Connect with us

Hi, what are you looking for?

News

ကိုယ်ပိုင်အထက်တန်းကျောင်းတစ်ခုမှာ ၂၄၆ ဦး ကိုဗစ်ကူးစက်ခံရပြီး ဆရာမတစ်ဦး သေဆုံး

ဇွန် ၁၂ ရက်အတွက် ကိုဗစ်အတည်ပြုလူနာသစ်ထုတ်ပြန်ချက်မှာ လှည်းကူးမြို့နယ်တစ်ခုထဲကပဲ ၂၁၁ ဦးရှိခဲ့တာဖြစ်ပါတယ်။

လှည်းကူးမြို့နယ်ထဲမှာရှိတဲ့ ကိုယ်ပိုင်အထက်တန်းကျောင်းတစ်ခုမှာ ကိုဗစ်လူနာကူးစက်မှု ၂၀၀ ကျော် ဖြစ်ပွားခဲ့တယ်လို့ သတင်းရရှိပါတယ်။

အဲဒီကိုယ်ပိုင်အထက်တန်းကျောင်းဖုန်းကို ဆက်သွယ်မေးမြန်းရာမှာတော့ ကျောင်းသားမိဘမဟုတ်ရင် ဖြေကြားပေးဖို့မရှိကြောင်းနဲ့ တာဝန်ရှိသူတွေကိုသာမေးမြန်းဖို့ ပြောပါတယ်။

ဇွန် ၁၂ ရက်အတွက် ကိုဗစ်အတည်ပြုလူနာသစ်ထုတ်ပြန်ချက်မှာ လှည်းကူးမြို့နယ်တစ်ခုထဲကပဲ ၂၁၁ ဦးရှိခဲ့တာဖြစ်ပါတယ်။ အဲဒီ လှည်းကူးမြို့နယ်က ကူးစက်မှုနဲ့ ပတ်သက်လို့ ကျောင်းသူတစ်ဦးအနံ့ပျောက်လို့ စစ်ဆေးရာကနေစတင်တွေ့ခဲ့တာဖြစ်ပြီး ကူးစက်ခံရသူတွေထဲက ဆရာမတစ်ဦးကတော့ လှိုင်သာယာဆေးရုံကို တင်ပို့ကုသခဲ့ပေမယ့် သေဆုံးခဲ့တယ်လို့ စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနက ဒေါက်တာခင်ခင်ကြီးက ဆိုရှယ်မီဒီယာကတဆင့် ရှင်းလင်းထုတ်ပြန်ထားပါတယ်။

ကျောင်းမှာရှိတဲ့ ဆရာမနဲ့ ကျောင်းသား၊ ကျောင်းသူ၊ ဝန်ထမ်း ၄၅၆ ဦးကို စစ်ဆေးခဲ့ရာမှာ ၂၄၆ ဦးမှာ ပိုးတွေ့ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီရောဂါပိုးတွေ့ရှိတဲ့ ကျောင်းသူကျောင်းသားတွေကို သီးခြားအဆောင်မှာ ခွဲခြား စောင့်ကြည့်နေပြီး ကုသဖို့လိုလာရင် ဖောင်ကြီးကိုဗစ်စင်တာ၊ လှိုင်သာယာပြည်သူ့ဆေးရုံနဲ့ လှည်းကူးဆေးရုံတွေကို ဆက်ပို့သွားမယ်လို့ လည်း အဲဒီရှင်းလင်းထုတ်ပြန်ချက်က ဆိုပါတယ်။

Public Service Announcement

Public Service Announcement

လှည်းကူးမြို့နယ် ငွေနံ့သာကျေးရွာမှာရှိတဲ့ မဟော်သဓာ အထက်တန်းကျောင်းဟာ အခမဲ့ကိုယ်ပိုင်အထက်တန်းကျောင်းဖြစ်ပြီး ဓမ္မဒူတဆရာတော် အရှင်ပညာဝရက တည်ထောင်ထားတာဖြစ်တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်က ကျောင်းသူ၊ ကျောင်းသား ၅၀၀ ကျော်ရှိခဲ့တယ်လို့ ကျောင်းအကျိုးတော်ဆောင်အဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

မဟော်သဓာ အထက်တန်းကျောင်းကို ဒီနှစ်ကျောင်းဖွင့်ရာသီမှာလည်းပုံမှန်အတိုင်းဖွင့်လှစ်ထားပြီး ကျောင်းသူ ကျောင်းသား ၄၀၀ ကျော်နဲ့ ဝန်ထမ်း ၈၀ ကျော်ကို ပြီးခဲ့တဲ့ ဇွန်လ ၉ ရက်က မင်္ဂလာဒုံ အမှတ် (၁) တပ်မတော်ဆေးရုံကြီး ခုတင် (၁၀၀၀)က ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေက ကျွန်းမာရေးစောင့်ရှောက်မှုလာ
ပေးခဲ့တယ်လို့ ကျောင်းအကျိုးတော်ဆောင်အဖွဲ့ Facebook Group ထဲမှာ ဓာတ်ပုံတွေနဲ့တကွ တင်ထားပါတယ်။

ဇွန် ၁၃ ရက်က ကိုဗစ်လူနာသစ် ၃၇၃ ဦးတွေ့ခဲ့ပြီး ကိုဗစ်ကူးစက်မှုတွေ ပြန်လည်စတင်လာတဲ့ တတိယလှိုင်းအစ မတ် ၂၇ ရက်ကစလို့ တစ်ရက်ထဲ အများဆုံးအရေအတွက်လည်းဖြစ်ပါတယ်။ ဒီရက်ပိုင်းတွေမှာ ပိုးတွေ့လူနာသစ်က တစ်ရာဝန်းကျင်ပုံမှန်ရှိနေပြီး ရန်ကုန်က တတိယအများဆုံးတွေ့ရတာဖြစ်ပေမယ့် ၁၃ ရက်နေ့ စစ်ဆေးမှုအခြေအနေအရ စစ်ကိုင်းကိုကျော်တက်ပြီး ပထမနေရာ ရောက်လာတယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

​လှည်းကူးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နာယက ဦးဝင်းတင်ဟာ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာ ကွယ်လွန်သွားခဲ့ကြောင်း သတင်းရရှိပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် လေးနှစ်တာအတွင်း ကျပ်သန်းပေါင်း နှစ်သောင်းကျော် (ကျပ်ငွေ ၂၁,၆၄၅ ဒသမ ၃၅ သန်း) အသုံးပြုခဲ့ကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)ထံ ရှင်းလင်းတင်ပြခဲ့ဟု CRPHက ထုတ်ပြန်သည်။

သတင်း

စစ်ကောင်စီသည် စစ်ကိုင်းငလျင်ကြီးလှုပ်ခတ် ပြီးနောက် ဆေးရုံ၊ဆေးခန်းများ လေကြောင်းမှ တိုက်ခိုက်မှုပိုမိုပြုလုပ်ခဲ့ပြီး လေးလအတွင်း အကြိမ် ၃၀တိုက်ခိုက်ခဲ့ကြောင်း အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)၏ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

နိုင်ငံတကာ

ကိုဗစ်ကပ်ရောဂါရဲ့ မူလအစနဲ့ ပတ်သက်လို့ ဖြစ်နိုင်ခြေ သီအိုရီ အားလုံးကို လမ်းဖွင့်ထားဆဲ ဖြစ်တယ်လို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)က ပြောပါတယ်။