Connect with us

Hi, what are you looking for?

LuduNwayOo

News

မြန်မာပြည်သူတွေအတွက် ဒေါ်လာသန်း ၅၀ ကျော်ကူညီထောက်ပံ့မယ်လို့ အမေရိကန်ကြေညာ

အမေရိကန်ပြည်သူတွေ ပေးအပ်တဲ့ အဲဒီအကူအညီတွေဟာ မြန်မာနဲ့ ထိုင်းနိုင်ငံရှိ ထိခိုက်လွယ် ဆုံး ပြည်သူတွေကို ကူညီဖို့ လူသားချင်းစာနာမှုမိတ်ဖက်တွေကို ပေးအပ်တာဖြစ်ပြီး မြန်မာပြည် သူ ၇ သိန်းကျော်ကို အကျိုးပြုမယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ - U.S Embassy Bangkok

အမေရိကန်နိုင်ငံဟာ မြန်မာပြည်သူများအတွက် လူသားချင်းစာနာမှုအရေးပေါ်အကူအညီအဖြစ် ဒေါ်လာသန်း ၅၀ကျော် ပေးအပ်မယ်လို့ အမေရိကန်သံအမတ်ကြီး Linda Thomas-Greenfield ရဲ့ ထိုင်းနိုင်ငံခရီးစဉ်အတွင်း ဒီနေ့ကြေညာလိုက်ပါတယ်။

ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီးဟာ ထိုင်းနိုင်ငံသို့ တရားဝင်ခရီးစဉ်ရောက်ရှိနေပြီး မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုနဲ့ ညှင်းပန်းနှိပ်စက်မှုကနေ ထွက်ပြေးတိမ်းရှောင်နေသူတွေအပါအဝင် မြန်မာပြည်သူတွေအတွက် ဒေါ်လာသန်း ၅၀ကျော် ကူညီထောက်ပံ့မယ်လို့ ကြေညာခဲ့တာပါ။

ဓာတ်ပုံ – U.S Embassy Bangkok

အဲဒီအကူအညီကို နိုင်ငံတကာနဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေ၊ မိတ်ဖက်တွေကတစ်ဆင့် အရေးပေါ်အစားအစာ၊ အသက်ကယ်ဆယ်ရေးအကာအကွယ်၊ ယာယီတဲ၊ မရှိမဖြစ်ကျန်းမာရေး စောင့်ရှောက်မှု၊ ရေ၊ မိလ္လာနဲ့ ပတ်ဝန်းကျင်သန့်ရှင်းမှုတွေကို မြန်မာပြည်ကနေ ထွက်ပြေး တိမ်း ရှောင်သူတွေ၊ နိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာသူတွေအပါအဝင် မြန်မာပြည်သူတွေကို ပေးအပ်မှာ ဖြစ်ပါတယ်။

ဒါ့အပြင် သံအမတ်ကြီး Thomas-Greenfield က ထိုင်းနိုင်ငံရဲ့ ကိုဗစ်-၁၉ တိုက်ဖျက်ရေးအကူ အညီအဖြစ် ဒေါ်လာ ၅ သန်း ပေးအပ်မယ်လို့ ကြေညာခဲ့ပါတယ်။

ဓာတ်ပုံ – U.S Embassy Bangkok

အမေရိကန်ပြည်သူတွေ ပေးအပ်တဲ့ အဲဒီအကူအညီတွေဟာ မြန်မာနဲ့ ထိုင်းနိုင်ငံရှိ ထိခိုက်လွယ် ဆုံး ပြည်သူတွေကို ကူညီဖို့ လူသားချင်းစာနာမှုမိတ်ဖက်တွေကို ပေးအပ်တာဖြစ်ပြီး မြန်မာပြည် သူ ၇ သိန်းကျော်ကို အကျိုးပြုမယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ဓာတ်ပုံ – U.S Embassy Bangkok

အခြားသောအလှူရှင်တွေအနေနဲ့လည်း မြန်မာပြည်သူတွေလိုအပ်နေတဲ့ အရေးပေါ် လူသားချင်း စာနာမှုအကူအညီတွေကို ရက်ရောစွာပေးဖို့ အမေရိကန်က တိုက်တွန်းပါတယ်။