Connect with us

Hi, what are you looking for?

LuduNwayOo

News

Makro မြန်မာကို​မြေငှားရာ​ဒေါ်လာ ၉သန်းခန့်နစ်နာသည်ဟုစွပ်စွဲကာစစ်​ကောင်စီက ဦး​သောင်းထွန်းကို တရားစွဲ

အကြမ်းဖက်စစ်ကောင်စီက ဦးသောင်းထွန်းကို စစ်တပ်ကနိုင်ငံတော်အာဏာကို အဓမ္မလုယူပြီးသည့် ဖေဖော်ဝါရီ ၁ ရက်ကတည်းက ဖမ်းဆီးထားခြင်းဖြစ်သည်ဟု နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အ သင်း (AAPP) က ထုတ်ပြန်ထားသည်။

ထိုင်းနိုင်ငံ၏ နာမည်ကျော် လက်လီအရောင်းဆိုင်ဖြစ်သည့် Makro မြန်မာကို မြေငှားရမ်းရာတွင် ဒေါ်လာ ၉ သန်းခန့်နစ်နာသည်ဟုစွပ်စွဲကာ ဝန်ကြီးဦးသောင်းထွန်းကို အကြမ်းဖက်စစ်ကောင်စီက အဂတိလိုက်စားမူတိုက်ဖျက်ရေး ဥပဒေဖြင့်အရေးယူလိုက်ကြောင်း ထုတ်ပြန်သည်။ သည်။

မင်္ဂလာတောင်ညွန့်မြို့နယ်၊အထက်ပုဇွန်တောင်လမ်းပေါ်ရှိ မြေ၉ ဧကကျော်တွင်ရှိသည့် စားသုံးသူရေးရာဦးစီးဌာနပိုင်မြေကို ထိုင်း Markoကိုငှားရမ်းရာတွင် နစ်နာခဲ့ခြင်းဖြစ်သည်ဟု စွပ်စွဲခဲ့ခြင်းဖြစ်သည်။ ဦးသောင်းထွန်းက အဆိုပါမြေကို Markoမြန်မာကို နှစ် ၃၀ ငှားရမ်းရာတွင် တစ်စတုရမ်းမီတာကို ကာလ ပေါက်ဈေး ဒေါ်လာ ၁၀ နှင့် ၁၅ ရှိနေချိန်တွင် ၆ဒေါ်လာခွဲဖြင့် ငှားရမ်းခဲ့သည်ဟုစွပ်စွဲထားသည်။ထိုကြောင့် တစ်နှစ်မြေငှားရမ်းခ ဒေါ်လာ ၁ ဒသမ ၃ သိန်းကျော်နစ်နာခဲ့သည်ဟုဆိုသည်။

ထိုအတူမြေအသုံးချမူ ပရီမီယံကြေး တစ်ဧကကို အနိမ့်ဆုံးဒေါ်လာ တစ်သိန်းရှိ၍ မြေဧက ၉ ဧက ငှားရမ်းရာတွင် ဒေါ်လာ ၉ သန်းကျော်ရရှိရမည်ဟု အကြမ်းဖက်စစ်ကောင်စီကဆိုထားသည်
သို့သော်လည်း ဝန်ကြီးဦးသောင်းထွန်းသည် မြေအသုံးချမူပရီမီယံကြေးကို ‌ဒေါ်လာ ၂ သိန်းခွဲခန့်သာ သွင်းစေခဲ့သည်ဟုဆိုသည်။ ထိုကြောင့် နိုင်ငံတော်က ဒေါ်လာ ၉သန်းခန့်နစ်နာခဲ့ရသည်ဟု အကြောင်းပြထားသည်။

အကြမ်းဖက်စစ်ကောင်စီက ဦးသောင်းထွန်းကို စစ်တပ်ကနိုင်ငံတော်အာဏာကို အဓမ္မလုယူပြီးသည့် ဖေဖော်ဝါရီ ၁ ရက်ကတည်းက ဖမ်းဆီးထားခြင်းဖြစ်သည်ဟု နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အ သင်း (AAPP) က ထုတ်ပြန်ထားသည်။ထိုသို့ဖမ်းဆီးထားပြီး ၁၀ လအကြာမှသာ အကြမ်းဖက်စစ်တပ်က အဂတိဖြင့် အမူဖွင့်ခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

အငြိမ်းစားသံအမတ်ကြီး ဦးသောင်းထွန်းသည် ဒီချုပ်အစိုးရလက်ထက်တွင် နိုင်ငံတော်လုံခြုံရေးအကြံပေး၊ မြန်မာနိုင်ငံရင်းနှီးမြှပ်နှံမူကော်မရှင် ဥက္ကဌ၊ ရင်းနှီးမြှပ်နှံမူနှင့်နိုင်ငံခြားစီးပွားဆက်ဆံရေးဝန်ကြီး နှင့် ပြည်ထောင်စု အစိုးရ အဖွဲ့ရုံးဝန်ကြီးတို့အဖြစ် ပူးတွဲဆောင်ရွက်ခဲ့သူဖြစ်သည်။ Makro Myanmar ဆိုင်ခွဲကို Siam Makro Public Company Limited က ပိုင်ဆိုင်တာ ဖြစ်ပြီး ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ စက်ဆန်းရပ်ကွက်၊ အထက် ပုစွန်တောင်လမ်းမပေါ်မှာ ဖွင့်လှစ်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။