Connect with us

Hi, what are you looking for?

News

မြန်မာပြည်သူတွေအတွက် ဒေါ်လာသန်း ၅၀ ကျော်ကူညီထောက်ပံ့မယ်လို့ အမေရိကန်ကြေညာ

အမေရိကန်ပြည်သူတွေ ပေးအပ်တဲ့ အဲဒီအကူအညီတွေဟာ မြန်မာနဲ့ ထိုင်းနိုင်ငံရှိ ထိခိုက်လွယ် ဆုံး ပြည်သူတွေကို ကူညီဖို့ လူသားချင်းစာနာမှုမိတ်ဖက်တွေကို ပေးအပ်တာဖြစ်ပြီး မြန်မာပြည် သူ ၇ သိန်းကျော်ကို အကျိုးပြုမယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ - U.S Embassy Bangkok

အမေရိကန်နိုင်ငံဟာ မြန်မာပြည်သူများအတွက် လူသားချင်းစာနာမှုအရေးပေါ်အကူအညီအဖြစ် ဒေါ်လာသန်း ၅၀ကျော် ပေးအပ်မယ်လို့ အမေရိကန်သံအမတ်ကြီး Linda Thomas-Greenfield ရဲ့ ထိုင်းနိုင်ငံခရီးစဉ်အတွင်း ဒီနေ့ကြေညာလိုက်ပါတယ်။

ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီးဟာ ထိုင်းနိုင်ငံသို့ တရားဝင်ခရီးစဉ်ရောက်ရှိနေပြီး မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုနဲ့ ညှင်းပန်းနှိပ်စက်မှုကနေ ထွက်ပြေးတိမ်းရှောင်နေသူတွေအပါအဝင် မြန်မာပြည်သူတွေအတွက် ဒေါ်လာသန်း ၅၀ကျော် ကူညီထောက်ပံ့မယ်လို့ ကြေညာခဲ့တာပါ။

ဓာတ်ပုံ – U.S Embassy Bangkok

အဲဒီအကူအညီကို နိုင်ငံတကာနဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေ၊ မိတ်ဖက်တွေကတစ်ဆင့် အရေးပေါ်အစားအစာ၊ အသက်ကယ်ဆယ်ရေးအကာအကွယ်၊ ယာယီတဲ၊ မရှိမဖြစ်ကျန်းမာရေး စောင့်ရှောက်မှု၊ ရေ၊ မိလ္လာနဲ့ ပတ်ဝန်းကျင်သန့်ရှင်းမှုတွေကို မြန်မာပြည်ကနေ ထွက်ပြေး တိမ်း ရှောင်သူတွေ၊ နိုင်ငံတစ်ဝန်း နေရပ်စွန့်ခွာသူတွေအပါအဝင် မြန်မာပြည်သူတွေကို ပေးအပ်မှာ ဖြစ်ပါတယ်။

ဒါ့အပြင် သံအမတ်ကြီး Thomas-Greenfield က ထိုင်းနိုင်ငံရဲ့ ကိုဗစ်-၁၉ တိုက်ဖျက်ရေးအကူ အညီအဖြစ် ဒေါ်လာ ၅ သန်း ပေးအပ်မယ်လို့ ကြေညာခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဓာတ်ပုံ – U.S Embassy Bangkok

အမေရိကန်ပြည်သူတွေ ပေးအပ်တဲ့ အဲဒီအကူအညီတွေဟာ မြန်မာနဲ့ ထိုင်းနိုင်ငံရှိ ထိခိုက်လွယ် ဆုံး ပြည်သူတွေကို ကူညီဖို့ လူသားချင်းစာနာမှုမိတ်ဖက်တွေကို ပေးအပ်တာဖြစ်ပြီး မြန်မာပြည် သူ ၇ သိန်းကျော်ကို အကျိုးပြုမယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ – U.S Embassy Bangkok

အခြားသောအလှူရှင်တွေအနေနဲ့လည်း မြန်မာပြည်သူတွေလိုအပ်နေတဲ့ အရေးပေါ် လူသားချင်း စာနာမှုအကူအညီတွေကို ရက်ရောစွာပေးဖို့ အမေရိကန်က တိုက်တွန်းပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ပါရှန်း ပင်လယ်ကွေ့မှာ အီရန်ရေယာဉ်တွေကို တားဆီးဖို့ ဖြန့်ကျက်ထားတဲ့ အမေရိကန် ရေတပ် ပိတ်ဆို့မှုကို ရုပ်သိမ်းလိုက်ပြီလို့ အမေရိကန် စစ်တပ်က အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။

သုံးသပ်ဆောင်းပါး

-ခါကာဘို ရေးသားသည်။ ကမ္ဘာ့ဘဏ်(World Bank)ရဲ့ ဇွန်၁၆ရက် အစီရင်ခံစာအရ မြန်မာနိုင်ငံမှာ ငွေကြေးဖောင်းပွမှုက၂၀၂၆ ခုနှစ်အတွင်း၂၅ရာခိုင်နှုန်းနီးပါး အထိ မြင့်တက်လာနေကြောင်း ဖော်ပြထားပါတယ်။ အမေရိကန်-အီရန် စွမ်းအင် တင်းမာမှုကြောင့် ဖြစ်ပေါ်လာတဲ့ အရှေ့အလယ်ပိုင်း အကျပ်အတည်း၊ ပြည်တွင်းစစ်နှင့် စစ်အာဏာရှင်အောက်က နိုင်ငံရေး–စီးပွားရေး မတည်ငြိမ်မှုတွေရဲ့ ပေါင်းစပ် သက်ရောက်မှုတွေက...

နိုင်ငံတကာ

အမေရိကန်မှာ လမ်းပေါ် ပျက်ကျလာတဲ့ လေယာဉ်ထဲက ခရီးသည်တွေကို လမ်းသွားလမ်းလာတွေက ကြိုးကြိုးစားစား ကယ်ထုတ်ပေးခဲ့ကြပါတယ်။

နိုင်ငံတကာ

မြောက်ကိုရီးယား နိုင်ငံနဲ့ တင်းမာမှုတွေကို လျှော့ချဖို့အတွက် ဦးဆောင် ညှိနှိုင်းပေးဖို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကို တောင်ကိုရီးယား သမ္မတက တောင်းဆိုခဲ့ပါတယ်။