Connect with us

Hi, what are you looking for?

News

လွိုင်ကော်မြို့နယ်တွင် စစ်ကောင်စီယာဉ်တန်းအား KNPP/KNDF ပူးပေါင်းအဖွဲ့ မိုင်းဆွဲတိုက်ခိုက်

စစ်ကောင်စီအနေဖြင့် လက်တလောတွင် ဖရူဆိုနှင့် ဘောလခဲမြို့နယ်အတွင်း၌ ထိုးစစ်ဆင်မှုများ ပြုလုပ်နေပြီး ယင်းဒေသများအား တပ်အင်အားနှင့် ရိက္ခာများ ဖြည့်တင်းရန် ကြိုးစားနေကြောင်း KNDFက ဆိုသည်။

လွိုင်ကော်မြို့နယ် ကယန်းသာယာရွာနှင့် ကျောက်ကုန်းကျေးရွာ အနီး ရိက္ခနှင့် တပ်အင်အား အပြည့် သယ်ဆောင်လာသော အကြမ်းဖက်စစ်ကောင်စီတပ်ယာဉ်တန်းကို ခြုံခိုတိုက်ခိုက်ခဲ့ကြောင်း ကရင်နီအမျိုးသားကာကွယ်ရေးတပ်မတော်(KNDF)က ယနေ့သတင်းထုတ်ပြန်သည်။

ဇူလိုင် ၂၂ရက် ညနေပိုင်းက ပြုလုပ်ခဲ့သည့် အဆိုပါ ခြုံခိုတိုက်ခိုက်မှုကို ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP/KA) နှင့် KNDF တို့ ပူးတွဲဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။
“မနေ့ကဖြစ်ခဲ့တာ မိုင်းဆွဲပြီးတော့ တိုက်တဲ့ဖြစ်စဉ်လေးပါပဲ။အပြန်အလှန် ပစ်ခတ်မှုမဖြစ်ဘူး” ဟု KNDF ပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။

တိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်ကောင်စီတပ်မှ စစ်ကားတစ်စီး မီးလောင်ပျက်စီးခဲ့ပြီး သေဆုံးထိခိုက်ဒဏ်ရာရမှုများရှိနိုင်ကြောင်း KNDFက ထုတ်ပြန်ခဲ့သည်။

အကြမ်းဖက်စစ်ကောင်စီအနေဖြင့် စစ်ကား ၁၈စီးပါ ယာဉ်တန်းဖြင့် လွိုင်လင်လေးမှ လွိုင်ကော်ဘက်သို့ ဦးတည်ပြီး လူ၊ ရိက္ခာ၊ လက်နက်နှင့် သယ်ဆောင်ရေးသုံးတိရိစ္ဆာန်များဖြစ်သော လားနှင့်မြင်းများကို စစ်ကားများဖြင့် သယ်ဆောင်လာခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီအနေဖြင့် လက်တလောတွင် ဖရူဆိုနှင့် ဘောလခဲမြို့နယ်အတွင်း၌ ထိုးစစ်ဆင်မှုများ ပြုလုပ်နေပြီး ယင်းဒေသများအား တပ်အင်အားနှင့် ရိက္ခာများ ဖြည့်တင်းရန် ကြိုးစားနေကြောင်း KNDFက ဆိုသည်။

KNPP/KNDF ပူးပေါင်းလက်နက်ကိုင်အဖွဲ့နှင့် စစ်ကောင်စီတပ်တို့သည် ဘောလခဲမြို့နယ် နန်းဖဲရွာအနီးတွင် ဇူလိုင် ၁၆ရက်မှ ၁၉ရက်အတွင်း တိုက်ပွဲ ၃ကြိမ်ဖြစ်ပွားခဲ့သည်။ ထိုစဉ်ကလည်း ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်များကို KNPP/KNDF ပူးပေါင်းအဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခြင်းကြောင့်တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ယမန်နေ့က စစ်ယာဉ်တန်းတိုက်ခိုက်မှုအပါအဝင် ဘောလခဲနှင့် လွိုင်ကော်မြို့နယ်၌ ယခုလအတွင်း တိုက်ပွဲ ၁၂ကြိမ်ဖြစ်ပွားခဲ့သည်။ တိုက်ပွဲများတွင် ခြုံခိုတိုက်ခိုက်ခြင်းခံရသည့် စစ်ကောင်စီတပ်များ အထိနာခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ဗန်းမော်မြို့နယ်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး စက်တင်ဘာ ၂၇ရက် မနက်ပိုင်းတိုက်ပွဲမှာ စစ်တပ်အထိနာကာ သေဆုံးထိခိုက်ရှိခဲ့ကြောင်း ကချင် သတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်က ကျေးရွာတွေကို အာဏာသိမ်းစစ်တပ်က ဒရုန်း၊ လက်နက်ကြီးတွေနဲ့ ဆက်လက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကလေးငယ် ၁ဦး ဒဏ်ရာရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်မှာ ဒရုန်းတိုက်ခိုက်ခံရတာကြောင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ (KNDF) ရဲဘော် ၅ဦး ကျဆုံးခဲ့တယ်လို့ ‌ဒေသခံသတင်းရင်းမြစ်တချို့က ‌ပြောပါတယ်။

Facebook