Connect with us

Hi, what are you looking for?

News

ပေါက်မြို့နယ်ရှိ ဝန်ခြုံးရွာအားစစ်ကောင်စီတပ် ဝင်ရောက်ပြီး နေအိမ်အချို့မီးရှို့ဖျက်ဆီး

“ပျူစောထီးနဲ့ PDF တွေနဲ့ တိုက်ပွဲတွေဖြစ်ပြီး ရွာဝင်တာ။ နှစ်အိမ်မီးရှို့ခံရတာ။ အခုတော့ ငြိမ်းသွားပြီ။ ရွာကို ဝင်တာလည်း စစ်သားတွေနဲ့ဝင်တာလို့ ပြောတယ်” ဟု ဒေသခံက ပြောသည်။

မကွေးတိုင်းဒေသကြီး ပေါက်မြို့နယ် တောင်ပိုင်းရှိ ဝန်ခြုံးရွာအား စစ်ကောင်စီနှင့် ပျူစောထီးအဖွဲ့ ဝင်ရောက်ပြီး နေအိမ်အချို့အား မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံအချို့က ပြောသည်။

ဝန်ခြုံးရွာနှင့် ပင်ထောင်ရွာအကြားတွင် တိုက်ပွဲဖြစ်ပြီးနောက် ယနေ့ ဇူလိုင် ၃၁ရက် မွန်းလွဲ ၁နာရီခွဲတွင် မီးရှို့ခံရခြင်းဖြစ်သည်ဟု ဆိုသည်။

“ပျူစောထီးနဲ့ PDF တွေနဲ့ တိုက်ပွဲတွေဖြစ်ပြီး ရွာဝင်တာ။ နှစ်အိမ်မီးရှို့ခံရတာ။ အခုတော့ ငြိမ်းသွားပြီ။ ရွာကို ဝင်တာလည်း စစ်သားတွေနဲ့ဝင်တာလို့ ပြောတယ်” ဟု ဒေသခံက ပြောသည်။

ယခု မီးရှို့ဖျက်ဆီးခံရသည့် ဝန်ခြုံးရွာသည် စစ်ကောင်စီတပ်က ရွာလုံးကျွတ်နီးပါး မီးရှို့ခဲ့သည့် ကင်းမရွာနှင့် ချောင်းသာခြားသည်ဟု ဒေသခံက ပြောသည်။ ထိုစဉ်ကလည်း ကင်းမရွာ အနီး တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ အထိနာ၍ ရွာသို့ ဝင်ရောက်မီးရှို့ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ပေါက်မြို့နယ်တောင်ပိုင်းကို စစ်တပ်က အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာတာကြောင့် ဒေသခံပြည်သူ ၆,၀၀၀ ကျော် ဘေးလွတ်ရာတိမ်းရှောင်နေရတယ်လို့ ပေါက်မြို့နယ် လူသားစာနာဌာနက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ဆိပ်ဖြူမြို့နယ် အမှတ်(၂၂) ကာကွယ်ရေး ပစ္စည်းစက်ရုံ(ကပစ ၂၂) ကနေ ပေါက်မြို့နယ်ဘက်ကို အင်အားဖြည့်ဖို့ အာဏာသိမ်းစစ်တပ်က ကြိုးပမ်းနေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်နဲ့တော် လှန်ရေးရဲဘော်တချို့က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ပေါက်မြို့နယ်မှာ ထွက်ပြေးသွားတဲ့ စစ်သုံ့ပန်းတွေထဲက ထက်၀က်ကျော် ပြန်မိထားတယ်လို့ ဒေသခံနဲ့စစ်ရေးတာ၀န်ရှိသူတချို့က ပြောပါတယ်။