Connect with us

Hi, what are you looking for?

News

လွိုင်ကော်မြို့နယ်တွင် စစ်ကောင်စီယာဉ်တန်းအား KNPP/KNDF ပူးပေါင်းအဖွဲ့ မိုင်းဆွဲတိုက်ခိုက်

စစ်ကောင်စီအနေဖြင့် လက်တလောတွင် ဖရူဆိုနှင့် ဘောလခဲမြို့နယ်အတွင်း၌ ထိုးစစ်ဆင်မှုများ ပြုလုပ်နေပြီး ယင်းဒေသများအား တပ်အင်အားနှင့် ရိက္ခာများ ဖြည့်တင်းရန် ကြိုးစားနေကြောင်း KNDFက ဆိုသည်။

လွိုင်ကော်မြို့နယ် ကယန်းသာယာရွာနှင့် ကျောက်ကုန်းကျေးရွာ အနီး ရိက္ခနှင့် တပ်အင်အား အပြည့် သယ်ဆောင်လာသော အကြမ်းဖက်စစ်ကောင်စီတပ်ယာဉ်တန်းကို ခြုံခိုတိုက်ခိုက်ခဲ့ကြောင်း ကရင်နီအမျိုးသားကာကွယ်ရေးတပ်မတော်(KNDF)က ယနေ့သတင်းထုတ်ပြန်သည်။

ဇူလိုင် ၂၂ရက် ညနေပိုင်းက ပြုလုပ်ခဲ့သည့် အဆိုပါ ခြုံခိုတိုက်ခိုက်မှုကို ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP/KA) နှင့် KNDF တို့ ပူးတွဲဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။
“မနေ့ကဖြစ်ခဲ့တာ မိုင်းဆွဲပြီးတော့ တိုက်တဲ့ဖြစ်စဉ်လေးပါပဲ။အပြန်အလှန် ပစ်ခတ်မှုမဖြစ်ဘူး” ဟု KNDF ပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။

တိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်ကောင်စီတပ်မှ စစ်ကားတစ်စီး မီးလောင်ပျက်စီးခဲ့ပြီး သေဆုံးထိခိုက်ဒဏ်ရာရမှုများရှိနိုင်ကြောင်း KNDFက ထုတ်ပြန်ခဲ့သည်။

အကြမ်းဖက်စစ်ကောင်စီအနေဖြင့် စစ်ကား ၁၈စီးပါ ယာဉ်တန်းဖြင့် လွိုင်လင်လေးမှ လွိုင်ကော်ဘက်သို့ ဦးတည်ပြီး လူ၊ ရိက္ခာ၊ လက်နက်နှင့် သယ်ဆောင်ရေးသုံးတိရိစ္ဆာန်များဖြစ်သော လားနှင့်မြင်းများကို စစ်ကားများဖြင့် သယ်ဆောင်လာခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီအနေဖြင့် လက်တလောတွင် ဖရူဆိုနှင့် ဘောလခဲမြို့နယ်အတွင်း၌ ထိုးစစ်ဆင်မှုများ ပြုလုပ်နေပြီး ယင်းဒေသများအား တပ်အင်အားနှင့် ရိက္ခာများ ဖြည့်တင်းရန် ကြိုးစားနေကြောင်း KNDFက ဆိုသည်။

KNPP/KNDF ပူးပေါင်းလက်နက်ကိုင်အဖွဲ့နှင့် စစ်ကောင်စီတပ်တို့သည် ဘောလခဲမြို့နယ် နန်းဖဲရွာအနီးတွင် ဇူလိုင် ၁၆ရက်မှ ၁၉ရက်အတွင်း တိုက်ပွဲ ၃ကြိမ်ဖြစ်ပွားခဲ့သည်။ ထိုစဉ်ကလည်း ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်များကို KNPP/KNDF ပူးပေါင်းအဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခြင်းကြောင့်တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ယမန်နေ့က စစ်ယာဉ်တန်းတိုက်ခိုက်မှုအပါအဝင် ဘောလခဲနှင့် လွိုင်ကော်မြို့နယ်၌ ယခုလအတွင်း တိုက်ပွဲ ၁၂ကြိမ်ဖြစ်ပွားခဲ့သည်။ တိုက်ပွဲများတွင် ခြုံခိုတိုက်ခိုက်ခြင်းခံရသည့် စစ်ကောင်စီတပ်များ အထိနာခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

စစ်ဗျူဟာတွေနဲ့ တပ်ရင်း‌တွေပြန်လည်စုပေါင်းပြီး စစ်ဒေသတွေအဖြစ် ပြောင်းလဲဖွဲ့စည်းလိုက်တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က ဒီကနေ့ ဇူလိုင် ၂၁ရက်မျာ ထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။