Connect with us

Hi, what are you looking for?

LuduNwayOo

News

အကျဉ်းသားတွေ ညနေ ၅ နာရီခန့်မှာ လွတ်မယ်လို့ သိရ

စစ်ကောင်စီက အကျဉ်းသားတွေပြန်လွှတ်ပေးမယ်ဆိုတဲ့အတွက် အင်းစိန်ထောင်ရှေ့မှာ မနက်ထဲက မိသားစုဝင်တွေစောင့်နေကြပေမယ့် အခုထိတော့ အကျဉ်းသားတွေ လွတ်မလာသေးဘူးလို့ လူထုနွေဦးသတင်းထောက်က သတင်းပေးပို့ပါတယ်။

ထောင်ရှေ့မှာလာစောင့်နေတဲ့ မိသားစုဝင်တွေတစ်စတစ်စ ပိုများလာနေတယ်လို့ သိရပါတယ်။

စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီက နိုင်ငံအနှံ့ ဖမ်းဆီးထားသူအရေအတွက်ဟာ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဇွန် ၂၉ ရက်အထိ စာရင်းတွေအရ ငါးထောင်ကျော်ရှိနေတာဖြစ်ပါတယ်။

ဇွန် ၂၉ ရက်ညပိုင်းကတော့ လွတ်မြောက်နေသေးဆဲ့ ၅၀၅-က နဲ့ အမှုဖွင့်ခံထားရတဲ့ အနုပညာရှင် ၂၄ ဦးကို စစ်ကောင်စီက အမှုရုတ်သိမ်းပေးခဲ့ပြီး အဲဒီအထဲမှာ ချစ်သုဝေ၊ သက်မွန်မြင့် စတဲ့ အနုပညာရှင်တွေပါဝင်ပါတယ်။