Connect with us

Hi, what are you looking for?

News

ရန်ကုန်မှာအောက်ဆီဂျင်ဖြည့်ခွင့်ရဖို့ အခကြေးငွေပေးပြီး လူငှားနဲ့ပါတန်းစီနေရ

“အိုးလေးလို့သတ်မှတ်တဲ့ ၁၅ လီတာကနေ ၂၀ လီတာအထိ တန်းစီခ ၅၀၀၀ ပေးရတယ်။ အဲဒီအိုးလေးတွေက နေ့ချင်းရတယ်။ ၂၀ လီတာနဲ့အထက် အိုးကြီးတွေဆိုရင်တော့ တန်းစီခက ၁၀၀၀၀ ဖြစ် သွားပြီ။ ဒါတောင်သူက နေ့ချင်းမရဘူး။ အိုးကြီးက ၃ ရက်ကနေ ၅ ရက်အထိ စောင့်ယူရတယ်”လို့ အဲဒီအမျိုးသမီးက ပြောပါတယ်။

(ဇူလိုင် ၁၇ ရက် ည ၇ နာရီခန့်က တောင်ဒဂုံစက်မှုဇုံမှာ အောက်ဆီဂျင်အိုးတန်းစီနေသူတွေဖြစ်ပါတယ်)

ရန်ကုန်မြို့မှာ ကိုဗစ်ရောဂါကူးစက် မြင့်မားလာနေပြီး ကိုဗစ်လူနာတွေအတွက် လိုအပ်တဲ့အောက်ဆီဂျင်ရဖို့ အခကြေးငွေနဲ့လူငှားပြီးတန်းစီနေရတယ်လို့ ကိုယ်တိုင်အောက်ဆီဂျင်ရှာဖွေနေရသူတွေက ပြောပါတယ်။

မြို့တွင်းမှာ တစ်နိုင်တစ်ပိုင်ဖြန့်ဝေပေးနေတဲ့ လူမှုကူညီရေးအသင်းတချို့နဲ့ ပုဂ္ဂလိကလုပ်ငန်းတချို့မှာ တစ်ရက်ကြိုတိုကင်ယူရတာကြောင့် အောက်ဆီဂျင် အရေးပေါ်လိုအပ်သူတွေက စက်ရုံတွေကို အားကိုးနေကြရပါတယ်။

ဒါကြောင့် စက်မှုဇုံတွေကို အောက်ဆီဂျင်လာဖြည့်တဲ့သူရာနဲ့ချီရှိနေပြီး ဒီကနေ့တောင်ဒဂုံစက်မှုဇုံမှာဆိုရင် အိုးလေးတစ်အိုးစာအတွက် အချိန် ၆ နာရီကနေ ၇ နာရီအထိ စောင့်ဆိုင်းတန်းစီခဲ့ရတယ်လို့ ကိုယ်တိုင်သွားတန်းစီခဲ့တဲ့ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

“အိုးလေးလို့သတ်မှတ်တဲ့ ၁၅ လီတာကနေ ၂၀ လီတာအထိ တန်းစီခ ၅၀၀၀ ပေးရတယ်။ အဲဒီအိုးလေးတွေက နေ့ချင်းရတယ်။ ၂၀ လီတာနဲ့အထက် အိုးကြီးတွေဆိုရင်တော့ တန်းစီခက ၁၀၀၀၀ ဖြစ် သွားပြီ။ ဒါတောင်သူက နေ့ချင်းမရဘူး။ အိုးကြီးက ၃ ရက်ကနေ ၅ ရက်အထိ စောင့်ယူရတယ်”လို့ အဲဒီအမျိုးသမီးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

တောင်ဒဂုံစက်မှုဇုံ စစ်တောင်လမ်းမှာရှိတဲ့ စက်ရုံလေး ၊ငါးရုံလောက်ဟာ စက်ရုံတစ်ရုံကို အောက်ဆီဂျင်ဖြည့်ပေးနိုင်တဲ့အနေအထားက အိုးလေးအလုံး ၄၀၀ ဝန်းကျင်နဲ့ အိုးကြီးအလုံး ၁၀၀ ကျော်လောက်ဆီ နေ့စဉ်ဖြည့်ပေးနိုင်တယ်လို့ စုံစမ်းသိရပါတယ်။

အောက်ဆီဂျင်ဖြည့်သွင်းခအနေနဲ့ အိုးလေးတစ်လုံးကို ကျပ် ၅၀၀၀ နဲ့ အိုးကြီးတစ်လုံးကို ကျပ် ၁၀၀၀၀ သတ်မှတ်ထားပြီး အလှည့်ကျစနစ်နဲ့ ဖြည့်သွင်းပေနေတာလည်း ဖြစ်ပါတယ်။

ကိုဗစ်တတိယလှိုင်းမှာ ရောဂါကူးစက်ခံရတဲ့ ရန်ကုန်လူထုရဲ့အောက်ဆီဂျင်လိုအပ်ချက်ကို ဒီလအစောပိုင်းအထိ သိမ်ဖြူသင်္ဘောကျင်းက အောက်ဆီဂျင်ထုတ်စက်ရုံအပါအဝင် ဌာနပိုင်နဲ့ ပုဂ္ဂလိကပိုင်စက် ရုံတွေက လိုသလောက်ဖြည့်ပေးခဲ့ပေမဲ့ ပုဂ္ဂလိကကိုအောက်ဆီဂျင်ဖြည့်ပေးနေတာတွေရပ်ဆိုင်းဖို့ စစ်ကောင်စီကညွှန်ကြားပြီးတဲ့နောက်ပိုင်း ပြည်သူ​တွေအတွက် လိုအပ်တဲ့အောက်ဆီဂျင်ရဖို့ အခက်အခဲမျိုးစုံနဲ့ ရင်ဆိုင်နေကြရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့ရဲ့ မြို့နယ်တွေမှာ စက်တင်ဘာ ၂ပတ်အတွင်း မတရားဖမ်းဆီးပေါ်တာဆွဲခံရသူ ၉၀ ကျော် ရှိတယ်လို့ မြေပြင်ကင်းထောက်အဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့မှာ ဒီနေ့(စက်တင်ဘာ၁၄) နေ့လည်ပိုင်းက လေပြင်းတိုက်ခတ်မှုကြောင့် မြို့နယ်လေးခုမှာသစ်ပင်လဲကျတဲ့ ဖြစ်စဉ်တွေဖြစ်ခဲ့ပြီး လမ်းပိတ်မှုတွေဖြစ်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

သတင်း

ရန်ကုန်မြို့မှာဝမ်းရောဂါကူးစက်မှုဖြစ်ပွားနေချိန် ပူဇွန်တောင်မြို့နယ်မှာ အမည်မသိလူတစ်စုက ကားနဲ့လာပြီး မစင်ထုပ်တွေကို ပစ်ချသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊ ရွှေပြည်သာနဲ့ လှိုင်သာယာမြို့နယ်တွေမှာ လူငယ်တွေကို လိုက်လံဖမ်းဆီးနေတဲ့အဖွဲ့တွေ သောင်းကျန်းနေပြီး လာဖမ်းရင် အဖမ်းမခံဘဲ ခုခံကြဖို့ ရွှေပြည်သာမြို့နယ်၊ ဘိုရှည်ကုန်းကျေးရွာက စစ်တပ်ခန့်အုပ်ချုပ်ရေးမှူး ဝင်းဇော်က ပြောပါတယ်။

Facebook