Connect with us

Hi, what are you looking for?

News

ပေါက်တောင်ပိုင်းပြောက်ကျားအဖွဲ့တိုက်ခိုက်၍ သုံးရက်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀ကျော်သေဆုံး

စစ်ကောင်စီတပ်များ အဆိုပါဒေသသို့ ဝင်လာကတည်း က ကြည့်ငိုတောင် ဒေသရှိ ပတ်ဝန်းကျင်ကျေးရွာ များ သည် တောထဲသို့ တိမ်းရှောင်နေကြရကြောင်း ဒေသခံက ပြောသည်။

(ဓါတ်ပုံ - ဇွန် ၁၅ရက်က စစ်ကောင်စီ မီးရှို့ခဲ့၍ ပေါက်တောင်ပိုင်းဒေသရှိ ကင်းမရွာ မီးလောင်ခဲ့သည်)

ပေါက်မြို့နယ်တွင် ဒေသခံပျောက်ကြားအဖွဲ့၏ တိုက် ခိုက်မှုကြောင့်သုံးရက်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀ ကျော်သေဆုံးခဲ့ကြောင်း ဒေသခံအချို့က ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၁၃၀ ခန့်သည် ဇူလိုင် ၁၅ရက်တွင် ပေါက်တောင်ပိုင်း ထန်းတောလယ်ရွာသို့ ကား ၈စီးဖြင့် လာရောက်ခဲ့ပြီး ကင်းမ နှင့် ကင်းဆုတ်ကျေးရွာများသို့ ခြေလျင်သွားရောက်ကာ တပ်စွဲထားကြောင်း၊ ဇူလိုင် ၁၈ရက်တွင် ကြည့်ငိုတောင် ဒေသသို့ နယ်မြေရှင်းလင်းရေး ခေါင်းစဉ်ဖြင့် ဝင်ရောက်လာရာ ဒေသခံ ပြောကျားအဖွဲ့က မိုင်းဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ပေါက်မြို့နယ် ဒေသခံ တစ်ဦးကပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များ မိုင်းဖြင့် တိုက်ခိုက်ခံရသည့် အရေအတွက်မှာ ဇူလိုင် ၁၈ရက်တွင် ၃၂ဦး၊ ဇူလိုင် ၁၉ရက်တွင် ၁၂ဦး ဖြစ်သည်ဟု ၎င်း ကဆိုသည်။

“တိုက်တာက PDF အမည်မခံပါ။ ပေါက်တောင်ပိုင်း ပြောက်ကျားအဖွဲ့ပါ။ ပေါက်နဲ့ မိုင် ၂၀ ဝေးတဲ့ ကြည့်ငိုတောင်မှာ ဖြစ်တာ။ ဒလံက သတင်းပေးလို့ နယ်မြေရှင်းလင်းရေးလုပ်တာလို့ သိရတယ်။ကြည့်ငိုတောင်လမ်းကို ရှင်းလင်းရေး လုပ်တာမှာ ပြောက်ကျားတွေထောင်တဲ့ မိုင်းမိပြီး သေကြတယ် ပြောပါတယ်။၄၄ဦး သေတာက သေချာပါတယ်။ ထော်လာဂျီနဲ့ အလောင်းသယ်တယ်လို့ သတင်းရပါတယ်။ နောက်ရက်တွေမှာ အင်အားတိုးပြီး လာမယ်လို့ ခန့်မှန်းရပါတယ်” ဟု ပေါက်ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ပေါက်မြို့ခံတစ်ဦးကလည်း ယနေ့ ဇူလိုင် ၂၀ရက် နံနက်တွင် ပေါက်မြို့နယ် ရှားလှရွာ၌ စစ်ကောင်စီတပ်ဖွဲ့ဝင်များ မိုင်းဆွဲတိုက်ခိုက်ခံရ၍ သေဆုံးမှုများပြားကြောင်း ပြောကြားသည်။

