Connect with us

Hi, what are you looking for?

News

စစ်ကောင်စီက ကရင်များမညီညွတ်အောင် သွေးထိုးနေခြင်းကို နားမယောင်ရန်ဟု KNDO ထုတ်ပြန်

ကရင်အမျိုးသားအစည်းအရုံး(KNU) လက်အောက်ခံ လက်နက်ကိုင်တပ်ဖွဲ့ဖြစ်သော KNDOက စစ်ကောင်စီဘက်က လုပ်ကြံဖော်ပြထားသည့် စာတစ်စောင်နှင့်ပတ်သက်၍ ပြန်လည်ရှင်းလင်း ရာ၌ အထက်ပါအတိုင်း ဖော်ပြခဲ့သည်။

ကရင်အမျိုးသားအားလုံး သွေးစည်းညီညွတ်ရေးကို မလိုလားသော စစ်ကောင်စီ၏ သွေးထိုးနေခြင်းကို နားမယောင်ရန် သတိပေးနိုးဆော်ကြောင်း ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDO)က ဇူလိုင် ၁၄ရက်တွင် ထုတ်ပြန်သည်။

ကရင်အမျိုးသားအစည်းအရုံး(KNU) လက်အောက်ခံ လက်နက်ကိုင်တပ်ဖွဲ့ဖြစ်သော KNDOက စစ်ကောင်စီဘက်က လုပ်ကြံဖော်ပြထားသည့် စာတစ်စောင်နှင့်ပတ်သက်၍ ပြန်လည်ရှင်းလင်း ရာ၌ အထက်ပါအတိုင်း ဖော်ပြခဲ့သည်။

ဗိုလ်မှူးချုပ်စောနယ်ဒါးမြ ဦးဆောင်သည့် KNDOသည် KNU ခေါင်းဆောင်များအား လုပ်ကြံရန် စီစဉ်နေကြောင်းသိရသည်ဆိုသည့် အချက်ပါသော စာသည် မှန်ကန်မှုမရှိဘဲ စစ်ကောင်စီက သွေးထိုးနေခြင်းသာဖြစ်ကြောင်း KNDO က ထုတ်ပြန်သည်။ KNU ခေါင်းဆောင်များအား လုပ်ကြံရန် စီစဉ်နေသည်ဟူသော သတင်းသည် လုံး၀ မမှန်ကန်ကြောင်း KNDOက ဆိုသည်။

KNDO ရည်ညွှန်းသည့် စစ်ကောင်စီ ထုတ်ပြန်သည်ဆိုသော စာတွင် NCA ပါ စည်းများများကို လိုက်နာခြင်းမရှိဘဲ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအား ဆန့်ကျင်တိုက်ခိုက်ရန်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDFများကို သင်တန်းပေးနေသည့် စောနယ်ဒါးမြ ဦးဆောင်သည့် အဖွဲ့အား လက်ဦးမှုရယူယ ချေမှုန်းနိုင်ရေး အသင့်ပြင်ထားရန် ညွှန်ကြားထားသည်။ အဆိုပါစာသည် စစ်ကောင်စီ ထုတ်ပြန်သည့် စာဟုတ်မဟုတ်ကိုမူ သီးခြားအတည်ပြုနိုင်ခြင်းမရှိပေ။

Public Service Announcement

Public Service Announcement

သို့ရာတွင် အဆိုပါစာသည် လူမှုကွန်ရက်၌ ပြန့်နှံ့နေသည်။စစ်ကောင်စီအနေဖြင့် ကချင်ပြည်နယ်တွင်လည်း အချက်အလက်အမှားများ ပါသော စာများကို အသုံးပြုပြီး ကချင်လက်နက်ကိုင်အဖွဲ့(KIA)အား ပြည်သူလူထုအမြင်မှားစေရန် လုပ်ဆောင်မှုရှိနေကြောင်း KIA သတင်းနှင့်ပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောဆိုထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မြောက်ပိုင်းရှိ စော်ဘွားရေရှင်ကျေးရွာအနီးကို စစ်ကောင်စီက ယနေ့ (ဇန်နဝါရီလ ၁၈ရက်) နံနက် ၇နာရီခန့်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

သတင်း

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ် ခမ်းပါတ်မြို့နှင့် အင်းတော်မြို့နယ်၊ မော်လူးမြို့တို့တွင် ယမန်နေ့ညပိုင်းက စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုအတွင်း အရပ်သား ငါးဦးသေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

သတင်း

ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ် ဆ/ကရပ်ကွက်ကို စစ်ကောင်စီက ပိိုက်စိပ်တိုက်စစ်ဆေးရာ လူငယ် ၁၀ ဦးထက်မနည်း ဖမ်းဆီးခေါ်ဆောင်ခံရကြောင်း အဆိုပါမြို့နယ်ဒေသခံအချို့က လူထုနွေဦးသို့ ပြောသည်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင်၊ ဘီးလင်းမြို့နယ်ရှိ စာသင်ကျောင်းတစ်ခုကို စစ်ကောင်စီက ဒရုန်းဖြင့်တိုက်ခိုက်ခဲ့ကြောင်း KNU ဗဟိုက ယနေ့(ဇန်နဝါရီ ၁၇ရက်)သတင်းထုတ်ပြန်သည်။