စစ်အာဏာရှင်ဆန့်ကျင်ရေးအတွက် မုံရွာမြို့ရှိ လူငယ်များက မိုးထဲရေထဲတွင် ပြောက်ကြားသပိတ်ဆင်နွှဲခဲ့ကြသည်။
‘ယနေ့ မုံရွာမြို့မှာ အကြမ်းဖက် စစ်ကောင်စီ၏ အဖွဲ့ဝင်များ အရပ်ဝတ်များဖြင့် မြို့အနှံ့ခြေရှုပ်နေသော် လည်း မုံရွာသားများဟာ လိမ်မာပါးနပ်စွာနဲ့ ပျောက်ကြားသပ်ိတ်ကို အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ကြပါတယ်’ဟု ပြည်သူ့မီဒီယာကွန်ယက်-မုံရွာက ထုတ်ပြန် သည်။
စစ်ခေါင်းဆောင်များက ၎င်းတို့၏ ကိုယ်ကျိုးစီးပွားအတွက်ဖေဖော်ဝါရီ ၁ရက်တွင် နိုင်ငံတော်အာဏာကို မတရားသဖြင့် အတင်းအဓမ္မသိမ်းယူထားသည်မှာ ၁၈၅ ရက်ရှိပြီဖြစ်သည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များက တိုက်ပွဲသုံးလက်နက်များကိုအသုံးပြု၍ ဆန္ဒပြပြည်သူများကို ပစ်ခတ်သတ်ဖြတ်နေသော်လည်းပြည်သူများက စစ်အာဏာ ရှင်စနစ်အလိုမရှိကြောင်းငြိမ်းချမ်းသောနည်းလမ်းမျိုးစုံဖြင့် လမ်းပေါ်ထွက်၍ နိုင်ငံတစ်ဝန်း ဆန္ဒထုတ် ဖော်နေကြသည်မှာလည်း ၁၈၂ ရက်ရှိပြီဖြစ်သည်။