Connect with us

Hi, what are you looking for?

News

သုဝဏ္ဏတွင် စစ်​ကောင်စီနှင့် အမည်မသိလူအချို့အပြန်အလှန် သေနတ်ဖြင့်ပစ်ခတ်မှုဖြစ်၊ စစ်​ကောင်စီတပ်သား တစ်ဦး​သေဆုံးပြီး သုံးဦးဒဏ်ရာရ

လမ်းမ​တော်​ ​ညောင်​ပင်​လေးစျေးအနီးတွင် ဗုံး​ပေါက်ကွဲ

ရန်ကုန်မြို့ သဃ်န်းကျွန်းမြို့နယ် သုဝဏ္ဏတွင် စစ်​ကောင်စီတပ်သားများနှင့် အမည်မသိလူအချို့တို့ ​သေနတ်ဖြင့်အပြန်အလှန်ပစ်ခတ်မှု ယ​နေ့ မွန်းလွှဲ၂နာရီခန့်က ဖြစ်ပွားခဲ့သည်။

သုဝဏ္ဏရှိ အခြေခံပညာ အထက်တန်းကျောင်းဝင်းအတွင်း စစ်ကောင်စီတပ်သားများ တပ်စွဲထားသည့်နေရာတွင် ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း ရပ်ကွက်နေပြည်သူတစ်ဦးက ပြောသည်။

အဆိုပါ ပစ်ခတ်မှုကြောင့် စစ်သား တစ်ဦး​သေဆုံးပြီယသုံးဦး ဒဏ်ရာရရှိခဲ့ကြောင်း ၎င်းက ပြောသည်။

“ ကျောင်းထဲမှာ ကင်းစောင့်နေတဲ့ စစ်သားကို ကားပေါ်ကနေ ပစ်သွားတာ တွေ့လိုက်တယ်။ ဟိုဘက်ဒီဘက် အပြန်အလှန် ပစ်နေကြတာပါ။ စစ်သားတစ်ယောက်သေတာ သေချာတယ်။ ဒဏ်ရာရတဲ့သူ သုံး ယောက်လောက် ရှိပြီး ဆေးရုံကားတွေနဲ့ လာခေါ်သွားတယ် ” ဟု မျက်မြင်တွေ့သူတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

လက်ရှိတွင် သုဝဏ္ဏ၊ သံသုမာလမ်း၊ Max ဓာတ်ဆီဆိုင်ရှေ့နှင့် သုဝဏ္ဏ ပန်းခြံရှေ့လမ်းတို့ကို စစ်ကောင်စီ တပ်သားများက ပိတ်ဆို့ စစ်ဆေးနေကြောင်း ၎င်းက ပြောသည်။

ထို့အပြင် ယနေ့မွန်းလွှဲ ၂ နာရီကျော်ကလည်း လမ်းမတော်မြို့နယ် ညောင်ပင်လေးစျေးအနီးတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ထိခိုက်မှု ရှိ၊ မရှိကို အတည်မပြုနိုင်သေး​ပေ။

ရန်ကုန်မြို့တွင် အကြမ်းဖက်စစ်ကောင်စီတပ်များ တပ်စွဲထားသည့် နေရာများ၌ ပေါက်ကွဲမှုများ ခပ်စိပ်စိပ်ဖြစ်ပေါ်နေပြီး သေနတ်ဖြင့် အပြန်အလှန်ပစ်ခတ်သည် အထိပါ ဖြစ်ပွား​နေသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဖိလစ်ပိုင် နိုင်ငံရဲ့ မွတ်ဆလင် အများစု နေထိုင်ရာ ဒေသမှာ ပထမဆုံး ကျင်းပမယ့် ရွေးကောက်ပွဲ မတိုင်ခင် ပစ်ခတ်မှုတွေ ဖြစ်ပွားလို့ ၃ ဦးသေ၊ ၁၅ ဦး ဒဏ်ရာရခဲ့ပါတယ်။

နိုင်ငံတကာ

ထိုင်းက မူကြိုကျောင်းတစ်ခုမှာ ပစ်ခတ်မှု ဖြစ်ပွားပြီး အမျိုးသမီးတစ်ဦး သေဆုံးသွားကြောင်း သိရပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်