Connect with us

Hi, what are you looking for?

LuduNwayOo

News

ကယားနှင့်ရှမ်းရှိ မြို့နယ်သုံးခု၌ စစ်ရှောင်ငါးသောင်းကျော်ရှိလာပြီး အရေးပေါ်အကူအညီလိုအပ်

စစ်ကောင်စီက သတ်ဖြတ်၍ အရပ်သားအချို့သေဆုံး

ကယားပြည်နယ် နှစ်ခုနှင့် ရှမ်းပြည်နယ်ရှိ မြို့နယ်တစ်ခုတွင် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်နှင့် အာဏာသိမ်းစစ်ကောင်စီအကြား တိုက်ပွဲများဖြစ်ပွား၍ စစ်ဘေးရှောင် ၅၀၀၀၀ ကျော် ရှိလာကြောင်း ဒေသတွင်း ကူညီရေးအဖွဲ့က ပြောသည်။

အဆိုပါ မြို့နယ်သုံးခု၌ စစ်ရှောင်လူဦးရေ ငါးသောင်းနှင့်အထက်ရှိပြီး အမိုးအကာအောက်တွင် လုံခြုံစွာနေထိုင်နိုင်ရေးနှင့် စားနပ်ရိက္ခာအကူအညီတို့ အရေးပေါ်လိုအပ်နေသည်ဟု စစ်ရှောင်ကူညီရေး ဆောင်ရွက်နေသည့် ကယန်းအမျိုးသမီးအစည်းအရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ ထက်ဝက်ကျော်လောက်က တောထဲမှာ ပြေးနေရတာများတယ်။ တောင်ပေါ် ရွာတွေနဲ့ အလှမ်းဝေးတဲ့နေရာကို ပြေးနေကြတာရှိတယ်။ တိုက်ပွဲနဲ့ နည်းနည်းဝေးတဲ့ ကျေးရွာတွေမှာ ရှောင်နေကြတာရှိတယ်” ဟု ၎င်းကဆိုသည်။

ပြည်သူ့ကာကွယ်ရေးတပ်နှင့် စစ်ကောင်စီတို့သည် ဒီးမော့ဆိုမြို့နယ်၌ တိုက်ပွဲများ ဆက်လက်ဖြစ် ပွားခဲ့ရာ နှစ်ဖက်ထိခိုက်သေဆုံးမှုများရှိကြောင်း ကြားရသည်ဟု ဒေသခံတိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)တာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီက သာလွန်အင်အားဖြင့် တိုက်ခိုက်ခြင်း၊ လက်နက်ကြီးများပစ်ခတ်ခြင်းအပြင် ဒေသခံအချို့အား ဖမ်းဆီးနှိပ်စက်သတ်ဖြတ်မှုများရှိနေကြောင်း ၎င်းကဆိုသည်။

“မနေ့ညနေပိုင်းမှာ တင့်ကားနဲ့ မိုးဗြဲကနေလာတယ်။ အင်အား ၄၀လောက် ပါတယ်။ လွိုင်ကော်အဝင်၀ ရေယိုဆိုတဲ့ရွာနားမှာ နားတဲ့အချိန်မှာ ရွာက အိမ်ကောင်းတွေကို ဝင်မွှေတယ် ပစ္စည်းတွေယူတယ် နောက်ပြီးတော့ အိမ်တစ်လုံးကို မီးရှို့လိုက်တယ် လို့ကြားတယ်။ နောက်ပြီးတော့ တစ်ယောက်ဖမ်းသွားတော့ စစ်ဆေးမေးမြန်းရင်းနဲ့ လက်လွန်သွားတာ သေသွားတယ်လို့ ပြောတယ်” ဟု KNPP တာဝန်ရှိသူက ပြောသည်။

စစ်ကောင်စီက လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်၍ ဒီးမောံဆိုမြို့နယ် ဒေါငံခါးရပ်ကွက်နှင့် တနန်းဥကွိုင် ရပ်ကွက်ရှိ နေအိမ်အချို့ ပျက်စီးသွားကြောင်း ဒေသအခြေစိုက် ကန္တာရ၀တီတိုင်း(မ်) သတင်းဌာနက ဓာတ်ပုံများနှင့်တစ်ကွ ဖော်ပြသည်။

ထို့ပြင် လွိုင်ကော် – ဒီးမော့ဆိုလမ်းရှိ ဒေါပိုးစီ ကျေးရွာမှ ဒေသခံတစ်ဦးကိုလည်း စစ်ကောင်စီတပ်မှ အင်အား ၃၀ခန့်က ယနေ့ညနေပိုင်း၌ နေအိမ်ခြံဝန်းထဲအထိ ဝင်ရောက်ရိုက်နှက် သတ်ဖြတ်ခဲ့သည်ဟုလည်း ဖော်ပြထားသည်။

ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်နှင့် စစ်ကောင်စီတို့သည် ကယားပြည်နယ် ဒီးမော့ဆိုမြို့၌ မေလ ၂၁ရက်စ၍ တိုက်ပွဲဖြစ်ပွားခဲ့ရာ ယနေ့အထိ ဆက်လက်တိုက်ပွဲဖြစ်ပွားနေသည်။ ထို့နောက် လွိုင်ကော်မြို့နယ်နှင့် ရှမ်းပြည်နယ် ဖယ်ခုံမြို့နယ် မိုးဗြဲဒေသ၌လည်း တိုက်ပွဲဖြစ်ပွားခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

KIAသည် မိုးမောက်နှင့် လွယ်ဂျယ်မြို့ကြား စိန်လုံတောင်တလျှောက်ရှိ စစ်ကောင်စီစခန်းများကို ပြီးခဲ့သည့် မတ်လဆန်းက တိုက်ခိုက်သိမ်းယူခဲ့သည်။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။