Connect with us

Hi, what are you looking for?

News

နွေဦးတော်လှန်ရေးမှာ ခွဲစိတ်ပါရဂူဗိုလ်ကြီးတစ်ဦးပူးပေါင်းပါဝင်လာ

ဒါအပြင် ဆေးတပ် ၊ အင်ဂျင်နီယာတပ် ၊ ဆက်သွယ်ရေးတပ် ၊ အမြောက်တပ် စတဲ့ ပညာသည်တပ်တွေရဲ့ ၇၀ ရာခိုင်နှုန်းလောက်က အာဏာသိမ်းမှုကို လက်မခံနိုင်ဘူးလို့ ဗိုလ်ကြီးမင်းမောင်မောင်ကခန့်မှန်းသုံးသပ်ပါတယ်။

နွေဦးတော်လှန်ရေးမှာ ဆေးတပ်က ခွဲစိတ်ပါရဂူဗိုလ်ကြီးတစ်ဦး ပါဝင်လာတယ်လို့ သိရပါတယ်။

ဗိုလ်ကြီး မင်းမောင်မောင်ဟာ ပထမတန်း ခွဲစိတ်ပါရဂူတစ်ဦးဖြစ်ပြီး အမှတ် ၁၄ စစ်မြေပြင် ဆေးတပ်ရင်း ၊ တိုက်ကြီးက ဖြစ်တယ်လို့ RFA သတင်းဌာန ရဲ့ဖော်ပြချက်အရသိရပါတယ်။

စစ်ကောင်စီရဲ့ လက်နက်နဲ့ဖြေရှင်းတာ ၊ဖမ်းဆီးနှိပ်စက်တာ တွေ ၊ သတ်ဖြတ်တာတွေ ကိုမြင်လာတဲ့အခါ ပြည်သူ့ဘက်က ရပ်တည်ဖို့ ဆုံးဖြတ်လိုက်တာဖြစ်တယ်လို့ ဗိုလ်ကြီးမင်းမောင်မောင်က RFA သတင်းဌာနနဲ့တွေ့ဆုံမေးမြန်းမှုမှာဖြေကြားထားပါတယ်။

ဒါပေမယ့် လည်း မမြင်ရတဲ့ အကြောက်တရားတွေ ၊ မိသားစု အသိုက်အမြှံပျက်သွားမှာ စိုးရိမ်မှုတွေကြောင့်သာ လက်ရှိအခြေအနေကို မချစ်သော်လည်း အောင့်ခါနမ်းနေရတယ်လို့ဆိုပြီး ပညာသည်တွေအနေနဲ့ ပညာရှင်မာန ၊သမားမာန ထားကြဖို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

အတွေးအမြင်

(စစ်အုပ်စု၏ လတ်တလောအောင်မြင်မှုများသည် အပြီးသတ်အောင်ပွဲမဟုတ်သေး)

သတင်း

လက်ရှိနွေဦးတော်လှန်ရေးရဲ့ ဖြစ်ပေါ်တိုးတက်မှုအခြေအနေတွေအပါအဝင် ပူးပေါင်းဆောင်ရွက်နိုင်ဖို့အတွက် ချင်းရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်(AA)ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော်က ဒီကနေ့ ဧပြီ ၂၀ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

နွေဦးတော်လှန်ရေးဟာ လက်ရှိမှာ ပြင်ပမှ ရန်သူ့အန္တရာယ်အပြင် တော်လှန်ရေးအတွင်းက အကျင့်ပျက်ခြစားမှုတွေနဲ့ပါ ဖြတ်သန်းနေရပြီး နှစ်မျိုးလုံးကို ထိန်းချုပ်နိုင်မယ့် “စနစ်ယန္တရား” တစ်ခုကို တည်ဆောက်လျက်ကြောင်း PDF တပ်မတော် စစ်ရုံးချုပ်၊ ဒုတိယ စစ်ဦးစီးအရာရှိချုပ် ဒေါက်တာစိုးသူရဇော်က တောမီးနဲ့ ဖွဲမီးကို ဥပမာပေးကာ ပြောကြားလိုက်ပါတယ်။

သတင်း

မတ်-၁၂၊ ၂၀၂၆။ ထားမြတ်/People’s Spring နွေဦးတော်လှန်ရေးမဟာမိတ်တပ်‌ပေါင်းစု (SRA) ရဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဉ်(၁) သင်တန်းဆင်းပွဲအခမ်းအနားကို မတ်လ ၁ရက်မှာ ကျင်းပခဲ့တယ်လို့ SRAက ဓာတ်ပုံမှတ်တမ်းတွေနဲ့အတူ သတင်းထုတ်ပြန်ပါတယ်။ သင်တန်းကို လွတ်မြောက်နယ်မြေတနေရာမှာ ကျင်းပခဲ့တာဖြစ်ပြီး အာရက္ခတပ်တော်(AA)က သင်တန်းနည်းပြတွေက လေ့ကျင့်သင်ကြားပေးတာလို့ အသိပေးပါတယ်။ သင်တန်းကာလအတွင်း...