Connect with us

Hi, what are you looking for?

News

အကြမ်းဖက်စစ်ကောင်စီတပ်များကို ပြင်းထန်စွာခုခံတိုက်ခိုက်မည်ဟု KNDF ထုတ်ပြန်

ပြည်သူများကို နည်းမျိုးစုံဖြင့် ညှင်းပမ်းနှိပ်စက်နေသော အကြမ်းဖက် စစ်ကောင်စီတပ်များကို ပြင်းပြင်းထန်ထန် ခုခံတိုက်ခိုက်သွားမည်ဖြစ်ကြောင်း ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDF)က ယနေ့ထုတ်ပြန်သည်။

ထိုသို့တိုက်ခိုက်ရာတွင် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP/KA) နှင့်အတူ ပူးပေါင်းတိုက်ခိုက်သွားမည်ဟု ဖော်ပြထားသည်။

စစ်ကောင်စီအနေဖြင့် ကရင်နီဒေသများဖြစ်သော လွိုင်ကော်၊ ဒီးမော့ဆို၊ ဖားဆောင်း မြို့နယ်များတွင် စစ်ဆင် ရေးများ လုပ်ဆောင်နေကြောင်း၊ စစ်ကောင်စီအနေဖြင့် ဩဂုတ်လမှ အောက်တိုဘာလအထိ အပစ်ရပ်စဲမည်ဟု ​ကြေညာထားသော်လည်း လက်တွေ့တွင် ကြေညာချက်နှင့်ဆန့်ကျင်ပြီး ကရင်နီပြည်နယ်တွင် ထိုးစစ်ဆင်လျက်ရှိကြောင်း KNDFက ဆိုသည်။

ထို့ပြင် စစ်ကောင်စီအနေဖြင့် တစ်နိုင်ငံလုံး အတိုင်း အတာဖြင့် ကူးစက်ပြန့်ပွားလျက်ရှိသော COIVD-19 ကပ်ရောဂါကို ပိုမိုမပြန့်ပွားအောင် ကာကွယ်တားဆီးရမည်ဖြစ်သော်လည်း ဒေသတွင်း၌ ပြည်သူများ တည် ဆောက်ထားသည့် COVID-19 စစ်ဆေးရေးဂိတ်များကို အတင်းအဓမ္မ ဖြုတ်ချစေခဲ့ကြောင်း၊ ယင်းသို့ လုပ် ဆောင်ခြင်းသည် COVID-19 ရောဂါကူးစက်ပြန့်ပွားရေး စစ်ကောင်စီက ရည်ရွယ်ချက်ရှိစွာ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း KNDFက ထုတ်ပြန်ခဲ့သည်။

အကြမ်းဖက်စစ်ကောင်စီ၏ ထိုးစစ်ဆင်မှုများ၊ ရည်ရွယ် ချက်ရှိရှိဖြင့် COVID-19 ရောဂါကူးစက်ပြန့်ပွားစေမှုများကို အပြန်းအထန်ကန့်ကွက်ရှုံ့ချကြောင်း ထုတ်ပြန်ခဲ့သည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီ၏ ထိုးစစ်ဆင်မှုများကြောင့် ဇူလိုင်လအတွင်းက KNDF/KNPP ပူးပေါင်းတပ်များနှင့် စစ်ကောင်စီအကြား တိုက်ပွဲ ၁၀ကြိမ်ကျော်ဖြစ်ပွားခဲ့သည်။ ဇူလိုင်လအတွင်းက ကယားပြည်နယ် လွိုင်ကော်မြို့နယ်နှင့် ဘောလခဲမြို့နယ်များ၌ ဖြစ်ပွားခဲ့သည့် တိုက်ပွဲများတွင်စစ်ကောင်စီတပ်များ အထိနာခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်မှာ ညီညွတ်တဲ့အစိုးရနဲ့အတူ ပြည်နယ်တပ်တစ်ခုတည်းဖြစ်ပေါ်လာဖို့ ဆက်လက်ကြိုးပမ်းသွားမယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်-KNDFက ဒီကနေ့ စက်တင်ဘာ ၁ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

စစ်တပ်နဲ့ ပတ်သက်ဆက်နွှယ်တဲ့ အရက်၊ ဘီယာနဲ့ ဆေးလိပ်ထုတ်ကုန်တွေ ရောင်း၀ယ်ပါက ထိရောက်စွာအရေးယူမယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)အမှတ်- ၂ စစ်ဒေသ က ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

စစ်ဗျူဟာတွေနဲ့ တပ်ရင်း‌တွေပြန်လည်စုပေါင်းပြီး စစ်ဒေသတွေအဖြစ် ပြောင်းလဲဖွဲ့စည်းလိုက်တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က ဒီကနေ့ ဇူလိုင် ၂၁ရက်မျာ ထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

Facebook