Connect with us

Hi, what are you looking for?

News

မြန်မာ့အရေး အရေးပေါ်ဖြေရှင်းဖို့ နိုင်ငံတကာအသိုင်း အဝိုင်းကို ကုလအထူးအစီရင်ခံစာတင်သွင်းသူ တောင်းဆို

အာဏာမသိမ်းခင်ရက်များအတွင်း မြန်မာပြည်သူတွေအတွက် နိုင်ငံတကာငွေကြေးရန်ပုံ ငွေအဖွဲ့(IMF)က ကိုဗစ်အကူအညီအဖြစ်ပေးအပ်ထားတဲ့ အမေရိကန်ဒေါ်လာ သန်း ၃၅၀ ကို စစ်တပ်အနေနဲ့ တာဝန်ခံရမယ်လို့လည်း သူက ဆိုပါတယ်။

(ရန်ကုန်မြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းနဲ့ ၅၁လမ်းထောင့်တွင် အောက်ဆီဂျင်တန်းစီနေသူတွေကို ယမန်​နေ့ ညနေပိုင်းက တွေ့ရစဉ်၊ဓါတ်ပုံ - PS)

မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ပိုမိုပြင်းထန်လာခြင်းနဲ့အတူ ဘေးဒုက္ခအတိရောက်မယ့် အခြေအနေကို အရေးပေါ်ဖြေရှင်းဆောင်ရွက်ဖို့ နိုင်ငံတကာအသိုင်းအဝိုင်းကို ကုလ သမဂ္ဂအထူးအစီရင်ခံစာတင်သွင်းသူက ဒီနေ့ တောင်းဆိုလိုက်ပါတယ်။

“ပြောင်းလဲလာတဲ့ရောဂါပိုး၊ မြန်မာနိုင်ငံရဲ့ ကျန်းမာရေးကုသမှုစနစ်ပြိုလဲခြင်း အပါအဝင် ကိုဗစ်ပိုးရှိသူတစ်ရှိန်တိုးမြင့်တက်လာမှု နဲ့ စစ်တပ်နဲ့ဆက်နွှယ်မှုတိုင်းကို မြန်မာပြည်သူတွေရဲ့ နက်နက်ရှိုင်းရှိုင်းအယုံအကြည်ကင်းမဲ့ခြင်းက ဘေးဒုက္ခအတိရောက်ဖို့ အကြောင်းရင်းခံတွေပါ။ ဒီ အခြေအနေမှာ နိုင်ငံတကာအသိုင်းအဝိုင်းက အရေးပေါ် ကူညီထောက်ပံ့မှုမရှိဘူးဆိုရင် မြန်မာနိုင်ငံမှာ သိသာထင်ရှားတဲ့အသက်ဆုံးရှုံးမှုတွေ ဖြစ်လာနိုင်ပါတယ်” လို့ ကုလသမဂ္ဂ ရဲ့ မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူ Tom Andrews က ပြောပါတယ်။

ဆက်လက်ပြီး “အမြင့်ဆုံးရယူနိုင်တဲ့ကျန်းမာရေးစံနှုန်းဟာ လူသားတိုင်းရဲ့ အခြေခံ ရပိုင် ခွင့်တွေထဲက တစ်ခုဖြစ်ပေမယ့် ဒါကို မြန်မာနိုင်ငံမှာ ငြင်းပယ်ခံနေရပါတယ်။ နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ ဒီအခြေအနေကို အရေးယူဆောင်ရွက်ပါမယ်” လို့ Tom Andrews က ဆိုပါတယ်။

မြန်မာနိုင်ငံကို အရေးပေါ်လူသားချင်းစာနာမှုအကူအညီပေးအပ်ရေး၊ အခြားသော ကိစ္စ ရပ်တွေအပါအဝင် မြန်မာပြည်သူများအတွက် အရေးပေါ်ညွန့်ပေါင်းဖွဲ့ဆောင်ရွက်ရေး အတွက် ပြီးခဲ့တဲ့ ဇူလိုင် ၇ ရက်က ဂျီနီဗာ၊ လူ့အခွင့်အရေးကောင်စီမှာ တောင်းဆိုခဲ့မှုကို Tom Andrews က ထပ်လောင်းတောင်းဆိုပါတယ်။

