Connect with us

Hi, what are you looking for?

LuduNwayOo

News

ဆဲဗင်းဇူလိုင်​နေ့ တာမွေမှာလုပ်တဲ့ စစ်အာဏာရှင် ဖြုတ်ချရေးသပိတ်

ရန်ကုန်မြို့တွင် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်မှုများကို အကြမ်းဖက်နှိမ်နင်းမှုများ ရှိနေသော်လည်း လူငယ်များက နေ့စဉ်ရက်ဆက် ပုံစံမျိုးစုံဖြင့် ဆန္ဒပြမှုများ ပြုလုပ်လျက်ရှိသည်။

ရန်ကုန်မြို့ ​တာမွေမြို့နယ် ကျိုက်က္ကဆံလမ်းမကြီးပေါ် တွင် စစ်အာဏာရှင် ဖြုတ်ချရေးအဖြစ် လူငယ်များနှင့် ပြည်သူများစု​ပေါင်း၍ ယနေ့ (ဇူလိုင် ၇ ရက်) ညနေပိုင်း၌ သပိတ်စစ်ကြောင်း ချီတက်ခဲ့ကြသည်။

ယင်းသပိတ်တွင် မြို့နယ်အသီးသီးမှ လူငယ်များနှင့် ပြည်သူများ ၁၀၀ ကျော် ပူးပေါင်းပါဝင်ခဲ့ပြီး “7 July စိတ်ဓာတ်ကိုင်ဆွဲ တိုက်ပွဲဝင်ကြ” စသည့် စာတန်းများကိုင်ဆောင်ကာ ဒီမ်ိုကရေစီ ရရှိစေရေး ကြွေးကြော်၍ ချီတက်ဆန္ဒပြခဲ့ကြသည်။

မြန်မာနိုင်ငံတွင် အကြမ်းဖက်စစ်ကောင်စီက မတရားသဖြင့် အာဏာသိမ်းပိုက်ထားသည်မှာ ယနေ့ ၁၅၇ ရက်ပြည့်မြောက်ခဲ့ပြီ ဖြစ်သည်။

ရန်ကုန်မြို့တွင် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်မှုများကို အကြမ်းဖက်နှိမ်နင်းမှုများ ရှိနေသော်လည်း လူငယ်များက နေ့စဉ်ရက်ဆက် ပုံစံမျိုးစုံဖြင့် ဆန္ဒပြမှုများ ပြုလုပ်လျက်ရှိသည်။