Connect with us

Hi, what are you looking for?

News

ဆဲဗင်းဇူလိုင်​နေ့ တာမွေမှာလုပ်တဲ့ စစ်အာဏာရှင် ဖြုတ်ချရေးသပိတ်

ရန်ကုန်မြို့တွင် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်မှုများကို အကြမ်းဖက်နှိမ်နင်းမှုများ ရှိနေသော်လည်း လူငယ်များက နေ့စဉ်ရက်ဆက် ပုံစံမျိုးစုံဖြင့် ဆန္ဒပြမှုများ ပြုလုပ်လျက်ရှိသည်။

ရန်ကုန်မြို့ ​တာမွေမြို့နယ် ကျိုက်က္ကဆံလမ်းမကြီးပေါ် တွင် စစ်အာဏာရှင် ဖြုတ်ချရေးအဖြစ် လူငယ်များနှင့် ပြည်သူများစု​ပေါင်း၍ ယနေ့ (ဇူလိုင် ၇ ရက်) ညနေပိုင်း၌ သပိတ်စစ်ကြောင်း ချီတက်ခဲ့ကြသည်။

ယင်းသပိတ်တွင် မြို့နယ်အသီးသီးမှ လူငယ်များနှင့် ပြည်သူများ ၁၀၀ ကျော် ပူးပေါင်းပါဝင်ခဲ့ပြီး “ 7 July စိတ်ဓာတ်ကိုင်ဆွဲ တိုက်ပွဲဝင်ကြ” စသည့် စာတန်းများကိုင်ဆောင်ကာ ဒီမ်ိုကရေစီ ရရှိစေရေး ကြွေးကြော်၍ ချီတက်ဆန္ဒပြခဲ့ကြသည်။

မြန်မာနိုင်ငံတွင် အကြမ်းဖက်စစ်ကောင်စီက မတရားသဖြင့် အာဏာသိမ်းပိုက်ထားသည်မှာ ယနေ့ ၁၅၇ ရက်ပြည့်မြောက်ခဲ့ပြီ ဖြစ်သည်။

ရန်ကုန်မြို့တွင် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်မှုများကို အကြမ်းဖက်နှိမ်နင်းမှုများ ရှိနေသော်လည်း လူငယ်များက နေ့စဉ်ရက်ဆက် ပုံစံမျိုးစုံဖြင့် ဆန္ဒပြမှုများ ပြုလုပ်လျက်ရှိသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ရဲခေါင်၊ က​ဖေး /People’s Spring ရန်ကုန်မြို့၊ တာမွေမြို့နယ်၊မေတ္တာညွန့်ရပ်ကွက်ရှိ ဝဏ္ဏသိင်္ဂီလမ်းရှိ တိုက်ခန်းတစ်ခန်းတွင် အမျိုးသမီး အား လူတစ်စုကကြိုးတုပ်ပြီး ဓားဖြင့်ထိုးကာ အနုကြမ်းစီးမှု ဖြစ်ပွားခဲ့သည်။ ယနေ့(မတ်လ ၁၀ ရက်) မွန်းလွဲ ၃ နာရီခန့်ကဖြစ်ပွားခဲ့သည့် အဆိုပါဖြစ်စဥ်ကြောင့် အဆိုပါလမ်း နေထိုင်သူများ တုန်လှုပ်ခဲ့ရသည်ဟု...

သတင်း

ပုဂ္ဂလိက စီးပွားရေးနယ်ပယ်ကိုလည်း နည်းအမျိုးမျိုးဖြင့် ခြိမ်းခြောက်ဖိနှိပ်မှုတို့ကြောင့် မြန်မာ့စီးပွားရေး နယ်ပယ်သည်လည်း ပြန်လည်ဦးမော့စေရန် ခက်ခဲနေသည်ကို တွေ့ရမည်ဖြစ်ကြောင်း ဖော်ပြသည်။

သတင်း

စစ်အာဏာရှင်စနစ်ကိုဆန့်ကျင်အံတုခဲ့သည်ကိုအကြောင်းပြုပြီး ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦးအား ၁၉၇၆ ဇွန်လ ၂၆ရက်တွင် စစ်အာဏာရှင်အုပ်စုက ရက်စက်စွာ ကြိုးပေးသတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။

သတင်း

စစ်ကောင်စီရဲ့သတင်းထုတ်ပြန်ချက်မှာ အရှေ့မြင်းပြိုင်ကွင်းလမ်း ၊ ဝင်းဘရားသား မှန်အလူမီနီယံဆိုင်ရှေ့မှာ ယာဉ်ထိန်းရဲတွေ တိုက်ခိုက်ခံရတာလို့ဆိုထားပါတယ်။