Connect with us

Hi, what are you looking for?

News

ကပ်ရောဂါကို ဇီဝလက်နက်သဖွယ်အသုံးပြုနေတဲ့ စစ်အုပ်စုလုပ်ရပ်လူမဆန်ဟု အခြေခံပညာသပိတ်ကော်မတီ ထုတ်ပြန်

မတရားဖမ်းဆီခံထားရသူတွေကို ချွင်းချက်မရှိပြန်လွှတ်ပေးဖို့ ကပ်ရောဂါကို ဇီဝလက်နက်သဖွယ်အသုံးပြုပြီး မတရားဖမ်းဆီးခံထားရသူတွေအပေါ် စစ်အုပ်စုရဲ့ လုပ်ရပ်တွေ ချက်ချင်းရပ်တန့်ဖို့ BEGSC က တောင်းဆိုထားပါတယ်။

ကိုဗစ်ကပ်ရောဂါကို ဇီဝလက်နက်သဖွယ်အသုံးပြုနေတဲ့ စစ်အုပ်စုရဲ့လုပ်ရပ်ဟာ လူမဆန်တဲ့လုပ်ရပ်ဖြစ်တယ်လို့ အခြေခံပညာ ပညာရေးဝန်ထမ်းများအထွေထွေသပိတ်ကော်မတီ(BEGSC)က ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။

ယမန်နေ့ညပိုင်း မန္တလေးမြို့ အိုးဘိုအကျဉ်းထောင်မှာ ၃၃ နှစ်မြောက် ရှစ်လေးလုံးနေ့အထိန်းအမှတ်အဖြစ် အကျဉ်းထောင်တွင်း စစ်အာဏာရှင်ဆန့်ကျင်ရေး ကြွေး ကြော်ဆန္ဒပြမှုနဲ့ပတ်သက်လို့ BEGSC ရဲ့သဘောထားကိုထုတ်ပြန်ရာမှာ အထက်ပါအတိုင်း ထည့်သွင်းထားတာပါ။

“အကျဉ်းထောင်အတွင်း ကပ်ရောဂါကာကွယ်ရေး စနစ်ကျမှုမရှိခြင်း ဆေးကုသခွင့် ပိတ်ပင်တားဆီးခြင်း စသည့်လုပ်ရပ်များသည် ကပ်ရောဂါကို ဇီဝလက်နက်သဖွယ်အသုံးချ၍ နိုင်ငံရေးအကျဉ်းသားများကို ဖိနှိပ်ရန်ကြိုးပမ်းသည့် စစ်အုပ်စု၏ လူမဆန်သည့်လုပ်ရပ်ပင်ဖြစ်သည်”လို့ BEGSC က ဖော်ပြပါတယ်။

Public Service Announcement

အဲဒီအခြေအနေတွေကြောင့် မတရားဖမ်းဆီခံထားရသူတွေကို ချွင်းချက်မရှိပြန်လွှတ်ပေးဖို့ ကပ်ရောဂါကို ဇီဝလက်နက်သဖွယ်အသုံးပြုပြီး မတရားဖမ်းဆီးခံထားရသူတွေအပေါ် စစ်အုပ်စုရဲ့ လုပ်ရပ်တွေ ချက်ချင်းရပ်တန့်ဖို့ BEGSC က တောင်းဆိုထားပါတယ်။

Public Service Announcement

Public Service Announcement

ယမန်နေ့(သြဂုတ် ၈)ည ၉ နာရီခန့်က အိုးဘိုထောင်အတွင်း ရှစ်လေးလုံးနေ့အထိန်းအမှတ် အာဏာရှင်စနစ်အမြစ်ဖြတ်ရေးဆန့်ကျင်ဆန္ဒဖော်ထုတ်တာနဲ့ပတ်သက်လို့ ထောင်အာဏာပိုင်တွေက သေနတ်ပစ်ဖောက်သတိပေးခဲ့သလို စစ်ကားတချို့လည်း အကျဉ်းထောင်ထဲဝင်ရောက်ခဲ့ကြာင်း စုံစမ်းသိရှိရတယ်လို့ အခြေခံ ပညာ ပညာရေးဝန်ထမ်းများ အထွေထွေသပိတ်ကော်မတီ(BEGSC)က ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊မြင်းမူမြို့နယ်၊ဂုံညင်းဆိပ်တိုက်နယ်ပကဖတာဝန်ခံ မြတ်စိုးနဲ့ဇနီးဖြစ်သူတို့ စစ်အုပ်စုနဲ့ ပူးပေါင်းသွားပြီးနောက် တော်လှန်ရေးတပ်တွေရဲ့အခွန်ဂိတ်တွေကို စစ်တပ်က‌ လေကြောင်းကဗုံးကြဲတာ​ကြောင့် ကျေးရွာ၇ရွာခန့်ကပြည်သူတွေ ရှောင် တိမ်း နေကြရတယ်လို့ဒေသခံ တွေကပြောပါတယ်။

သတင်း

ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီးဦးကျော်မိုးထွန်းနဲ့ပတ်သက်လို့ အာဏာသိမ်းစစ်တပ်လက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ကို ကြည့်ရင် စစ်အုပ်စုအနေနဲ့ ကြံရာမရ(Desparation)ဘယ်လောက်ဖြစ်နေသလဲဆိုတာပြသနေတယ်လို့သံအမတ်ကြီးဦကျော်မိုးထွန်းက လူထုနွေဦးကို ပြောပါတယ်။

သတင်း

မြန်မာ့အရေးဆုံးဖြတ်မယ့်အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ ILO ရဲ့အစည်းအဝေးကို အာဆီယံနိုင်ငံတွေရဲ့ပံ့ပိုးမှုနဲ့ တက်ရောက်ခွင့်ရဖို့ အာဏာသိမ်းစစ်တပ်က ကြိုးပမ်းနေတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂ အဖွဲ့ချုပ် CTUM ဗဟိုအလုပ်အမှုဆောင်ဒေါ်ခိုင်ဇာအောင်ကပြောပါတယ်။

သတင်း

ကျိုးကျသွားတဲ့ လေးမျက်နှာမြို့နယ်က ငဝန်မြစ်ရေကာတာကို ပိတ်နိုင်ပြီလို့ စစ်အုပ်စုကကြေညာပြီး တစ်ရက်အကြာ စက်တင်ဘာလ ၉ရက်နေ့ညမှာပဲ ပိတ်ထားတဲ့နေရာကနေပြန်ပွင့်သွားတယ်လို့ ဒေသခံတွေကပြောပါတယ်။