Connect with us

Hi, what are you looking for?

News

စစ်အာဏာရှင်စနစ်ဆိုးကို အမြစ်ဖျက်ချေမှုန်းကာ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီးအမြန်ဆုံးပေါ်ထွန်းရေးကြိုးပမ်းမည်ဟု အာဇာနည်နေ့သဝဏ်လွှာတွင် CRPH ကတိပြု

လွတ်လပ်ရေးရရှိပြီး နောက်ပိုင်းတွင်လည်း ၁၉၆၂ ခုနှစ်မှ စတင်ကာ စစ်တပ်၏ အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံသည် စစ်အာဏာရှင်စနစ်ဆိုးအောက်သို့ ကျရောက်ခဲ့ရပြီး စစ်အာဏာရှင်တို့၏ မတရားဖိနှိပ် အုပ်ချုပ်မှုကို နှစ်ပေါင်း ၆၀ နီးပါး ခါးစည်းခံခဲ့ရပါသည်။

စစ်အာဏာရှင်စနစ်ဆိုးကို မြန်မာ့မြေပေါ်မှ အမြစ်ဖျက်ချေမှုန်းကာ ငြိမ်းချမ်းသာယာဝပြောသည့် ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုကြီး အမြန်ဆုံးပေါ်ထွန်းလာစေရေးအတွက် မိမိတို့ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ မဆုတ်မနစ်ကြိုးပမ်းဆောင်ရွက်သွားမည်ဟု လေးနက်ခိုင်မာစွာကတိသစ္စာပြုကြောင်း ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)က ယနေ့ကျရောက်သည့် (၇၄)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်သဝဏ်လွှာတွင် ဖော်ပြထားသည်။

ယနေ့အခါသမယသည် လက်နက်အားကိုးပြီး မိုက်ရူးရဲဆန်သည့် လူတစ်စု၏ အမြော်အမြင် ကင်းမဲ့စွာ လုပ်ကြံသတ်ဖြတ်ခဲ့မှုကြောင့် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် မြန်မာ့လွတ်လပ်ရေး အတွက် အသက်စွန့်ကြိုးပမ်းဆောင်ရွက်ခဲ့ကြသည့် ခေါင်းဆောင်ကြီးများ ဝမ်းနည်းကြေကွဲဖွယ်ရာ ကျဆုံးခဲ့ရ သည့် (၇၄)နှစ်မြောက် အာဇာနည်နေ့ သဝဏ်လွှာတွင် ပါရှိသည်။

တိုင်းပြည်အသီးအသီး လူမျိုးအသီးသီးတွင် မိမိနိုင်ငံ မိမိလူမျိုးအတွက် မိမိ၏ အသက်၊ အိုးအိမ်စည်းစိမ်ကို မငဲ့ကွက်ဘဲ ကိုယ်ကျိုးစွန့် အနစ်နာခံကာ စွန့်လွှတ်စွန့်စား ကြိုးပမ်းခဲ့ကြသည့် အာဇာနည်ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ် များ အသီးသီးရှိကြပါသည်။

မြန်မာနိုင်ငံတွင်လည်း သမိုင်းကြောင်းတစ်လျှောက် နိုင်ငံနှင့် လူမျိုးအတွက် ကိုယ်ကျိုးစွန့်အနစ်နာခံကာ သက်စွန့်ကြိုးပမ်းဆောင်ရွက်ခဲ့ကြသည့် ယင်းသို့သော အာဇာနည်ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်များစွာ ရှိခဲ့ပါသည်။လွတ်လပ်ရေးရရှိပြီး နောက်ပိုင်းတွင်လည်း ၁၉၆၂ ခုနှစ်မှ စတင်ကာ စစ်တပ်၏ အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံသည် စစ်အာဏာရှင်စနစ်ဆိုးအောက်သို့ ကျရောက်ခဲ့ရပြီး စစ်အာဏာရှင်တို့၏ မတရားဖိနှိပ် အုပ်ချုပ်မှုကို နှစ်ပေါင်း ၆၀ နီးပါး ခါးစည်းခံခဲ့ရပါသည်။

Public Service Announcement

Public Service Announcement

တိုင်းရင်းသားပြည်သူအပေါင်း တို့သည် စစ်အာဏာရှင် တို့၏ တရားမဲ့ဖိနှိပ်အုပ်ချုပ်မှုကို နည်းလမ်းမျိုးစုံဖြင့် ကြံ့ကြံ့ခံရင်ဆိုင် ခုခံတွန်းလှန်ခဲ့ကြပြီး စစ်အာဏာရှင် တော်လှန်ရေး ခရီးတစ်လျောက်တွင်လည်း သက်စွန့်ကြိုးပမ်း ထမ်းဆောင်ရင်း ကျဆုံးခဲ့ကြရသည့် အာဇာနည် သူရဲကောင်းများ များစွာရှိခဲ့ပါသည်။

