Connect with us

Hi, what are you looking for?

News

အကျဉ်းသားတွေ ညနေ ၅ နာရီခန့်မှာ လွတ်မယ်လို့ သိရ

စစ်ကောင်စီက အကျဉ်းသားတွေပြန်လွှတ်ပေးမယ်ဆိုတဲ့အတွက် အင်းစိန်ထောင်ရှေ့မှာ မနက်ထဲက မိသားစုဝင်တွေစောင့်နေကြပေမယ့် အခုထိတော့ အကျဉ်းသားတွေ လွတ်မလာသေးဘူးလို့ လူထုနွေဦးသတင်းထောက်က သတင်းပေးပို့ပါတယ်။

ထောင်ရှေ့မှာလာစောင့်နေတဲ့ မိသားစုဝင်တွေတစ်စတစ်စ ပိုများလာနေတယ်လို့ သိရပါတယ်။

စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီက နိုင်ငံအနှံ့ ဖမ်းဆီးထားသူအရေအတွက်ဟာ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဇွန် ၂၉ ရက်အထိ စာရင်းတွေအရ ငါးထောင်ကျော်ရှိနေတာဖြစ်ပါတယ်။

ဇွန် ၂၉ ရက်ညပိုင်းကတော့ လွတ်မြောက်နေသေးဆဲ့ ၅၀၅-က နဲ့ အမှုဖွင့်ခံထားရတဲ့ အနုပညာရှင် ၂၄ ဦးကို စစ်ကောင်စီက အမှုရုတ်သိမ်းပေးခဲ့ပြီး အဲဒီအထဲမှာ ချစ်သုဝေ၊ သက်မွန်မြင့် စတဲ့ အနုပညာရှင်တွေပါဝင်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့အခြေစိုက် Ramon Magsaysay Award Foundation က ဂုဏ်ပြုချီးမြှင့်တဲ့ ၂၀၂၆ ခုနှစ် ရာမွန်မက်ဆေဆေဆုကို နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP)ပူးတွဲတည်ထောင်သူ ဦးဘိုကြည် ရရှိခဲ့ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

Facebook