Connect with us

Hi, what are you looking for?

LuduNwayOo

News

ကိုယ်ပိုင်အထက်တန်းကျောင်းတစ်ခုမှာ ၂၄၆ ဦး ကိုဗစ်ကူးစက်ခံရပြီး ဆရာမတစ်ဦး သေဆုံး

ဇွန် ၁၂ ရက်အတွက် ကိုဗစ်အတည်ပြုလူနာသစ်ထုတ်ပြန်ချက်မှာ လှည်းကူးမြို့နယ်တစ်ခုထဲကပဲ ၂၁၁ ဦးရှိခဲ့တာဖြစ်ပါတယ်။

လှည်းကူးမြို့နယ်ထဲမှာရှိတဲ့ ကိုယ်ပိုင်အထက်တန်းကျောင်းတစ်ခုမှာ ကိုဗစ်လူနာကူးစက်မှု ၂၀၀ ကျော် ဖြစ်ပွားခဲ့တယ်လို့ သတင်းရရှိပါတယ်။

အဲဒီကိုယ်ပိုင်အထက်တန်းကျောင်းဖုန်းကို ဆက်သွယ်မေးမြန်းရာမှာတော့ ကျောင်းသားမိဘမဟုတ်ရင် ဖြေကြားပေးဖို့မရှိကြောင်းနဲ့ တာဝန်ရှိသူတွေကိုသာမေးမြန်းဖို့ ပြောပါတယ်။

ဇွန် ၁၂ ရက်အတွက် ကိုဗစ်အတည်ပြုလူနာသစ်ထုတ်ပြန်ချက်မှာ လှည်းကူးမြို့နယ်တစ်ခုထဲကပဲ ၂၁၁ ဦးရှိခဲ့တာဖြစ်ပါတယ်။ အဲဒီ လှည်းကူးမြို့နယ်က ကူးစက်မှုနဲ့ ပတ်သက်လို့ ကျောင်းသူတစ်ဦးအနံ့ပျောက်လို့ စစ်ဆေးရာကနေစတင်တွေ့ခဲ့တာဖြစ်ပြီး ကူးစက်ခံရသူတွေထဲက ဆရာမတစ်ဦးကတော့ လှိုင်သာယာဆေးရုံကို တင်ပို့ကုသခဲ့ပေမယ့် သေဆုံးခဲ့တယ်လို့ စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနက ဒေါက်တာခင်ခင်ကြီးက ဆိုရှယ်မီဒီယာကတဆင့် ရှင်းလင်းထုတ်ပြန်ထားပါတယ်။

ကျောင်းမှာရှိတဲ့ ဆရာမနဲ့ ကျောင်းသား၊ ကျောင်းသူ၊ ဝန်ထမ်း ၄၅၆ ဦးကို စစ်ဆေးခဲ့ရာမှာ ၂၄၆ ဦးမှာ ပိုးတွေ့ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီရောဂါပိုးတွေ့ရှိတဲ့ ကျောင်းသူကျောင်းသားတွေကို သီးခြားအဆောင်မှာ ခွဲခြား စောင့်ကြည့်နေပြီး ကုသဖို့လိုလာရင် ဖောင်ကြီးကိုဗစ်စင်တာ၊ လှိုင်သာယာပြည်သူ့ဆေးရုံနဲ့ လှည်းကူးဆေးရုံတွေကို ဆက်ပို့သွားမယ်လို့ လည်း အဲဒီရှင်းလင်းထုတ်ပြန်ချက်က ဆိုပါတယ်။

လှည်းကူးမြို့နယ် ငွေနံ့သာကျေးရွာမှာရှိတဲ့ မဟော်သဓာ အထက်တန်းကျောင်းဟာ အခမဲ့ကိုယ်ပိုင်အထက်တန်းကျောင်းဖြစ်ပြီး ဓမ္မဒူတဆရာတော် အရှင်ပညာဝရက တည်ထောင်ထားတာဖြစ်တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်က ကျောင်းသူ၊ ကျောင်းသား ၅၀၀ ကျော်ရှိခဲ့တယ်လို့ ကျောင်းအကျိုးတော်ဆောင်အဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Public Service Announcement

Public Service Announcement

မဟော်သဓာ အထက်တန်းကျောင်းကို ဒီနှစ်ကျောင်းဖွင့်ရာသီမှာလည်းပုံမှန်အတိုင်းဖွင့်လှစ်ထားပြီး ကျောင်းသူ ကျောင်းသား ၄၀၀ ကျော်နဲ့ ဝန်ထမ်း ၈၀ ကျော်ကို ပြီးခဲ့တဲ့ ဇွန်လ ၉ ရက်က မင်္ဂလာဒုံ အမှတ် (၁) တပ်မတော်ဆေးရုံကြီး ခုတင် (၁၀၀၀)က ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေက ကျွန်းမာရေးစောင့်ရှောက်မှုလာ
ပေးခဲ့တယ်လို့ ကျောင်းအကျိုးတော်ဆောင်အဖွဲ့ Facebook Group ထဲမှာ ဓာတ်ပုံတွေနဲ့တကွ တင်ထားပါတယ်။

ဇွန် ၁၃ ရက်က ကိုဗစ်လူနာသစ် ၃၇၃ ဦးတွေ့ခဲ့ပြီး ကိုဗစ်ကူးစက်မှုတွေ ပြန်လည်စတင်လာတဲ့ တတိယလှိုင်းအစ မတ် ၂၇ ရက်ကစလို့ တစ်ရက်ထဲ အများဆုံးအရေအတွက်လည်းဖြစ်ပါတယ်။ ဒီရက်ပိုင်းတွေမှာ ပိုးတွေ့လူနာသစ်က တစ်ရာဝန်းကျင်ပုံမှန်ရှိနေပြီး ရန်ကုန်က တတိယအများဆုံးတွေ့ရတာဖြစ်ပေမယ့် ၁၃ ရက်နေ့ စစ်ဆေးမှုအခြေအနေအရ စစ်ကိုင်းကိုကျော်တက်ပြီး ပထမနေရာ ရောက်လာတယ်လို့ သိရပါတယ်။