Connect with us

Hi, what are you looking for?

News

ကိုဗစ်ကုသရေးအတွက် ဆရာဝန်တွေကို စစ်ကောင်စီ ကန်ထရိုက်စနစ်နဲ့ခန့်မယ်လို့ဆို

ဆရာဝန်လိုအပ်တဲ့နေရာတွေကိုဖြန့်ချပေးမှာဖြစ်ပြီး တပ်ဆရာဝန်တွေကလည်းကုသပေးမှာဖြစ်တဲ့အပြင် လိုအပ်တဲ့ဆရာဝန်တွေကို ကန်ထရိုက်စနစ်နဲ့ခန့်မှာဖြစ်တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့ ကိုဗစ်ကာကွယ်ရေးအစည်းအဝေး

ကိုဗစ်ကုသရေးအတွက် ဆရာဝန်တွေကို ကန်ထရိုက်စနစ်နဲ့ခန့်ထားဖို့ စီစဉ်ထားတယ်လို့ အာဏာသိမ်း စစ်ကောင်စီ ဥက္ကဋ္ဌ ကပြောပါတယ်။

ဆရာဝန်လိုအပ်တဲ့နေရာတွေကိုဖြန့်ချပေးမှာဖြစ်ပြီး တပ်ဆရာဝန်တွေကလည်းကုသပေးမှာဖြစ်တဲ့အပြင် လိုအပ်တဲ့ဆရာဝန်တွေကို ကန်ထရိုက်စနစ်နဲ့ခန့်မှာဖြစ်တယ်လို့ ဆိုပါတယ်။

ဒါအပြင် ပြည်တွင်းမှာ ကိုဗစ်ကာကွယ်ဆေးထုတ်ဖို့ ရုရှားနဲ့ ပူးပေါင်း ဆောင်ရွက်မယ့်အနေအထားရှိတယ်လို့လည်းပြောပါတယ်။

လက်ရှိမှာတော့ ပြည်တွင်းမှာ ကိုဗစ်တတိယလှိုင်းနဲ့ ကြုံတွေ့နေရတာဖြစ်ပြီး အောက်ဆီဂျင်ပြတ်လပ်မှုတွေနဲ့ကြုံနေရသလို၊ ဆေးရုံ တက်ဖို့အတွက် ကုတင်မလောက်တဲ့အတွက် စောင့်ဆိုင်းနေရသူလည်းအများအပြားရှိနေတာပါ။

Public Service Announcement

Public Service Announcement

ဒါကြောင့် ပြည်သူတွေကြားမှာ အာဏာသိမ်းစစ်ကောင်စီခေါင်းဆောင် ကိုဗစ်တိုက်ဖျက်ရေးစီမံပုံနဲ့ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့အစိုးရ တို့ရဲ့ ကိုင်တွယ်မှု ကွာခြားပုံကို ထောက်ပြပြောဆိုနေကြတာတွေ့ရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။