Connect with us

Hi, what are you looking for?

News

ဂန္တဝင် ကဗျာ ဆရာကြီး အောင်ချိမ့် ကွယ်လွန်

ဆရာအောင်ချိမ့် ဟာ ၁၉၄၈ ခုနှစ်မှာမွေးဖွားခဲ့သူဖြစ်ပြီး ကွယ်လွန်ချိန်မှာ အသက် ၇၃ နှစ်ရှိပါပြီ။ ဆရာဟာ မြန်မာနိုင်ငံရဲ့ အကြီးကျယ်ဆုံး သက်ရှိ ထင်ရှားကဗျာ ဆရာအဖြစ် ဂုဏ်ပြု အသိအမှတ်ပြုခံရသူတစ်ဦးလည်းဖြစ်ပါတယ်။

ဓာတ်ပုံ - Dana Lixenberg

နာမည်ကျော် ဂန္တဝင်ကဗျာဆရာကြီး အောင်ချိမ့်ဟာ ဒီနေ့ သြဂုတ်လ ၉ ရက် ည ပိုင်း ၈ နာရီ ခန့်မှာ ကွယ်လွန်သွားပါတယ်။

ဆရာအောင်ချိမ့် ဟာ ၁၉၄၈ ခုနှစ်မှာမွေးဖွားခဲ့သူဖြစ်ပြီး ကွယ်လွန်ချိန်မှာ အသက် ၇၃ နှစ်ရှိပါပြီ။

ဆရာဟာ မြန်မာနိုင်ငံရဲ့ အကြီးကျယ်ဆုံး သက်ရှိ ထင်ရှားကဗျာ ဆရာအဖြစ် ဂုဏ်ပြု အသိအမှတ်ပြုခံရသူတစ်ဦးလည်းဖြစ်ပါတယ်။

ဒါအပြင် ရှေးဆန်တဲ့ ကာရန်ပါ အရေးအဖွဲ့တွေ ဆီကနေ ပိုမိုလွတ်လပ်တဲ့ ခေတ်ပေါ် မြန်မာကဗျာ အရွေ့ကို တပ်ဦးကနေ ပါဝင်ခဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဓာတ်ပုံ – Dana Lixenberg

ခေတ်ပေါ်ကဗျာရေစီးကို ဦးဆောင်ခဲ့သူတွေထဲက တစ်ဦးဖြစ်သလို အောင်ချိမ့် မောင်ချောနွယ် ဖော်ဝေး စတဲ့ကဗျာဆရာသုံးဦး ပါဝင်ရေးသားထားတဲ့ သစ်ရွက်အသေများပေါ်က ရက်စက်တဲ့ဂီတ ကဗျာစာအုပ်ဟာ လူသိများပြီး ထင်ရှားပါတယ်။

ဒါ့အပြင် စစ်အစိုးရလက်ထက် နေအိမ်အကျယ်ချုပ်ကျနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ရည်ညွှန်းရေးဖွဲ့ခဲ့တဲ့ ခင်ခင်ပျိုရေ ငါစောင့်ခဲ့တယ်ကဗျာဟာ လူငယ်တွေကြားရေးပမ်းစားခဲ့ပြီး ဂန္တဝင်မမ၊ အသည်းစွဲကဗျာဆရာ ခင်ပျို​ရေ​စောင့်ခဲ့တယ် စတဲ့ကဗျာတွေဟာလည်း ဆရာ့ရဲ့ ထင်ရှားတဲ့ လက်ရာတွေပဲ ဖြစ်ပါတယ်။

ဓာတ်ပုံ – Dana Lixenberg

ဆရာကွယ်လွန်သွားပြီဆိုတဲ့သတင်း ထွက်​ပေါ်လာပြီး​နောက် ​ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ဆရာရဲ့ ​လေးစားချစ်ခင်တဲ့ ပရိတ်သတ်​တွေက ဆရာ​အောင်ချမ့်ရဲ့ကဗျာ စာသား​တွေကိုတင်ပြီး ဝမ်းနည်း​ကြောင်း​ရေးသားထားတာ​တွေဟာ ယ​နေ့ည ​ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ပျံ့နှံ့​နေပါတယ် ။

“မြန်မာကဗျာလောက၏ ချစ်ခင်လေးစားရပါသော ကဗျာဆရာကြီး ဆရာအောင်ချိမ့်သည် ယနေ့ (၉. သြဂုတ် . ၂ဝ၂၁) ည ၈ နာရီ မိနစ် ၂ဝ တွင် ကွယ်လွန်သွားကြောင်း သိရှိရသည့်အတွက် ဗမာနိုင်ငံလုံးဆိုင်ရာ လူငယ်ကဗျာဆရာများ သမဂ္ဂ အနေဖြင့် ကျန်ရစ်သူမိသားစုနှင့် ထပ်တူ၊ ကဗျာလောကနှင့်ထပ်တူ ဝမ်းနည်း ကြေကွဲရပါကြောင်း ဝမ်းနည်းမှတ်တမ်း ရေးထိုးအပ်ပါသည်” ဟုဗမာနိုင်ငံလုံးဆိုင်ရာ လူငယ်ကဗျာဆရာများသမဂ္ဂကလည်း သတင်းထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

အတွေးအမြင်

ကျနော့်ကို မေ့နေကြပြီလားလို့ ကိုမင်းထင်(မင်းထင်ကိုကိုကြီး)ကမေးခွန်းထုတ်လိုက်တော့ ကျနော် လှိုက်ခနဲဖြစ်သွားရတယ်။

သတင်း

နိုင်ငံရေးအကျဉ်းသားဟောင်းကဗျာဆရာ ဒါရိုက်တာ မင်းထင်ကိုကိုကြီး ကွယ်လွန်သွားတယ်လို့ သူရဲ့တူ‌ တော်လှန်အနုပညာရှင် ဒါရိုက်တာကိုပေါက်က အသိပေးထားပါတယ်။

သတင်း

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးတာဝန်ထမ်းဆောင်ခဲ့သူ နိုင်ငံရေးအကျဉ်းသားဟောင်း ကိုမျိုးဇော်သိန်း (ခ)ကိုဘိုဘို (ခ)ကိုဘီလားဟာ ဧပြီ ၇ရက် ညနေပိုင်းက ကွယ်လွန်သွားခဲ့ပါတယ်။

သတင်း

​စစ်ကိုင်းတိုင်း၊ ကလေးအကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား ကိုဝင်းမြင့်စိုးဟာ ထောင်တွင်းကျန်းမာရေးစောင့်ရှောက်မှု လုံလောက်စွာမရရှိတာကြောင့်ကွယ်လွန်သွားခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က ထုတ်ပြန်ပါတယ်။