Connect with us

Hi, what are you looking for?

သတင်း

လှည်းကူးမြို့နယ် NLD ပါတီနာယက ဦးဝင်းတင် မဲဆောက်မြို့မှာ ကွယ်လွန်

​လှည်းကူးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နာယက ဦးဝင်းတင်ဟာ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာ ကွယ်လွန်သွားခဲ့ကြောင်း သတင်းရရှိပါတယ်။

(မကွယ်လွန်မီ လက်သုံးချောင်းထောင်ကာ တော်လှန်ရေးကိုထောက်ခံသွားသည့် NLD နာယက ဦးဝင်းတင်အား တွေ့ရစဥ်။ ဓါတ်ပုံ-Tun Kyi)

​ဇွန်-၉ ၊ ၂၀၂၆။ဇေအောင်/People’s Spring

​လှည်းကူးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နာယက ဦးဝင်းတင်ဟာ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာ ကွယ်လွန်သွားခဲ့ကြောင်း သတင်းရရှိပါတယ်။

အသက် (၈၆)နှစ်ရှိပြီဖြစ်တဲ့ ဦးဝင်းတင်ဟာ မနေ့က (ဇွန် ၈ ရက်) ည ၉နာရီခန့်မှာ အဆုတ်ကင်ဆာရောဂါနဲ့ ကွယ်လွန်သွားခဲ့တာဖြစ်ကြောင်း ၎င်းနဲ့နီးစပ်သူတွေက အသိပေးပါတယ်။

ဦးဝင်းတင်ဟာ ကွယ်လွန်ချိန်အထိ စစ်အာဏာရှင်ကို တော်လှန်လိုစိတ် ပြင်းပြနေမြဲဖြစ်တဲ့အပြင်၊ မကွယ်လွန်မီ နောက်ဆုံးအချိန်အထိ လက်သုံးချောင်းထောင်ကာ နွေဦးတော်လှန်ရေးကို အလေးအနက်ပြု ထောက်ခံအားပေးသွားခဲ့ကြောင်း သိရပါတယ်။

Public Service Announcement

Public Service Announcement

“ဓမ္မဘက်ကရဲဝံ့စွာ ၁၉၉၀မတိုင်ခင်ကတည်းက သတ္တိရှိရှိနဲ့ခိုင်မာစွာရပ်တည်ခဲ့ပြီး စစ်အာဏာရှင်ကို တော်လှန်နေသူ ပြည်သူလူထုမှန်သမျှနဲ့ ပူးပေါင်းကာ တော်လှန်တိုက်ပွဲတိုင်း အစဥ်အမြဲပါဝင်ခဲ့တာ ယနေ့ထက်ထိပါပဲ။…ဘဘက မသေဆုံးခင်အချိန်ထိ စကစ ကို တော်လှန်လိုစိတ်ပြင်းပြနေမြဲပါ”လို့ ၎င်းနဲ့နီးစပ်သူတစ်ဦးက လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။

ခေတ်အဆက်ဆက် စစ်အာဏာရှင်စနစ်နှင့် မတရားမှုမှန်သမျှကို ရဲဝံ့စွာ ဆန့်ကျင်တော်လှန်ခဲ့တဲ့ ဦးဝင်းတင် ကွယ်လွန်သွားခြင်းအပေါ် NLD အလုပ်အမှုဆောင်အဖွဲ့အသီးသီးနဲ့ ရဲဘော်ရဲဘက်တွေ၊ မိတ်ဆွေတွေက ဝမ်းနည်းကြောင်း လူမှုကွန်ရက်တွေမှာ ရေးသားထားကြပါတယ်။

ဆက်စပ်သတင်းများ

သတင်း

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့မှာသံဃာတွေကိုဆွမ်းလောင်းပြီး မွေးနေ့ဆုတောင်းပေးခဲ့တဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီရဲ့လွှတ်တော်ကိုယ်စားလှယ်ဟောင်းဒေါက်တာစောနိုင်ကိုအာဏာသိမ်းစစ်တပ်ကဖမ်းဆီးပြီးနောက် ထောင်ဒဏ်သုံးနှစ်ချလိုက်တယ်လို့ ပါတီနဲ့နီးစပ်သူအချို့ဆီကသိရပါတယ်။

ဆောင်းပါး

နေပြည်တော် အာဏာသိမ်းစစ်အုပ်စုက ငြိမ်းချမ်းရေးလို့ ခေါင်းစဥ်တပ်ကာ တွေ့ဆုံဆွေးနွေးပွဲတွေ ပြုလုပ်နေချိန်မှာ ၂၀၂၀ အထွေထွေရွေးကောက်ပွဲအနိုင်ရပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီက ‘တွေ့ဆုံညှိနှိုင်းအဖြေရှာရေး’မူကို ကိုင်စွဲကြောင်း ထုတ်ပြန်လာပါတယ်။

သတင်း

မြန်မာနိုင်ငံသားအမျိုးသားတဦးကိုဒရုန်းမှောင်ခိုမှုနဲ့ ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းဌာန​တွေက​ဖော်ပြပါတယ်။

သတင်း

အာဏာစစ်အုပ်စုကို အသိအမှတ်မပြုမိစေဖို့ အရေးကြီးဟု NLD ပြော