Public Service Announcement

Public Service Announcement

“စစ်တပ်ဟာ ဒီအကျပ်အတည်းကို ကိုင်တွယ်ဖြေရှင်းနိုင်ဖို့ အရင်းအမြစ်တွေ၊ လုပ်နိုင်စွမ်းတွေနဲ့ တရားဝင်မှုတွေ ကင်းမဲ့နေပါတယ်” လို့ သူက ဆိုပါတယ်။ “နယ်ပယ်တိုင်းမှာ စစ် တပ်အပေါ် အယုံအကြည်ကင်းမဲ့ခြင်းကြောင့် မြန်မာ့အကျပ်အတည်းဟာ မရှုနိုင်မကယ် နိုင်ဖြစ်နေပါတယ်” လို့ သူက ဆက်ပြောပါတယ်။

နိုင်ငံတကာအသိုင်းအဝိုင်းဟာ စစ်တပ်မပါဝင်ဘဲ၊ နိုင်ငံရေးအဖွဲ့တွေ မပါဝင်ဘဲ မြန်မာပြည် သူတွေ ယုံကြည်လာနိုင်မယ့် ကိုဗစ်ကာကွယ်ဆေးထိုးနှံခြင်းပါဝင်တဲ့ တုံ့ပြန်ဆောင်ရွက်ရေးကို ပံ့ပိုးကူညီဖို့ Tom Andrews တိုက်တွန်းပါတယ်။

အာဏာမသိမ်းခင်ရက်များအတွင်း မြန်မာပြည်သူတွေအတွက် နိုင်ငံတကာငွေကြေးရန်ပုံ ငွေအဖွဲ့(IMF)က ကိုဗစ်အကူအညီအဖြစ်ပေးအပ်ထားတဲ့ အမေရိကန်ဒေါ်လာ သန်း ၃၅၀ ကို စစ်တပ်အနေနဲ့ တာဝန်ခံရမယ်လို့လည်း သူက ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ရောဂါပိုးတွေ့လူနာတွေဟာ အောက်စီဂျင်ပြတ်လပ်မှုကို အဓိက ရင်ဆိုင်နေရပြီး ဆေးဝါကုသမှုအရင်းအမြစ်နဲ့ ယုံကြည်မှု မရှိခြင်းတွေကြောင့် ပြည်သူတွေ သေဆုံး နေရခြင်းကို Tom Andrews က ထောက်ပြထားပါတယ်။

ဒါ့အပြင် အာဏာသိမ်းချိန်းကစလို့ မတရားသဖြင့် ဖမ်းဆီးခံရပြီး ထောင်နဲ့ချီတဲ့ နိုင်ငံရေး အကျဉ်းသားတွေရဲ့ ကျပ်သိပ်တဲ့အကျဉ်းထောင်အတွင်းအခြေအနေကို စိုးရိမ်ကြောင်း သူက သီးခြားထုတ်ဖော်ပြောပါတယ်။

ကုလသမဂ္ဂနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ဘက်ပေါင်းစုံက ယိုယွင်းပျက်စီးနေတဲ့ မြန်မာ့အကျပ်အတည်းကို အမြန်ဆုံးရင်ဆိုင်ဖြေရှင်းဖို့ ချက်ခြင်းအကူအညီတွေပေးဖို့ Tom Andrews က သတိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)က ခန့်အပ်တဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်က အခုနှစ် နှစ်ကုန်ပိုင်းမှာ မြန်မာနိုင်ငံကို လူသားချင်း စာနာမှု မစ်ရှင်တစ်ခု သွားရောက်မယ်လို့ အတည်ပြု ပြောကြားခဲ့ပါတယ်။

သတင်း

ပြည်သူလူထုကို ဗုံးကြဲသတ်ဖြတ်မှုတွေကျူးလွန်နေတဲ့ အာဏာသိမ်းစစ်တပ်ရဲ့လုပ်ရပ်တွေကို ဆန့်ကျင်ကန့်ကွက်ကြဖို့ တောင်းဆိုကြောင်း လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ(DPNS) အပါအဝင် အဖွဲ့အစည်း ၁၅ခုက ဇူလိုင် ၂၄ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

အာဆီယံရဲ့ ဘုံသဘောတူညီချက်တိုင်းကို အမြဲမပြတ်ပူးပေါင်းလုပ်ဆောင်သွားမယ်လို့ ဆို

သတင်း

ထိုင်းနဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးတွေ တွေ့ဆုံရာမှာ မြန်မာ့နိုင်ငံရေး အကျပ်အတည်းကိုပါ ထည့်သွင်း ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။