Connect with us

Hi, what are you looking for?

LuduNwayOo

News

နွေဦးတော်လှန်ရေးမှာ ခွဲစိတ်ပါရဂူဗိုလ်ကြီးတစ်ဦးပူးပေါင်းပါဝင်လာ

ဒါအပြင် ဆေးတပ် ၊ အင်ဂျင်နီယာတပ် ၊ ဆက်သွယ်ရေးတပ် ၊ အမြောက်တပ် စတဲ့ ပညာသည်တပ်တွေရဲ့ ၇၀ ရာခိုင်နှုန်းလောက်က အာဏာသိမ်းမှုကို လက်မခံနိုင်ဘူးလို့ ဗိုလ်ကြီးမင်းမောင်မောင်ကခန့်မှန်းသုံးသပ်ပါတယ်။

နွေဦးတော်လှန်ရေးမှာ ဆေးတပ်က ခွဲစိတ်ပါရဂူဗိုလ်ကြီးတစ်ဦး ပါဝင်လာတယ်လို့ သိရပါတယ်။

ဗိုလ်ကြီး မင်းမောင်မောင်ဟာ ပထမတန်း ခွဲစိတ်ပါရဂူတစ်ဦးဖြစ်ပြီး အမှတ် ၁၄ စစ်မြေပြင် ဆေးတပ်ရင်း ၊ တိုက်ကြီးက ဖြစ်တယ်လို့ RFA သတင်းဌာန ရဲ့ဖော်ပြချက်အရသိရပါတယ်။

စစ်ကောင်စီရဲ့ လက်နက်နဲ့ဖြေရှင်းတာ ၊ဖမ်းဆီးနှိပ်စက်တာ တွေ ၊ သတ်ဖြတ်တာတွေ ကိုမြင်လာတဲ့အခါ ပြည်သူ့ဘက်က ရပ်တည်ဖို့ ဆုံးဖြတ်လိုက်တာဖြစ်တယ်လို့ ဗိုလ်ကြီးမင်းမောင်မောင်က RFA သတင်းဌာနနဲ့တွေ့ဆုံမေးမြန်းမှုမှာဖြေကြားထားပါတယ်။

ဒါပေမယ့် လည်း မမြင်ရတဲ့ အကြောက်တရားတွေ ၊ မိသားစု အသိုက်အမြှံပျက်သွားမှာ စိုးရိမ်မှုတွေကြောင့်သာ လက်ရှိအခြေအနေကို မချစ်သော်လည်း အောင့်ခါနမ်းနေရတယ်လို့ဆိုပြီး ပညာသည်တွေအနေနဲ့ ပညာရှင်မာန ၊သမားမာန ထားကြဖို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

မေးမြန်းခန်း

အမျိုးသားညီညွတ်ရေးအစိုးရ​NUG သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ်ဦးကျော်ဇောကို People’s Spring လူထုနွေဦးသတင်းဌာနက ဆက်သွယ်မေးမြန်းထားပါသည်။

သတင်း

အထက်ပါတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ထံမှ MA လက်နက်ငယ် ၁၅ လက်၊ ဒရုန်းပစ်လက်နက် ၁ လက်၊ ပစ္စတို ၁ လက် နှင့် လက်နက်ခဲယမ်းကျည်ဆံများကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း PNLA က ထုတ်ပြန်သည်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲ့၏ ‘၁၀၂၇ စစ်ဆင်ရေး’သည် အောင်မြင်မှု အကြီးအကျယ်ရရှိခဲ့ပြီး ယခုအချိန်ထိလည်း အဆိုပါစစ်ဆင်ရေးသည် အရှိန်အဟုန်ဖြင့် ဆက်လက်ချီတက်နေသည်ကို တွေ့ရကြောင်း ယာယီသမ္မတက ချီးကျူးသည်။

သတင်း

ယနေ့အခမ်းအနားသို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ တို့အပါအဝင် တော်လှန်ရေးအင်အားစုများက သဝဏ်လွှာများ ပေးပို့ခဲ့သည်။