်
သို့သော်လည်း ဝန်ကြီးဦးသောင်းထွန်းသည် မြေအသုံးချမူပရီမီယံကြေးကို ‌ဒေါ်လာ ၂ သိန်းခွဲခန့်သာ သွင်းစေခဲ့သည်ဟုဆိုသည်။ ထိုကြောင့် နိုင်ငံတော်က ဒေါ်လာ ၉သန်းခန့်နစ်နာခဲ့ရသည်ဟု အကြောင်းပြထားသည်။

အကြမ်းဖက်စစ်ကောင်စီက ဦးသောင်းထွန်းကို စစ်တပ်ကနိုင်ငံတော်အာဏာကို အဓမ္မလုယူပြီးသည့် ဖေဖော်ဝါရီ ၁ ရက်ကတည်းက ဖမ်းဆီးထားခြင်းဖြစ်သည်ဟု နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အ သင်း (AAPP) က ထုတ်ပြန်ထားသည်။ထိုသို့ဖမ်းဆီးထားပြီး ၁၀ လအကြာမှသာ အကြမ်းဖက်စစ်တပ်က အဂတိဖြင့် အမူဖွင့်ခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

အငြိမ်းစားသံအမတ်ကြီး ဦးသောင်းထွန်းသည် ဒီချုပ်အစိုးရလက်ထက်တွင် နိုင်ငံတော်လုံခြုံရေးအကြံပေး၊ မြန်မာနိုင်ငံရင်းနှီးမြှပ်နှံမူကော်မရှင် ဥက္ကဌ၊ ရင်းနှီးမြှပ်နှံမူနှင့်နိုင်ငံခြားစီးပွားဆက်ဆံရေးဝန်ကြီး နှင့် ပြည်ထောင်စု အစိုးရ အဖွဲ့ရုံးဝန်ကြီးတို့အဖြစ် ပူးတွဲဆောင်ရွက်ခဲ့သူဖြစ်သည်။ Makro Myanmar ဆိုင်ခွဲကို Siam Makro Public Company Limited က ပိုင်ဆိုင်တာ ဖြစ်ပြီး ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ စက်ဆန်းရပ်ကွက်၊ အထက် ပုစွန်တောင်လမ်းမပေါ်မှာ ဖွင့်လှစ်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

နိုင်ငံတကာ

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ ရုပ်ပုံ ပါရှိတဲ့ တစ်ဒေါ်လာတန် ဒင်္ဂါးတွေကို အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာနက တရားဝင် ထုတ်ဝေလိုက်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

ဆောင်းပါး

ခွေးကိုက်ခံရတာက ကြောက်စရာကောင်းပါတယ်။ဒါပေမယ့် မြန်မာနိုင်ငံမှာ ခွေးကိုက်ခံရပြီးဆေးရုံရောက်သွားတဲ့အခါလိုအပ်တဲ့ ခွေးရူးကာကွယ်ဆေးကို အချိန်မီ မရနိုင်တာက ပိုပြီး ကြောက်စရာကောင်းလာနေပါတယ်။

Facebook