Connect with us

Hi, what are you looking for?

News

သုဝဏ္ဏတွင် စစ်​ကောင်စီနှင့် အမည်မသိလူအချို့အပြန်အလှန် သေနတ်ဖြင့်ပစ်ခတ်မှုဖြစ်၊ စစ်​ကောင်စီတပ်သား တစ်ဦး​သေဆုံးပြီး သုံးဦးဒဏ်ရာရ

လမ်းမ​တော်​ ​ညောင်​ပင်​လေးစျေးအနီးတွင် ဗုံး​ပေါက်ကွဲ

ရန်ကုန်မြို့ သဃ်န်းကျွန်းမြို့နယ် သုဝဏ္ဏတွင် စစ်​ကောင်စီတပ်သားများနှင့် အမည်မသိလူအချို့တို့ ​သေနတ်ဖြင့်အပြန်အလှန်ပစ်ခတ်မှု ယ​နေ့ မွန်းလွှဲ၂နာရီခန့်က ဖြစ်ပွားခဲ့သည်။

သုဝဏ္ဏရှိ အခြေခံပညာ အထက်တန်းကျောင်းဝင်းအတွင်း စစ်ကောင်စီတပ်သားများ တပ်စွဲထားသည့်နေရာတွင် ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း ရပ်ကွက်နေပြည်သူတစ်ဦးက ပြောသည်။

အဆိုပါ ပစ်ခတ်မှုကြောင့် စစ်သား တစ်ဦး​သေဆုံးပြီယသုံးဦး ဒဏ်ရာရရှိခဲ့ကြောင်း ၎င်းက ပြောသည်။

“ ကျောင်းထဲမှာ ကင်းစောင့်နေတဲ့ စစ်သားကို ကားပေါ်ကနေ ပစ်သွားတာ တွေ့လိုက်တယ်။ ဟိုဘက်ဒီဘက် အပြန်အလှန် ပစ်နေကြတာပါ။ စစ်သားတစ်ယောက်သေတာ သေချာတယ်။ ဒဏ်ရာရတဲ့သူ သုံး ယောက်လောက် ရှိပြီး ဆေးရုံကားတွေနဲ့ လာခေါ်သွားတယ် ” ဟု မျက်မြင်တွေ့သူတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

လက်ရှိတွင် သုဝဏ္ဏ၊ သံသုမာလမ်း၊ Max ဓာတ်ဆီဆိုင်ရှေ့နှင့် သုဝဏ္ဏ ပန်းခြံရှေ့လမ်းတို့ကို စစ်ကောင်စီ တပ်သားများက ပိတ်ဆို့ စစ်ဆေးနေကြောင်း ၎င်းက ပြောသည်။

ထို့အပြင် ယနေ့မွန်းလွှဲ ၂ နာရီကျော်ကလည်း လမ်းမတော်မြို့နယ် ညောင်ပင်လေးစျေးအနီးတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ထိခိုက်မှု ရှိ၊ မရှိကို အတည်မပြုနိုင်သေး​ပေ။

ရန်ကုန်မြို့တွင် အကြမ်းဖက်စစ်ကောင်စီတပ်များ တပ်စွဲထားသည့် နေရာများ၌ ပေါက်ကွဲမှုများ ခပ်စိပ်စိပ်ဖြစ်ပေါ်နေပြီး သေနတ်ဖြင့် အပြန်အလှန်ပစ်ခတ်သည် အထိပါ ဖြစ်ပွား​နေသည်။

ဆက်စပ်သတင်းများ

သတင်း

နိုဝင်ဘာ – ၇ ၊၂၀၂၅ ၊နိုင်ပကောင်း/People’s Spring ဘားအံမြို့မှာ စစ်ကောင်စီက ကျင်းပတဲ့ နှစ်(၇၀)ပြည့် ကရင်ပြည်နယ်နေ့အခမ်းအနားကို ကရင်လက်နက်ကိုင်အဖွဲ့သုံး ဖွဲ့က ထိပ်ပိုင်းခေါင်းဆောင်တွေ တက်ရောက်ခဲ့ကြတယ်လို့သိရပါတယ်။ ဒီနေ့​ (နိုဝင်ဘာလ ၇ ရက်) မှာ ကျရောက်တဲ့ နှစ် (၇၀ )...

သတင်း

စစ်ကိုင်းတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ စစ်ကောင်စီ ရွေးကောက်ပွဲ ဆန့်ကျင်ရေးနဲ့ စစ်မှုထမ်းဥပဒေတိုက်ဖျက်ရေး သပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (နိုဝင်ဘာ ၆) မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်အတွင်း စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်စစ်ကြောင်း တပတ်အတွင်း နှစ်ကြိမ်တိုက်ခိုက်ခံရပြီး အထိအခိုက်များလို့ပြန်ဆုတ်ခွာသွားကြောင်း သတင်းရရှိပါတယ်။