(ဓါတ်ပုံ – ဇွန် ၁၅ရက်က စစ်ကောင်စီ မီးရှို့ခဲ့၍ ပေါက်တောင်ပိုင်းဒေသရှိ ကင်းမရွာ မီးလောင်ခဲ့သည်)

“ကြည့်ငိုတောင်က မနေ့က ၁၂ယောက် မိုင်းမိတာပေါ့။ဟိုတစ်နေ့က ၃၀ကျော် ပေါ့။ ဒီနေ့ ရှားလှရွာဘက်မှာ ဖြစ်တာရောဆိုရင် စစ်ကော်စီဘက်က ၅၀ကျော်လောက်ကျပြီ။ ဒီမနက်က ၁၂ယောက်လို့ ကြားတယ်။ ရှားလှရွာကဆိပ်ဖြူနဲ့ ပေါက်နဲ့အစပ်မှာ” ဟု ၎င်းက ဆိုသည်။

စစ်ကောင်စီတပ်များ အဆိုပါဒေသသို့ ဝင်လာကတည်း က ကြည့်ငိုတောင် ဒေသရှိ ပတ်ဝန်းကျင်ကျေးရွာ များ သည် တောထဲသို့ တိမ်းရှောင်နေကြရကြောင်း ဒေသခံက ပြောသည်။

စစ်ကောင်စီတပ်များသည် ဇွန်လအတွင်းကလည်း ပေါက်မြို့နယ် တောင်ပိုင်း ဒေသများသို့ ဝင်ရောက်စီးနင်းခဲ့ရာ ဒေသခံကာကွယ်ရေးအဖွဲ့က ကြားဖြတ်တိုက်ခိုက်၍ ထိခိုက်သေဆုံးမှုများခဲ့သည်။

ထိုစဉ်က စစ်ကောင်စီလက်နက်ကိုင်များ မီးရှို့ဖျက်ဆီးခဲ့၍ ကင်းမရွာတစ်ရွာလုံးနီးပါး မီးလောင်ကျွမ်းခဲ့ပြီး သက်ကြီးရွယ်အို နှစ်ဦးလည်း မီးလောင်၍ သေဆုံးခဲ့ရသည်။ ထို့ပြင် အိမ်မွေးတိရိစ္ဆာန်များလည်း သေဆုံးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်ကောင်စီကို ငွေကြေးထုတ်မပေးဖို့နဲ့ ဘဏ္ဍာရေးဆိုင်ရာကတိကဝတ်သစ်တွေကို ဆက်လက်ဆိုင်းငံ့ထားဖို့ရည်ရွယ်တဲ့ ‘No New Burma Funds Act’ ကို အမေရိကန်အောက်လွှတ်တော်က ဒီဇင်ဘာ ၁ရက် မနေ့က အတည်ပြုလိုက်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်ဒေသမှာ ယခုရက်ပိုင်း တိုက်ပွဲဖြစ်ပွားတာမရှိပေမယ့် စစ်ကောင်စီက လေကြောင်း၊ဒရုန်းအပြင် လက်နက်ကြီးတွေနဲ့ နေ့ရောညပါပစ်ခတ်နေလို့ ဒေသခံတွေ စိုးရိမ်နေကြပါတယ်။

သတင်း

စစ်‌ကောင်စီလုံခြုံရေးတင်းကျပ်နေတဲ့ ရန်ကုန်မြို့လယ် ဆူးလေဘုရားလမ်းမပေါ်က ကျောက်တံတားရဲစခန်းကို လက်ပစ်ဗုံးတွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ Operation Flame အဖွဲ့ရဲ့ သတင်းပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ကို စစ်ကောင်စီက လက်နက်ကြီး၊ လေကြောင်းတိုက်ခိုက်မှုတွေ နေ့စဉ်နီးပါးလုပ်ဆောင်နေသလို ဆဒုံးမြို့နယ်ကိုလည်း လေကြောင်းကနေ ထပ်မံတိုက်ခိုက်လာကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာနကဖော်ပြပါတယ်။