ယခုအချိန်တွင်လည်း အာဏာလောဘရမ္မက်ကြီးလွန်းလှပြီး အမြော်အမြင် နည်းပါးသောစစ် အာဏာရှင် တစ်စုက ပြည်သူလူထုရွေးကောက်တင်မြှောက်ပြီး အပ်နှင်းထားသည့် နိုင်ငံတော်အာဏာကို လက်နက်အားကိုး ကာ ပြည်သူ့အစိုးရထံမှ မတရားရယူသိမ်းပိုက်လျက် မြန်မာပြည်သူများကို ဥပဒေမဲ့ နိုင့်ထက်စီးနင်းဖိနှိပ် အုပ်ချုပ်လျက်ရှိသည်ကို မခံမရပ်နိုင်ကြသည့် မြန်မာနိုင်ငံတဝှမ်းလုံးမှ တိုင်းရင်းသားပြည်သူများသည် မိမိတို့ ကျရာနယ်ပယ်ကဏ္ဍအသီးသီးမှ ရရာနည်းဖြင့် စစ်အာဏာရှင်များကို ခုခံဆန့်ကျင်တွန်းလှန် နေကြပါသည် ဟု ရေးသားထားသည်။

ယင်းသို့ ခေတ်အဆက်ဆက် တိုင်းပြည်နှင့် လူမျိုးအကျိုးအတွက် မိမိတို့၏ အသက်အိုးအိမ် စည်းစိမ်ကို မငဲ့ကွက်ဘဲ ကိုယ်ကျိုးစွန့်အနစ်နာခံကာ သက်စွန့်ကြိုးပမ်းဆောင်ရွက်ခဲ့ကြသည့် အာဇာနည်သူရဲကောင်း အပေါင်းတို့အား ယခုကဲ့သို့သော၇၄ နှစ်မြောက် အာဇာနည်နေ့ နေ့ထူးနေ့မြတ် အခါသမယတွင် ဦးညွှတ်ဂုဏ်ပြု အလေးပြုလျက် စစ်အာဏာရှင်စနစ်ဆိုးကို မြန်မာ့မြေပေါ်မှ အမြစ်ဖျက်ချေမှုန်းကာ ငြိမ်းချမ်း သာယာဝပြောသည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီး အမြန်ဆုံး ပေါ်ထွန်းလာစေရေးအတွက် မိမိတို့ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ မဆုတ်မနစ်ကြိုးပမ်းဆောင်ရွက်သွား ပါမည်ဟု လေးနက်ခိုင်မာစွာကတိသစ္စာပြုအပ်ပါသည်ဟု ပါရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ကိုးကန့်တပ်မတော်(MNDAA)ရဲ့ စီမံခန့်ခွဲမှုအောက်မှာ ဒေသခံပြည်သူတွေ အခက်အခဲ ပြဿနာတွေ ကြုံနေရကြောင်း ရှမ်း(သျှမ်း)လူငယ်ကွန်ဂရက်က ဒီကနေ့ မေလ ၂၅ရက်မှာ ထုတ်ပြန်ခဲ့ပြီး MNDAAအနေနဲ့ ဒေသခံတွေကို ဒုက္ခမပေးဘဲ ဒီမိုကရေစီစံနှုန်း ဖက်ဒရယ်စံနှုန်းနဲ့ ကိုက်ညီတာတွေကိုသာ စီမံဖို့ တိုက်တွန်းလိုက်ပါတယ်။

သတင်း

တော်လှန်ရေးအဖွဲ့တွေအချင်းချင်းပွတ်တိုက်မှု ပိုများလာတာကို အချိန်မီပြင်ဆင်ဖို့လိုပြီး ဘုံရန်သူ စစ်အာဏာရှင်ကိုမမေ့ဖို့ ကယန်းအမျိုးသားတပ်မတော်(KNA)ဥက္ကဌ ခွန်းဗဟန်းထန်က သတိပေးပြောလိုက်ပါတယ်။

သတင်း

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ရှိ စစ်ကောင်စီရဲ့စစ်သံရုံးရှေ့မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF)ကိုကြိုဆိုထောက်ခံကြောင်းနဲ့ စစ်အုပ်စုရဲ့ရွေးကောက်ပွဲက သမ္မတအတုဆိုတာကို လက်မခံကြောင်းကန့်ကွက်ဆန္ဒပြပွဲကို ဒီကနေ့ (ဧပြီ ၁၉)မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)အား နိုင်ငံတကာပါလီမန်များအဖွဲ့ (IPU) က ဆက်လက်အသိအမှတ်ပြုကြောင်း ဆုံးဖြတ်ခဲ့တယ်လို့ CRPHက ထုတ်ပြန်ပါတယ်။