Connect with us

Hi, what are you looking for?

LuduNwayOo

News

မုံရွာမြို့လူငယ်များ၏ ပြောက်ကြားသပိတ်

စစ်ခေါင်းဆောင်များက ၎င်းတို့၏ ကိုယ်ကျိုးစီးပွားအတွက်ဖေဖော်ဝါရီ ၁ ရက်တွင် နိုင်ငံတော်အာဏာကို မတရားသဖြင့် အတင်းအဓမ္မသိမ်းယူထားသည်မှာ ၁၈၂ ရက်ရှိပြီဖြစ်သည်။

မုံရွာမြို့တွင် စစ်အာဏာရှင်ဖြုတ်ချရေးအဖြစ် လူငယ်များစုပေါင်းပြုလုပ်သည့် ပြောက်ကြားသပိတ်နှင့် ကြေညာစာဖြန့်ဝေမှုကို ယနေ့(သြဂုတ်၂ရက်)တွင် ပြုလုပ်ခဲ့သည်။

“ယနေ့ သြဂုတ်လ၂ရက်နေ့တွင် မုံရွာမြို့ရှိ လူငယ်များဟာ Monywa UG Group နှင့် Monywa Hero G Y Z တို့မှ ပူးပေါင်းကြေညာစာအား မြို့အတွင်းရှိ စျေးများ၌ လိုက်လံဖြန့်ဝေကာ ပျောက်ကြား တော်လှန်ရေးသပိတ် ကိုပြုလုပ်ခဲ့ကြပါတယ်”ဟု ပြည်သူ့မီဒီယာကွန်ရက်-မုံရွာက ထုတ်ပြန်သည်။

စစ်ခေါင်းဆောင်များက ၎င်းတို့၏ ကိုယ်ကျိုးစီးပွားအတွက်ဖေဖော်ဝါရီ ၁ ရက်တွင် နိုင်ငံတော်အာဏာကို မတရားသဖြင့် အတင်းအဓမ္မသိမ်းယူထားသည်မှာ ၁၈၂ ရက်ရှိပြီဖြစ်သည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များက တိုက်ပွဲသုံးလက်နက်များကိုအသုံးပြု၍ ဆန္ဒပြပြည်သူများကို ပစ်ခတ်သတ်ဖြတ် နေသော်လည်းပြည်သူများက စစ်အာဏာရှင်စနစ်အလိုမရှိကြောင်း ငြိမ်းချမ်းသောနည်းလမ်းမျိုးစုံဖြင့် လမ်းပေါ်ထွက်၍ နိုင်ငံတစ်ဝန်း ဆန္ဒထုတ်ဖော်နေကြသည်မှာလည်း ၁၇၉ ရက်ရှိပြီဖြစ်သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ဖေဖော်ဝါရီ ၂၅ရက်က မုံရွာမြို့နယ်ရှိ ဗန်စီစီ၊ နိဗ္ဗာန်ဝ၊ မုံရွေးကြေးမုံကျေးရွာများသို့ ထိုးစစ်ဆင်လာခဲ့သော စစ်ကြောင်းနှင့် မုံရွာခရိုင်အမှတ်(၁၁)တပ်ရင်း၊ တပ်ခွဲ(၃)၊ တပ်စု(၂)Youth Vigor Revolution Force ရဲဘော်များနှင့် ထိပ်တိုက်တွေ့ ပစ်ခတ်မှုဖြစ်ပွားခဲ့သည်။

သတင်း

လာမည့်ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် မန္တလေးမြို့၊ အမရပူရမြို့နယ်ရှိ တောင်သမန်အင်း၊ ဦးပိန်တံတားတွင် စစ်ကောင်စီက "တောင်သမန်မယ်ဇယ်လွင်ပြင်ဖွင့်ပွဲ"အခမ်းအနားပြုလုပ်ရန် စီစဥ်နေကြောင်း မြို့ခံများက ပြောသည်။

သတင်း

နိုဝင်ဘာ ၂၄ ရက်က ဗောဓိတစ်ထောင်ဘက်ရှိ စစ်ကောင်စီစခန်းအား ဒေသတွင်းPDFများက သွားရောက်တိုက်ခိုက်ခဲ့ရာ ထိခိုက်မှုရှိ၍ စစ်ကူလာသည့် ယာဥ်များအား အပြန်တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အထက်ပါတာဝန်ခံက ဆိုသည်။

သတင်း

ယမန်နေ့ (နိုဝင်ဘာ ၂၀)နံနက်ပိုင်းက အင်အား ၇၀ခန့်ပါ စစ်ကောင်စီတပ်သည် ပရစ်ကုန်း(မြောက်)ကျေးရွာသို့ နှစ်ကြိမ်ဝင်ရောက်ကာ နေအိမ်တစ်လုံးနှင့် ကြာဇံစက်ရုံ သုံးခုအား မီးရှို့ဖျက်ဆီးခဲ့ကြောင်း မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေး-ပကဖ က ထုတ်ပြန်သည်။