Connect with us

Hi, what are you looking for?

News

ကယားတွင် တိုက်ပွဲလေးကြိမ်ဖြစ်ပွားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၁ဦးသေဆုံး

KNDF/KNPP(KA) တို့အနေဖြင့် ဒေသတွင်းသို့ ထိုးစစ်ဆင်လာသည့် အကြမ်းဖက်စစ်ကောင်စီတပ်များကို ဆက်လက်ရင်ဆိုင် တိုက်ခိုက်သွားမည်ဖြစ်ပြီး ပြည်သူများအနေဖြင့် လုံခြုံရေး သတိရှိကြရန် KNDFက အသိပေးထုတ်ပြန်သည်။

ကရင်နီပြည်(ကယားပြည်နယ်)၌ ယနေ့ ဩဂုတ် ၃ရက်တွင် တိုက်ပွဲ ၄ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ ၁၁ဦးသေဆုံးကာ ၂၀ဦးထက်မနည်း ဒဏ်ရာရရှိခဲ့သည်ဟု ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDF)ကယနေ့ညပိုင်းတွင် သတင်းထုတ်ပြန်သည်။

ထိုးစစ်ဆင်လာသည့် အကြမ်းဖက်စစ်ကောင်စီတပ် နှင့် ယာဉ်တန်းကို ဘောလခဲမြို့နယ်နှင့် ဖရူဆိုမြို့နယ်များ၌ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)နှင့် KNDF တို့မှ တိုက်ခိုက်ခဲ့ကြောင်း၊ စစ်ကောင်စီတပ်၏ ကား သုံးစီးမီးလောင်ပျက်စီးခဲ့ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့တွင်လည်း အကြမ်း ဖက်စစ်ကောင်စီတပ်များ တပ်စွဲရာ မြို့တော်ခန်းမအတွင်း ဗုံးပေါက်ခွဲခဲ့ရာ စစ်ကောင်စီ လက်ပါးစေ ရဲနှစ်ဦးသေဆုံးခဲ့ကြောင်း KNDFက ဆိုသည်။

အကြမ်းဖက်စစ်ကောင်စီတပ်များသည် လွိုင်ကော်မြို့နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဖရူဆိုမြို့နယ်၊ ဘောလခဲမြို့နယ်၊ ဖားဆောင်းမြို့နယ်တို့တွင် ထိုးစစ်ဆင်လျက်ရှိကာ တပ်အင်အားများ ဖြည့်တင်းလျက်ရှိကြောင်း၊ ဒေသအချို့တွင် ပြည်သူများကို အကြမ်းဖက် ရိုက်နှက်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ ပစ္စည်းများဖျက်ဆီးခြင်းနှင့် ငွေသားများ လုယူခြင်း စသည့် ရာဇဝတ်မှုများကို ကျူးလွန်လျက်ရှိကြောင်း KNDFက ဆိုသည်။

Public Service Announcement

Public Service Announcement

KNDF/KNPP(KA) တို့အနေဖြင့် ဒေသတွင်းသို့ ထိုးစစ်ဆင်လာသည့် အကြမ်းဖက်စစ်ကောင်စီတပ်များကို ဆက်လက်ရင်ဆိုင် တိုက်ခိုက်သွားမည်ဖြစ်ပြီး ပြည်သူများအနေဖြင့် လုံခြုံရေး သတိရှိကြရန် KNDFက အသိပေးထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲ ဖျက်ဆီးနေကြောင်း ဒေသခံ သတင်းရင်းမြစ်က အသိပေးပါတယ်။