Connect with us

Hi, what are you looking for?

News

စစ်ကောင်စီက ကရင်များမညီညွတ်အောင် သွေးထိုးနေခြင်းကို နားမယောင်ရန်ဟု KNDO ထုတ်ပြန်

ကရင်အမျိုးသားအစည်းအရုံး(KNU) လက်အောက်ခံ လက်နက်ကိုင်တပ်ဖွဲ့ဖြစ်သော KNDOက စစ်ကောင်စီဘက်က လုပ်ကြံဖော်ပြထားသည့် စာတစ်စောင်နှင့်ပတ်သက်၍ ပြန်လည်ရှင်းလင်း ရာ၌ အထက်ပါအတိုင်း ဖော်ပြခဲ့သည်။

ကရင်အမျိုးသားအားလုံး သွေးစည်းညီညွတ်ရေးကို မလိုလားသော စစ်ကောင်စီ၏ သွေးထိုးနေခြင်းကို နားမယောင်ရန် သတိပေးနိုးဆော်ကြောင်း ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDO)က ဇူလိုင် ၁၄ရက်တွင် ထုတ်ပြန်သည်။

ကရင်အမျိုးသားအစည်းအရုံး(KNU) လက်အောက်ခံ လက်နက်ကိုင်တပ်ဖွဲ့ဖြစ်သော KNDOက စစ်ကောင်စီဘက်က လုပ်ကြံဖော်ပြထားသည့် စာတစ်စောင်နှင့်ပတ်သက်၍ ပြန်လည်ရှင်းလင်း ရာ၌ အထက်ပါအတိုင်း ဖော်ပြခဲ့သည်။

ဗိုလ်မှူးချုပ်စောနယ်ဒါးမြ ဦးဆောင်သည့် KNDOသည် KNU ခေါင်းဆောင်များအား လုပ်ကြံရန် စီစဉ်နေကြောင်းသိရသည်ဆိုသည့် အချက်ပါသော စာသည် မှန်ကန်မှုမရှိဘဲ စစ်ကောင်စီက သွေးထိုးနေခြင်းသာဖြစ်ကြောင်း KNDO က ထုတ်ပြန်သည်။ KNU ခေါင်းဆောင်များအား လုပ်ကြံရန် စီစဉ်နေသည်ဟူသော သတင်းသည် လုံး၀ မမှန်ကန်ကြောင်း KNDOက ဆိုသည်။

KNDO ရည်ညွှန်းသည့် စစ်ကောင်စီ ထုတ်ပြန်သည်ဆိုသော စာတွင် NCA ပါ စည်းများများကို လိုက်နာခြင်းမရှိဘဲ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအား ဆန့်ကျင်တိုက်ခိုက်ရန်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDFများကို သင်တန်းပေးနေသည့် စောနယ်ဒါးမြ ဦးဆောင်သည့် အဖွဲ့အား လက်ဦးမှုရယူယ ချေမှုန်းနိုင်ရေး အသင့်ပြင်ထားရန် ညွှန်ကြားထားသည်။ အဆိုပါစာသည် စစ်ကောင်စီ ထုတ်ပြန်သည့် စာဟုတ်မဟုတ်ကိုမူ သီးခြားအတည်ပြုနိုင်ခြင်းမရှိပေ။

Public Service Announcement

Public Service Announcement

သို့ရာတွင် အဆိုပါစာသည် လူမှုကွန်ရက်၌ ပြန့်နှံ့နေသည်။စစ်ကောင်စီအနေဖြင့် ကချင်ပြည်နယ်တွင်လည်း အချက်အလက်အမှားများ ပါသော စာများကို အသုံးပြုပြီး ကချင်လက်နက်ကိုင်အဖွဲ့(KIA)အား ပြည်သူလူထုအမြင်မှားစေရန် လုပ်ဆောင်မှုရှိနေကြောင်း KIA သတင်းနှင့်ပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောဆိုထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) လက်အောက်ခံတပ်ဖြစ်တဲ့ ကရင်အမျိုးသားကာကွယ်ရေးတပ်(KNDO) ထံ စစ်မှုထမ်းတပ်သားသစ် ၁ဦး အလင်းဝင်လာကြောင်း KNU က ထုတ်ပြန်ပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။