စစ်အာဏာသိမ်းမှုဆန်ကျင်သောမုံရွာမြို့မှကဗျာဆရာနှင့် ပရဟိတလုပ်ကိုင်သောဦးစိန်ဝင်းအား ဓါတ်ဆီလောင်း မီးရှိုသတ်ဖြတ်ခဲ့သူအား တော်လှန်ရေးအဖွဲ့ဖြစ်သော သံမဏီအဖွဲ့နှင့်မဟာမိတ်အဖွဲ့တို့က ပူးပေါင်း၍ ယနေ့သုတ်သင်သတ်ဖြတ်လိုက်ကြောင်း သံမဏိအဖွဲ့ကထုန်ပြန်သည်။
စစ်ကောင်စီဘက်မှ လူသတ်သမားအားသုတ်သင်ရှင်း လင်းစဥ် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦး ဒဏ်ရာရရှိခဲ့သော်လည်း စိုးရိမ်စရာမရှိကြောင်း ထုတ်ပြန်ထားသည်။
ကဗျာဆရာဦးစိန်ဝင်းမှာ မုံရွာစက်မှုဇုန်တွင် နွေဦးတော်လှန်ရေးအတွက် အလှူငွေလိုက်လံကောက်ခံစဥ် ပွဲရုံတစ်ခု၌ထိုင်နေစဥ် စစ်ကောင်စီ ဒလန်တစ်ဦးက ဓါတ်ဆီနှင့်လောင်းမီးရှိုသတ်ဖြတ်ခံခဲ့ရခြင်းဖြစ်သည်။