Connect with us

Hi, what are you looking for?

News

မော်လမြိုင်​မြို့ မိုး​ကောင်း​၍ရေကြီး​နေ၊ ကိုဗစ်လူနာရှိ​နေအိမ်အချို့ ​ရေဝင်​နေ၍ အခက်​တွေ့​နေ

မော်လမြိုင်မြို့ မိုးမှာ ယ​နေ့ နံနက် ၅နာရီခန့် စတင်၍ မွန်းလွှဲပိုင်း ၃နာရီခွဲအထိ ဆက်လက်ရွာသွန်း​နေပြီး ရွှေပြည်​အေး၊ ​​ဇေယျာသီရိနှင့် ​ရွှေမြိုင်သီရိရပ်ကွက်တို့ရှိ လူ​နေအိမ်များတွင် ​ရေဝင်​ရောက်မှုဖြစ်​နေ သည်။

မော်လမြိုင်မြို့တွင် အဆက်မပျက်မိုးရွာသွန်းမှု​ကြောင့်မြို့၏အနိမ့်ပိုင်းရပ်ကွက်များ၌ ​ရေကြီး၍ ​နေအိမ်အချို့ ​ရေဝင်​ရောက်​နေ​ကြောင်း အဆိုပါမြို့​​ဒေသခံအချို့က ​ပြောသည်။

​မော်လမြိုင်မြို့ မိုးမှာ ယ​နေ့ နံနက် ၅နာရီခန့် စတင်၍ မွန်းလွှဲပိုင်း ၃နာရီခွဲအထိ ဆက်လက်ရွာသွန်း​နေပြီး ရွှေပြည်​အေး၊ ​​ဇေယျာသီရိနှင့် ​ရွှေမြိုင်သီရိရပ်ကွက်တို့ရှိ လူ​နေအိမ်များတွင် ​ရေဝင်​ရောက်မှုဖြစ်​နေ သည်။

အဆိုပါ ရပ်ကွက်များရှိ ကိုဗစ်လူနာရှိ​သော လူနေ အိမ်များမှာ ​​နေအိမ်အတွင်း ​ရေဝင်​နေ၍ အခက်အခဲများဖြစ်​နေ​ကြောင်း ​ရွှေမြိုင်သီရိရပ်ကွက်​နေ အမျိုးသားတစ်ဦးက ​​ပြောသည်။
“ဒီ​နေ့ နံနက်မိုးလင်းချိန်ကတည်းက ရွာ​နေတာ၊ ဒီ​ရေ တက်တာ​ရော ဆုံ​နေတာ၊ ကျွန်​တော်အိမ်​အောက်ထပ် ​ရေမြှပ်​နေပြီ”ဟု ၎င်းက ​ပြောသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ရေကြီးပြီး ခါးလောက်နီးပါးထိ ရေမြုပ်နေတဲ့ နေရာမှာ ကျင်းပခဲ့တဲ့ ဖိလစ်ပိုင် မင်္ဂလာပွဲ တစ်ခုဟာ လူမှုကွန်ရက်ပေါ်မှာ လူပြောများနေပါတယ်။

သတင်း

နီပေါနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုမှာ ကလေးနှစ်ဦးကို လက်တွဲပြီး ပြေးလာရင်း အသက်ဘေးကနေ ကပ်လွတ်ခဲ့တဲ့ မိခင်တစ်ဦးရဲ့ ရင်ထိတ်စရာ အခြေအနေကို ဗီဒီယိုနဲ့ မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်နိုင်ငံက နာမည်ကျော် ဂရန်းကန်ညွန် (Grand Canyon) ချောက်ကြီးထဲမှာ ရုတ်တရက် ရေကြီးမှု တစ်ခုကြောင့် တောတောင် ခြေလျင်ခရီးသွား ၁၅ ဦး ပျောက်ဆုံးနေကြောင်း သိရပါတယ်။

သတင်း

ရေဘေးကြုံနေတဲ့ဧရာဝတီတိုင်း၊ ငါးသိုင်းချောင်းမြို့မှာ လှေတစ်စီးရေစီး နဲ့ မျောပါတိမ်းမှောက်သွားလို့ အမျိုးသားတစ်ဦး ပျောက်ဆုံးနေပါတယ်။