Connect with us

Hi, what are you looking for?

News

ပေါက်မြို့နယ်ရှိ ဝန်ခြုံးရွာအားစစ်ကောင်စီတပ် ဝင်ရောက်ပြီး နေအိမ်အချို့မီးရှို့ဖျက်ဆီး

“ပျူစောထီးနဲ့ PDF တွေနဲ့ တိုက်ပွဲတွေဖြစ်ပြီး ရွာဝင်တာ။ နှစ်အိမ်မီးရှို့ခံရတာ။ အခုတော့ ငြိမ်းသွားပြီ။ ရွာကို ဝင်တာလည်း စစ်သားတွေနဲ့ဝင်တာလို့ ပြောတယ်” ဟု ဒေသခံက ပြောသည်။

မကွေးတိုင်းဒေသကြီး ပေါက်မြို့နယ် တောင်ပိုင်းရှိ ဝန်ခြုံးရွာအား စစ်ကောင်စီနှင့် ပျူစောထီးအဖွဲ့ ဝင်ရောက်ပြီး နေအိမ်အချို့အား မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံအချို့က ပြောသည်။

ဝန်ခြုံးရွာနှင့် ပင်ထောင်ရွာအကြားတွင် တိုက်ပွဲဖြစ်ပြီးနောက် ယနေ့ ဇူလိုင် ၃၁ရက် မွန်းလွဲ ၁နာရီခွဲတွင် မီးရှို့ခံရခြင်းဖြစ်သည်ဟု ဆိုသည်။

“ပျူစောထီးနဲ့ PDF တွေနဲ့ တိုက်ပွဲတွေဖြစ်ပြီး ရွာဝင်တာ။ နှစ်အိမ်မီးရှို့ခံရတာ။ အခုတော့ ငြိမ်းသွားပြီ။ ရွာကို ဝင်တာလည်း စစ်သားတွေနဲ့ဝင်တာလို့ ပြောတယ်” ဟု ဒေသခံက ပြောသည်။

ယခု မီးရှို့ဖျက်ဆီးခံရသည့် ဝန်ခြုံးရွာသည် စစ်ကောင်စီတပ်က ရွာလုံးကျွတ်နီးပါး မီးရှို့ခဲ့သည့် ကင်းမရွာနှင့် ချောင်းသာခြားသည်ဟု ဒေသခံက ပြောသည်။ ထိုစဉ်ကလည်း ကင်းမရွာ အနီး တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ အထိနာ၍ ရွာသို့ ဝင်ရောက်မီးရှို့ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ ဒူးပလာယာခရိုင်အတွင်းဖမ်းမိ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။