Connect with us

Hi, what are you looking for?

News

ကပ်ရောဂါကို ဇီဝလက်နက်သဖွယ်အသုံးပြုနေတဲ့ စစ်အုပ်စုလုပ်ရပ်လူမဆန်ဟု အခြေခံပညာသပိတ်ကော်မတီ ထုတ်ပြန်

မတရားဖမ်းဆီခံထားရသူတွေကို ချွင်းချက်မရှိပြန်လွှတ်ပေးဖို့ ကပ်ရောဂါကို ဇီဝလက်နက်သဖွယ်အသုံးပြုပြီး မတရားဖမ်းဆီးခံထားရသူတွေအပေါ် စစ်အုပ်စုရဲ့ လုပ်ရပ်တွေ ချက်ချင်းရပ်တန့်ဖို့ BEGSC က တောင်းဆိုထားပါတယ်။

ကိုဗစ်ကပ်ရောဂါကို ဇီဝလက်နက်သဖွယ်အသုံးပြုနေတဲ့ စစ်အုပ်စုရဲ့လုပ်ရပ်ဟာ လူမဆန်တဲ့လုပ်ရပ်ဖြစ်တယ်လို့ အခြေခံပညာ ပညာရေးဝန်ထမ်းများအထွေထွေသပိတ်ကော်မတီ(BEGSC)က ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။

ယမန်နေ့ညပိုင်း မန္တလေးမြို့ အိုးဘိုအကျဉ်းထောင်မှာ ၃၃ နှစ်မြောက် ရှစ်လေးလုံးနေ့အထိန်းအမှတ်အဖြစ် အကျဉ်းထောင်တွင်း စစ်အာဏာရှင်ဆန့်ကျင်ရေး ကြွေး ကြော်ဆန္ဒပြမှုနဲ့ပတ်သက်လို့ BEGSC ရဲ့သဘောထားကိုထုတ်ပြန်ရာမှာ အထက်ပါအတိုင်း ထည့်သွင်းထားတာပါ။

“အကျဉ်းထောင်အတွင်း ကပ်ရောဂါကာကွယ်ရေး စနစ်ကျမှုမရှိခြင်း ဆေးကုသခွင့် ပိတ်ပင်တားဆီးခြင်း စသည့်လုပ်ရပ်များသည် ကပ်ရောဂါကို ဇီဝလက်နက်သဖွယ်အသုံးချ၍ နိုင်ငံရေးအကျဉ်းသားများကို ဖိနှိပ်ရန်ကြိုးပမ်းသည့် စစ်အုပ်စု၏ လူမဆန်သည့်လုပ်ရပ်ပင်ဖြစ်သည်”လို့ BEGSC က ဖော်ပြပါတယ်။

Public Service Announcement

အဲဒီအခြေအနေတွေကြောင့် မတရားဖမ်းဆီခံထားရသူတွေကို ချွင်းချက်မရှိပြန်လွှတ်ပေးဖို့ ကပ်ရောဂါကို ဇီဝလက်နက်သဖွယ်အသုံးပြုပြီး မတရားဖမ်းဆီးခံထားရသူတွေအပေါ် စစ်အုပ်စုရဲ့ လုပ်ရပ်တွေ ချက်ချင်းရပ်တန့်ဖို့ BEGSC က တောင်းဆိုထားပါတယ်။

Public Service Announcement

Public Service Announcement

ယမန်နေ့(သြဂုတ် ၈)ည ၉ နာရီခန့်က အိုးဘိုထောင်အတွင်း ရှစ်လေးလုံးနေ့အထိန်းအမှတ် အာဏာရှင်စနစ်အမြစ်ဖြတ်ရေးဆန့်ကျင်ဆန္ဒဖော်ထုတ်တာနဲ့ပတ်သက်လို့ ထောင်အာဏာပိုင်တွေက သေနတ်ပစ်ဖောက်သတိပေးခဲ့သလို စစ်ကားတချို့လည်း အကျဉ်းထောင်ထဲဝင်ရောက်ခဲ့ကြာင်း စုံစမ်းသိရှိရတယ်လို့ အခြေခံ ပညာ ပညာရေးဝန်ထမ်းများ အထွေထွေသပိတ်ကော်မတီ(BEGSC)က ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးကတည်းက အာဆီယံထိပ်သီးညီလာခံတက်ရောက်ခွင့် ပိတ်ပင်ခံထားရတဲ့ မြန်မာ့အရေးနဲ့ပတ်သက်လို့ လာမယ့်နိုဝင်ဘာမှာ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေရဲ့ ဆွေးနွေးမှုတွေကို မျှော်လင့်ထားတယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆက်က ရိုက်တာသတင်းဌာနကို ပြောပါတယ်။

သတင်း

ဧရာဝတီတိုင်းအတွင်း ရေဘေးသင့်ဒေသတွေမှာပျက်စီးသွားတဲ့စပါးခင်းတွေအတွက် စစ်​ကောင်စီကပြန်လည်ထောက်ပံ့တဲ့ မျိုးစပါးတွေ အရည်အသွေးညံ့ပြီး ပျိုးမ‌အောင်တဲ့အတွက်​ရေ​ဘေးသင့်​တောင်သူ​တွေ ဆုံးရှုံးမှုတွေထပ်မံကြုံတွေ့ရတယ်လို့ဒေသခံတောင်သူလယ်သမားတွေကပြောပါတယ်။

သတင်း

စစ်အုပ်စုဖွင့်ထားတဲ့ CI စခန်းလာလုပ်သူမရှိဟုဆို

သတင်း

အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်အုပ်စုဟာ တနိုင်ငံလုံးအပစ်ရပ်စာချုပ်ကို သုံးပြီး တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းတွေကို သွေးခွဲဖို့ ကြိုးပမ်းနေတာဖြစ်ကြောင်း မွန်ပြည်သစ်ပါတီ-စစ်အာဏာရှင်တိုက်ဖျက်ရေး(NMSP-AD) ရဲ့ မဟာမိတ်ဆက်ဆံရေးတာဝန်ခံ နိုင်ဗညားမွန်က ပြောကြားပါတယ်။